မုံရွာမြို့အတွင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသော မုံရွာ သံမဏိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ  ၂၉


NUG အမည်ခံ   အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူ များကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်မှုမရှိစေရေး     ဖော်ထုတ် ဖမ်းဆီးမှုများ   ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် မုံရွာ သံမဏိ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့်   ပတ်သက် ဆက်သွယ်နေသော မုံရွာမြို့  အောင်ချမ်း သာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး (၄၇)နှစ်ကို    ဖမ်းဆီးရမိခဲ့ပြီး  ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် ချမ်းမြဝတီရပ်ကွက်      "အားသစ်" တည်းခိုခန်း      အခန်းအမှတ်(၃၀၁)၌ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅)နှစ်၊ ဟိန်းထက်ဝင်း (၂၀)နှစ်နှင့်  ဝင်းကို(၁၉)နှစ်တို့ လေးဦးကို ဖမ်းဆီးရမိခဲ့သည်။


တရားခံ ဝေဖြိုးကျော်(ခ) အသေးလေး ၏ ထွက်ဆိုချက်အရ မုံရွာမြို့  အက်တော ရပ်ကွက်နေ မောင်တိုး(ခ) ရန်အောင်တိုး (၃၂)နှစ်၏   နေအိမ်အား   လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့်    ဝင်ရောက်ရှာဖွေခဲ့ရာ  နေအိမ်အနောက်ဘက် မြေကြီးအတွင်း ပီနံအိတ်ဖြင့် ထုပ်ထားသော လက်လုပ် ရီမုမိုင်း  ၁၀ လုံး၊   ယမ်းမှုန့်များနှင့်အတူ တရားခံ မောင်တိုး(ခ) ရန်အောင်တိုးကို ဖမ်းဆီးရမိခဲ့သည်။


    တရားခံများ၏ ထွက်ဆိုချက်များ အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့ ရတနာပုံရပ်ကွက်  ကြက်မွေးမြူရေးဇုန် တွင် ရဲထက်ငြိမ်း (၂၉)နှစ်၊ ကောင်းမြတ်ဖေ (၂၇)နှစ်၊ ဇင်မောင် (၂၀)နှစ်တို့ သုံးဦးကို ၄၀ မမ ဗုံးပစ်လောင်ချာတစ်လက်၊ ဗုံးသီး  ၁၄ လုံး၊ AK 47 သေနတ် တစ်လက်၊ကျည်အိမ် နှစ်ခု၊   ၇ ဒသမ ၆၂ ကျည်တောင့် ၁၀၀၊  လက်ပစ်ဗုံးခြောက်လုံး၊       လက်လုပ် မိုင်းနှစ်လုံး၊    လက်လုပ်သေနတ်အတို 
ငါးလက်၊  ပြုလုပ်ဆဲလက်လုပ်သေနတ် အတို နှစ်လက်၊   စစ်ချပ်ဝတ်   နှစ်စုံ၊ မှန်ပြောင်းတစ်လက်၊   အမိုနီယမ်နိုက် ထရိတ် ၁ ပိဿာခန့် နှစ်ထုပ်၊ ဒီတိုနေတာ သုံးဘူး၊  ဘက်ထရီထည့်ဘူး(အသေး) ၁၂ ဘူး၊ လက်လုပ်သေနတ်ပြုလုပ်ရာတွင်  အသုံးပြုသည့် စပရိန် ၁၀ ခု၊  လက်လုပ် သေနတ် ပြုလုပ်သည့် သံပြား ခုနစ်ပြား၊ လက်လုပ် ကျည်ခွံ ၁၅ ခု၊ လက်လုပ်ပစ္စတို ပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၆ ခု၊ ယမ်းမှုန့် ၃၀ ကျပ်သားခန့် တစ်ထုပ်၊  လက်လုပ် သေနတ်ပြောင်း တစ်ခု၊  Acer အမျိုးအစား   Laptop တစ်လုံး၊  ဆားကစ်ဘောက်  နှစ်ခု၊  ရီမု  Control သုံးခုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင်   တရားခံ  ကျား ကိုးဦးကို ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ AK 47 သေနတ် တစ်လက်၊ လက်လုပ်သေနတ် ခုနစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၇ ဒသမ ၆၂ ကျည်တောင့် ၁၀၀၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ခြောက်လုံး၊ လက်လုပ် မိုင်း ၁၂ လုံး၊    မှန်ပြောင်းတစ်လက်၊ လက်လုပ်သေနတ်  ပြုလုပ်ရာတွင် အသုံး ပြုသည့်ပစ္စည်းများ၊      ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ    ဖမ်းဆီး ရမိခဲ့သည်။


တရားခံ ဝေဖြိုးကျော်(ခ) အသေးလေး ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန် ကျန်     တရားခံ    ဟိန်းသော်တာ၏ ချိတ်ဆက်ပေးမှုဖြင့်  ဧပြီ ၇ ရက်မှ ၂၃ ရက်အထိ   အောင်ကျော်ဇင်၊  ဝင်းကို ဖမ်းဆီးရန်ကျန် တရားခံများဖြစ်ကြသော ဖြိုးကိုကို၊  အောင်မြင့်မြတ်၊  ရှည်ကြီး၊ ရန်မျိုး၊ ရာဇာစိုး၊ ဒိုင်းမွန်ထွေး၊ ဖြိုးသူ၊ သီဟကျော်၊ ငစိုင်း၊ ပြားကြီး၊ စုတ်ဖွား တို့နှင့်အတူ   ကသာမြို့နယ်  မှတ်တိုင်  ကျေးရွာမှတစ်ဆင့် KIA တပ်မဟာ (၈) နယ်မြေသို့  သွားရောက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း    တက်ရောက် ခဲ့ကြောင်း၊   သင်တန်းဆင်းပြီးနောက် ယင်းမာပင်မြို့နယ်  ဘူးလှည်းကျေးရွာ အနီးရှိ    PDF   အကြမ်းဖက်စခန်းသို့ သွားရောက်၍  ဖမ်းဆီးရန်ကျန် တရားခံ ဇော်မျိုးအောင်(ခ)သံမဏိ ခေါင်းဆောင်၍ မုံရွာ သံမဏိ PDF အကြမ်းဖက်အဖွဲ့တွင် အောင်ကျော်ဇင်နှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 


    တရားခံ  ရဲထက်ငြိမ်း၏  ထွက်ဆို ချက်အရ  အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ   လှိုင်မျိုးက လက်နက်/ ခဲယမ်းများအား      ၎င်း၏ ကြက်ခြံတွင်  လာရောက်  သိမ်းဆည်း ထားခြင်းဖြစ်ပြီး   ယင်းမာပင်မြို့နယ် ဘူးလှည်းကျေးရွာအနီးရှိ PDF အကြမ်း ဖက်စခန်းသို့   ပို့ဆောင်ရမည့်  ပစ္စည်း များဖြစ်ကြောင်း  ဖော်ထုတ်သိရှိရသည်။


    မုံရွာ  သံမဏိ PDF    အမည်ခံ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများအနေဖြင့်-
ဩဂုတ် ၁၆ ရက်တွင်ဝေဖြိုးကျော်(ခ)အသေးလေးနှင့်  သက်ဦးမောင် (ခ)ငသက်တို့သည် ဆိုင်ကယ်ဖြင့်ရုံးကြီးရပ်ကွက်  မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ်မိုင်းတစ်လုံးဖြင့် လည်းကောင်း။

    စက်တင်ဘာ ၁၃ ရက်တွင်   ဝေဖြိုး ကျော် (ခ) အသေးလေးနှင့် ဟိန်းထက် ဝင်း အပါအဝင် ရှစ်ဦးတို့သည် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း အနီးရှိ Mytel တာဝါတိုင်အား လက်လုပ် မိုင်း လေးလုံးဖြင့် လည်းကောင်း။
    စက်တင်ဘာ ၁၅ ရက်တွင်   အောင် ကျော်ဇင်နှင့်     ဇော်ထက်အောင်တို့ သည် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ရုံး ဆက်သွယ်ရေးရုံးရှေ့၌ လက်လုပ် မိုင်း တစ်လုံးဖြင့် လည်းကောင်း။ 


    စက်တင်ဘာ ၁၆ ရက်တွင် အောင်ကျော် ဇင်၊        ဇော်ထက်အောင်နှင့် အောင်မြင့်မြတ်တို့သည်    မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် မြန်မာဘီယာရုံး ရှေ့၌     လက်လုပ်မိုင်းတစ်လုံးဖြင့် လည်းကောင်း။


    နိုဝင်ဘာ ၁၃ ရက်တွင်  ဝေဖြိုးကျော် (ခ) အသေးလေးသည် အောင်ကျော် ဇင်၊ ဟိန်းထက်ဝင်းတို့နှင့်အတူ မုံရွာ- ကျောက်ကာလမ်း   တိုင်းရင်းဆေးရုံ အနီးရှိ  “ခရေဆောင်” အတွင်းသို့ လက်လုပ်မိုင်း နှစ်လုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း   ဖော်ထုတ်သိရှိ ရသည်။ 
    မုံရွာ သံမဏိ PDF အမည်ခံအကြမ်း ဖက်အဖွဲ့၏     အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်      ကျူးလွန်မှုများ အနေဖြင့် -
လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့
    စက်တင်ဘာ ၂၂ ရက်တွင် တရားခံ ဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့  အောင်မင်္ဂလာရပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင်  တာဝန်ထမ်း ဆောင်နေသော   ယာဉ်ထိန်းရဲအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။


    စက်တင်ဘာ ၂၃ ရက်တွင် တရားခံ ဇော်ထက်အောင်နှင့် ငပုတ်တို့သည် မုံရွာမြို့ မြဝတီရပ်ကွက် Mytel ရုံးရှေ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်တစ်ဦးကို   လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ 


    အောက်တိုဘာ ၂၀ ရက်တွင်  အောင် ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ငစိုင်း၊ စုတ်ဖွား၊ ပြားကြီးတို့သည် မုံရွာ မြို့ နန္ဒဝန်ရပ်ကွက် ပုဏ္ဏမီလမ်းရှိ အပြစ်မဲ့ပြည်သူ တစ်ဦးကို လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ 
    အောက်တိုဘာ ၂၄ ရက်တွင်  အောင် ကျော်ဇင်နှင့်  ဖမ်းဆီးရန်ကျန် တရား ခံ ဇော်မျိုးအောင်(ခ) သံမဏိ၊ ငစိုင်း၊ စုတ်ဖွားတို့သည်     မအူကျေးရွာရှိ အပြစ်မဲ့ပြည်သူတစ်ဦးကို လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ 


    အောက်တိုဘာ ၂၆ ရက်တွင် ဇော်ထက် အောင်၊  ငပုတ်နှင့်  တောက်တီး တို့ သည်   စက်မှုဇုန်ရပ်ကွက်အတွင်းရှိ (၈၁)ကာရာအိုကေဆိုင်ရှေ့၌ အပြစ် မဲ့ပြည်သူနှစ်ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။ 
    အထက်ပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး    ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ       ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်   မေတ္တာရပ်ခံထား ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ 


သတင်းစဉ်