
နေပြည်တော် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး နွားထိုး ကြီးမြို့နယ် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဝဲဘက် ၁၅ ပေခန့်အကွာ၌ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက် လုပ်အဝေးထိန်း မိုင်းတစ်လုံး ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ ဘုန်းကြီး ကျောင်းဓမ္မာရုံ ရေစက်ချပွဲမှ မင်းဘူးမြို့သို့ ပြန်လည်မောင်းနှင် လာသော ဂီတစက်ဝိုင်း တေးဂီတ အဖွဲ့သား ၁၀ ဦး လိုက်ပါလာသည့် Super Custom အမျိုးအစား မော်တော်ယာဉ်သည် လျှော်ဖြူ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက် ၌ PDF အမည်ခံ အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်အဝေးထိန်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ် ပေါ်တွင် လိုက်ပါလာသည့် မင်းဘူး မြို့ အမှတ် (၁) ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်းတွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ နေရာတစ်ဝိုက်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း နှင့်ဒဏ်ရာရရှိသူများကို နွားထိုး ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်