
နေပြည်တော် ဇွန် ၂၄
၂၀၂၃ ခုနှစ် ဇွန် ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် မေဓာဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမားသုံးဦး ရောက်ရှိလာပြီး ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံအား သေနတ်ပြခြိမ်းခြောက် ဓားပြတိုက် လုယက်ခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ကျား ရှစ်ဦး၊ မ တစ်ဦး၊ ပေါင်း ကိုးဦးတို့ကို လက်နက်/ ခဲယမ်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများ အား ဖြစ်စဉ်ဖြစ်ပွားပြီး ငါးနာရီအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့သည့် သတင်းအား ဇွန် ၁၉ ရက်တွင် လည်းကောင်း၊ ဖမ်းဆီးရမိတရားခံ များအား စစ်ဆေးဖော်ထုတ်ချက်အရ တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့သည် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ်၊ ဓားပြတိုက် လုယက်မှု သုံးကြိမ် ဥပဒေမဲ့ကျူးလွန်ခဲ့ကြောင်း ဇွန် ၂၀ ရက်တွင် လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၂၀ ရက်တွင် တွံတေးမြို့ပြ ပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့မှ အဖွဲ့ ဝင်များဖြစ်သည့် ဆက်ပိုင်မျိုး၊ ဇော်မျိုးခန့်နှင့် အကြမ်းဖက် အဖွဲ့ဝင်များကို လက်ခံထားရှိ သည့် ကျော်သူဟိန်း၊ ဥက္ကာကျော်၊ မျိုးညွန့်အောင် တို့အား မြောက် ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက် ဝေဘာဂီလမ်းတွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ
အလားတူ ဇွန် ၂၂ ရက်ညနေ ပိုင်းတွင် ဓားပြတိုက်လုယက်မှု တွင် ပါဝင်ခဲ့သည့် တွံတေးမြို့ပြ ပြောက်ကျားအမည်ခံ အကြမ်း ဖက်အဖွဲ့မှ တရားခံ ကျော်ဇင် ထိုက် (ခ)ကိုကြီးကျော်၊ ဝီလျံ ထိုက်(ခ)ဝီလျံ ၊ ခိုင်ခန့်ဇော်(ခ)ရှမ်း လေးနှင့် အကြမ်းဖက်အဖွဲ့ဝင် များအား လက်ခံထားရှိသည့် လှသိန်း(ခ)မူဆယ် တို့ကို Sig Sauer ပစ္စတို တစ်လက်၊ Kuzey ပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် လေးခု၊ ၉ မမကျည် ၄၇ တောင့် တို့နှင့်အတူ ဖျာပုံမြို့နယ် အပြောင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် တွံတေးမြို့ပြ ပြောက်ကျား အမည်ခံအကြမ်း ဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ဆံရှည် (ခ)ကိုထက် (ခ)ထက်နိုင်ဦး နှင့် ၎င်းအား လက်ခံထားရှိပြီး လက်နက်/ ခဲယမ်းများကို သိုဝှက် သိမ်းဆည်းပေးထားသည့် လှမျိုး ဇော်(ခ)ချစ်ထူး၊ မြင့်လွင်၊ သော ရေမူး(ခ) ဖိုးသောကြာ၊ လဲပွဲမူး ၊ လယ်မူးနှင့် ငြိမ်းချမ်း(ခ) ပသီ တို့ အား Sig Sauer ပစ္စတို တစ်လက်၊ Pietro Beretta ပစ္စတို တစ်လက်၊ Beretta ပစ္စတို တစ်လက်၊ ပစ္စတို ကျည်အိမ် သုံးခု၊ ၉ မမကျည် အတောင့် ၃၀၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ရှို့ပစ်ဗုံး နှစ် လုံးတို့နှင့်အတူ တွံတေးမြို့နယ် ရေကျော်စုကျေးရွာ၌ ဖမ်းဆီးရမိ ခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေ ပိုင်းတွင် တွံတေးမြို့ပြ ပြောက်ကျားအမည်ခံ အကြမ်း ဖက်အဖွဲ့ ဝင် လေးမောင်မောင်(ခ)ရွှေကွန်း အား တွံတေးမြို့နယ် ရေကျော်စု ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂၆ ဦး၊ မ နှစ်ဦး၊ ပေါင်း ၂၈ ဦးတို့ကို လက်နက်ငယ်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လက်ပစ် ဗုံးမျိုးစုံ ငါးလုံး၊ ကျည်မျိုးစုံ ၆၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ ကာ ဓားပြတိုက်လုယက်ယူဆောင် သွားသည့် ရွှေထည်ပစ္စည်းများ အား ပြန်လည်သိမ်းဆည်းရမိခဲ့ သည်။
သတင်းထုတ်ပြန်ခဲ့
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ တွံတေးမြို့ပြ ပြောက်ကျားအမည်ခံ အကြမ်း ဖက်အဖွဲ့ ခေါင်းဆောင်မှာ KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ အတွင်း ခိုအောင်းလျက်ရှိသည့် တရားခံပြေး ချမ်းမြေ့အောင် ဖြစ်ပြီး ၎င်း၏ ခိုင်းစေမှုဖြင့် တွံတေးမြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ် ဖြတ်မှု ၁၀ ကြိမ်၊ ဓားပြတိုက်မှု သုံးကြိမ် ကျူးလွန်ခဲ့ကြောင်း ဇွန် ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဖော်ထုတ်သိရှိ
ထပ်မံ ဖမ်းဆီးရမိခဲ့သည့် တရားခံ ဆံရှည်(ခ) ကိုထက် (ခ)ထက်နိုင်ဦး၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု တစ်ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်-
â ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် ကျော်ကျော်နှင့် အောင် ကြီး (ခ)အောင်မင်းဦးတို့ နှစ်ဦးသည် တွံတေးမြို့ နယ် ကျိုက်သလဲကျေးရွာ ၌ အပြစ်မဲ့ပြည်သူ ဦးမြင့်သန်းအား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာ တွင် ဖြိုးကိုကိုမှ အခြေအနေ ကြည့်ရှုပေး ခဲ့ကြောင်း။
â ဇန်နဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ များဖြစ်သည့် ကျော် ကျော်နှင့် အောင်ကြီး(ခ)အောင်မင်းဦးတို့ နှစ်ဦး သည် တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာ တွံတေး - မအူပင်သွား ကားလမ်းပေါ်၌ အပြစ်မဲ့ ပြည်သူ ဦးသန့်စင်အောင် အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် ဖြိုးကိုကိုမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
â ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ များဖြစ်သည့် ကျော် ကျော်နှင့် အောင်ကြီး(ခ) အောင်မင်းဦးတို့ နှစ်ဦး သည် တွံတေးမြို့နယ် မြဂိုးကျေးရွာရှိ ကြည်နူး ရိပ် စားသောက်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးစိုး ညီညီ (ခ)ဂိုးအား ဒလန် ဟုစွပ်စွဲ၍ ပစ္စတိုသေနတ် ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ဖြိုးကိုကိုမှ အခြေ အနေ ကြည့်ရှုပေးခဲ့ ကြောင်း။
â ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ် (ခ)Blank တို့ နှစ်ဦးသည် တွံတေးမြို့နယ် ကျွန်း တောရပ်ကွက် မိုးညှင်း လမ်းရှိ မိုးညှင်းဘုန်းကြီး ကျောင်းအနီး၌ အုပ်ချုပ် ရေးမှူး ဦးကျော်ကျော် ဦး (ခ) ဂျင်မီအား ပစ္စတို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် ကိုကို အောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း။
â မတ် ၂၆ ရက်တွင် ဖမ်းဆီး ရန် ကျန်တရားခံ ကျော် ကျော်မှ တွံတေးမြို့နယ် လာကပုံ ကျေးရွာနှင့် ရေကျော်စုကျေးရွာကြား ၌ အပြစ်မဲ့ပြည်သူ ဦးနိုင် လွင်အား ဒလန်ဟု စွပ်စွဲ ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် လေးမောင်မောင်(ခ)ရွှေ ကွန်းမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
â ဧပြီ ၂၇ ရက်တွင် ဆက်ပိုင် မျိုးနှင့် ဖမ်းဆီးရန် ကျန်တရားခံ အောင်ကြီး (ခ) အောင်မင်းဦး တို့ နှစ်ဦးမှ တွံတေးမြို့နယ် ကွမ်းခြံရပ်ကွက် ရိပ်သာ ဘုန်းကြီးကျောင်းရှေ့၌ အပြစ်မဲ့ပြည်သူ ဦးလှမိုး အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် လေးမောင်မောင်(ခ)ရွှေ ကွန်းမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
â ဧပြီ ၃၀ ရက်တွင် ဆက်ပိုင် မျိုး နှင့် ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီး (ခ)အောင်မင်းဦး တို့ နှစ်ဦးမှ တွံတေးမြို့နယ် မင်းပိုင်း ရပ်ကွက် မြဂိုးကျေးရွာ သွား ကားလမ်းပေါ်၌ အပြစ်မဲ့ပြည်သူ စော အယ်လ်မှူးကြီး အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် ဖြိုး ကိုကိုမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
â မေ ၃ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံ ကျော်ကျော် နှင့် အောင်ကြီး (ခ) အောင်မင်းဦးတို့ နှစ်ဦး သည် တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက် မင်းရဲ ကျော်စွာလမ်း၌ အပြစ်မဲ့ ပြည်သူ ဦးမြဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် လေး မောင်မောင်(ခ)ရွှေကွန်း မှ အခြေအနေ ကြည့်ရှု ပေးခဲ့ကြောင်း။
â ဇူလိုင် ၂၄ ရက်တွင် ကျော်ကျော်နှင့် အောင် ကြီး(ခ)အောင်မင်းဦးတို့ နှစ်ဦးသည် တွံတေးမြို့ နယ် ဈေးသစ်ရပ်ကွက် မရမ်းကုန်း (၃)လမ်း၌ အပြစ်မဲ့ ပြည်သူ ဒေါ်မိမိ ကျော်အား ဒလန်ဟုစွပ်စွဲ ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာ တွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေး ခဲ့ကြောင်း။
â အောက်တိုဘာ ၂၆ ရက် တွင် ဖြိုးကိုကို၊ ကောင်း မြတ်(ခ)Blank တို့ နှစ်ဦး သည် တွံတေးမြို့နယ် အိုးဘို အရှေ့ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ အပြစ်မဲ့ ပြည်သူ ဦးအုန်းမြင့်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတို သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်ရာတွင် ကိုကိုအောင် မှ အခြေအနေကြည့်ရှုပေး ခဲ့ကြောင်း။
â ၂၀၂၂ ခုနှစ် မတ် ၁၈ ရက် တွင် ဖြိုးကိုကိုနှင့် ဖမ်းဆီး ရန်ကျန်တရားခံ အောင် ကြီး(ခ) အောင်မင်းဦးတို့ နှစ်ဦးသည် တွံတေးမြို့ နယ် ကျုံလမုကျေးရွာရှိ Mytel ဆက်သွယ်ရေး တာဝါတိုင်အား လက်လုပ် မိုင်း တစ်လုံးဖြင့် ဖောက်ခွဲ ခဲ့ရာတွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့ ကြောင်း။
အကြမ်းဖက်လုပ်ဆောင်မှု
၂၄ ကြိမ်တို့ကို ကျူးလွန်
တွံတေးမြို့ပြ ပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့အနေ ဖြင့် တွံတေးမြို့နယ်နှင့် ရန်ကုန် မြို့အတွင်း လုပ်ကြံသတ်ဖြတ်မှု အကြိမ် ၂၀ ၊ ဓားပြတိုက်လုယက်မှု သုံးကြိမ်နှင့် အကြမ်းဖက်ဖောက် ခွဲမှု တစ်ကြိမ် စုစုပေါင်း အကြမ်း ဖက်လုပ်ဆောင်မှု ၂၄ ကြိမ်တို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိ ရှိရသည်။
လျှို့ဝှက်စွာသတင်းပေး
တိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ၎င်းတို့နှင့် ထိုက်တန် သည့် ပြစ်ဒဏ်များကို ဥပဒေ အတိုင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး တိုင် ကြားနိုင်ပါကြောင်း၊ သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း သတင်းထုတ်ပြန် ထားသည်။
သတင်းစဉ်