“မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသည့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၂၀
၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်  (ဈ)ရပ်ကွက်   မေဓာဝီလမ်းရှိ    “မြတ်မောင်”    စိန်ရွှေရတနာဆိုင်သို့   အကြမ်းဖက်သမားသုံးဦးမှ  ရောက်ရှိလာပြီး ရွှေဆိုင်ကောင်တာအတွင်း ရှိ   ရွှေထည်ပစ္စည်းမျိုးစုံအား    သေနတ်ပြခြိမ်းခြောက်ဓားပြတိုက် လုယက်ခဲ့သည့်  တရားခံများနှင့် ဆက်စပ်တရားခံ ကျား ရှစ်ဦး၊  မ တစ်ဦး ပေါင်း ကိုးဦးတို့အား  လက်နက်/ခဲယမ်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့်  ရွှေထည်ပစ္စည်းများ အား  ဖြစ်စဉ်ဖြစ်ပွားပြီး  ငါးနာရီအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့သည့် သတင်းအား ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဓားပြတိုက်လုယက်မှုဖြစ်စဉ်မှ တရားခံများအား  စစ်ဆေး ဖော်ထုတ်ချက်အရ တရားခံ ဖြိုးကိုကို သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် KNLA တပ်မဟာ (၆) နယ်မြေ၌  အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း အားလည်းကောင်း၊ ကိုကိုအောင်၊  ကောင်းမြတ်၊   ကျော်ဇင်ဝေ  နှင့် ကောင်းထက်စံ တို့ လေးဦးသည်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်    တွံတေး မြို့နယ် ဂယက်လက်မီးကျေးရွာတွင်    တွံတေး မြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့မှ     ဖွင့်လှစ်သည့်    အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း အားလည်းကောင်း     အသီးသီး      တက်ရောက်ခဲ့ကြောင်းနှင့်     တွံတေးမြို့ပြ      ပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်ရန်၊    အပြစ်မဲ့ပြည်သူများအား      လုပ်ကြံ သတ်ဖြတ်ရန်အတွက်   ၂၀၂၂   ခုနှစ်  ဇန်နဝါရီလတွင်  ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင် တို့မှ    ခေါင်းဆောင်၍   ကိုကိုအောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊  ကောင်းထက်စံ   အပါ အဝင်   ၂၅   ဦးဖြင့်    ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓားပြတိုက်လုယက်မှုများ   ပြုလုပ်ရန် အတွက် M4A1 သေနတ်  နှစ်လက်၊ M-16 သေနတ် တစ်လက်၊ Sig Sauer ပစ္စတို  နှစ်လက်၊ ကျည်အိမ်မျိုးစုံ ရှစ်ခု၊ လက်ပစ် ဗုံး   နှစ်လုံး၊ ၅ ဒသမ  ၅၆ ကျည်အတောင့် ၃၄၀၊ ၉ မမ Luger ကျည်အတောင့်  ၃၀၀ တို့အား    ဖမ်းဆီးရန်ကျန်     တရားခံ   ဆံရှည်(ခ)ကိုထက် ၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကို မှ တွံတေးမြို့နယ် ညောင်တံခါး ကျေးရွာအနီးတွင်     ဖမ်းဆီးရန်ကျန် တရားခံ   ချမ်းမြေ့အောင်  ထံမှ    နှစ်ကြိမ်ခွဲ ၍     သွားရောက်ယူဆောင်ခဲ့ကြောင်း    ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆို ချက်အရ     ဖမ်းဆီးရန်ကျန်တရားခံ တွံတေးမြို့ပြပြောက်ကျား      အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဆံရှည် (ခ)ကိုထက်  နှင့်  ချမ်းမြေ့အောင် တို့၏ ခိုင်းစေမှုဖြင့် တွံတေးမြို့နယ်နှင့် ရန်ကုန် မြို့အတွင်း      အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှု  ၁၀  ကြိမ်၊   ဓားပြတိုက် လုယက်မှု    သုံးကြိမ်တို့     ဆောင်ရွက်ခဲ့ ကြောင်း-
á ၂၀၂၂ ခုနှစ်  မတ်လ ၃ ရက်တွင် ဖြိုးကိုကို သည် တွံတေးမြို့နယ် တလုတ်ထော်အောက်ကျင်းကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး နှင့်   ဇနီးဖြစ်သူတို့အား   ဒလန်ဟု စွပ်စွဲ၍    ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကို အောင် မှ အခြေအနေကြည့်ရှုပေးခဲ့ ကြောင်း။
á မတ်လ ၁၀ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်   တို့    နှစ်ဦးသည် တွံတေးမြို့နယ်    ရွှေဆံတော် ရပ်ကွက် ရာအိမ်မှူး ဦးကြည်လေး အား   ဒလန်ဟုစွပ်စွဲ၍    ပစ္စတို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကောင်းမြတ် မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á မတ်လ ၁၃ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်   တို့   နှစ်ဦးသည် တွံတေးမြို့နယ်   ကျိုက်ထော်-ကညင်ငူ ကားလမ်းတွင်  အပြစ်မဲ့ ပြည်သူ ဒေါ်ခင်မိုးသူအား ဒလန် ဟု    စွပ်စွဲ၍     ပစ္စတိုသေနတ် ဖြင့်  လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်  မှ   အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á ဩဂုတ်လ ၁ ရက်တွင် ဖြိုးကိုကို သည်တွံတေးမြို့နယ် ဘီခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ် ဖြင့်  လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင် နှင့် ကောင်းမြတ် တို့ နှစ်ဦးမှ     အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။
á ဩဂုတ်လ ၂၂ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်  နှင့်  ကိုကိုအောင် တို့  သုံးဦးသည်     တွံတေးမြို့နယ် မြကန်သာကျေးရွာ    လမ်းဆုံ၌ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေး မှူး ဦးခင်ညွန့် အပါ ခြောက်ဦးအား ဒလန်ဟုစွပ်စွဲ၍    ပစ္စတိုသေနတ် ဖြင့်     လုပ်ကြံသတ်ဖြတ်ရာတွင်    ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံ တို့ သုံးဦးမှ အခြေ အနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    အောက်တိုဘာလ ၈ ရက်တွင် ဖြိုးကိုကိုနှင့်    ကောင်းမြတ်တို့  နှစ်ဦးသည်      တွံတေးမြို့နယ် မယ်ပြေကျေးရွာနေ   အပြစ်မဲ့ ပြည်သူ    ဦးထွန်းထွန်းနှင့်   ဇနီး ဖြစ်သူတို့အား   ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့်      လုပ်ကြံ သတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေ     ကြည့်ရှုပေးခဲ့ ကြောင်း။
á နိုဝင်ဘာလ ၅ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင် နှင့် ကောင်းမြတ် တို့ သုံးဦးသည်    တွံတေးမြို့နယ် သမ္ဗာန်ဆိပ်ကျေးရွာတွင် အပြစ်မဲ့ ပြည်သူ ဦးသိန်းဇော် အပါ   ငါးဦး အား  ဒလန်ဟုစွပ်စွဲ၍   ပစ္စတို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံ တို့ သုံးဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
áနိုဝင်ဘာလ ၆ ရက်တွင် ဖြိုးကိုကို နှင့် ကိုကိုအောင် တို့ နှစ်ဦးသည် တွံတေးမြို့နယ် လာကပုံကျေးရွာ တွင် အပြစ်မဲ့ပြည်သူ ဦးတိုးမင်း ထိုက်နှင့် ဇနီးဖြစ်သူတို့အား ဒလန် ဟုစွပ်စွဲ၍        ပစ္စတိုသေနတ် ဖြင့်   လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်   မှ   အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    ၂၀၂၃ ခုနှစ်   ဖေဖော်ဝါရီလ  ၇ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင် နှင့် ကောင်းမြတ် တို့ သုံးဦးသည် တွံတေးမြို့နယ်      ကပင်ကြီး ကျေးရွာရှိ     အပြစ်မဲ့ပြည်သူ မစန်းပပအောင်၏  နေအိမ်အား ဓားပြတိုက်လုယက်၍ သတ်ဖြတ် မှု ကျူးလွန်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံ တို့ သုံးဦးမှ အခြေအနေ ကြည့်ရှု ပေးခဲ့ကြောင်း။
á    မတ်လ ၄ ရက်တွင်  ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ သုံးဦးသည်    တွံတေးမြို့နယ် ပေါက်ကုန်းကျေးရွာ အုပ်ချုပ်ရေး မှူး   ဦးစိုးလွင်နှင့်   ရာအိမ်မှူး ဦးသန်းလွင်တို့ နှစ်ဦးအား ပစ္စတို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကောင်းထက်စံမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    ဧပြီလ ၁၀ ရက်တွင်  ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ သုံးဦးသည်    တွံတေးမြို့နယ် မယ်ပြေကျေးရွာရှိ ဦးထွန်းထွန်း ဦး၏   နေအိမ်အား   သေနတ်ပြ ခြိမ်းခြောက်၍     ဓားပြတိုက် လုယက်ရာတွင်   ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံ တို့ သုံးဦးမှ အခြေအနေ ကြည့်ရှု ပေးခဲ့ကြောင်း။
á    ဇွန်လ ၁၈ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ သုံးဦးသည်   မြောက်ဥက္ကလာပ မြို့နယ်   (ဈ)  ရပ်ကွက်   မေဓာဝီ လမ်းရှိ   “မြတ်မောင်”   စိန်ရွှေ ရတနာဆိုင်အား    သေနတ်ပြ ခြိမ်းခြောက်၍     ဓားပြတိုက် လုယက်ရာတွင် ကောင်းထက်စံ၊ ကျော်ဇင်လတ်နှင့် ကျော်ဇင်ဝေတို့ သုံးဦးမှ   အခြေအနေ    ကြည့်ရှု ပေးခဲ့ကြောင်း။
အထက်ပါ  ဖမ်းဆီးရမိတရားခံများ အား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ် များအား   ဥပဒေအတိုင်း   ထိရောက်စွာ အရေးယူ     ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား       ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်  တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား   အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊  လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက     သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ   သတင်းပေးတိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေး သူများအား  ထိုက်တန်စွာ   လျှို့ဝှက်၍ ဆုငွေများ   ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့်   မြို့ရွာများ    အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်   ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း သတင်း ထုတ်ပြန်ထားသည်။               
သတင်းစဉ်