နောက်ဆုံးရနိုင်ငံတကာသတင်းတိုများ

 

နာပိုလီအသင်းသည် မန်ယူအသင်းမှ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရန် ချိတ်ဆက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ 

 


ချယ်ဆီး၊ ရီးရဲမက်ဒရစ်အသင်းတို့နှင့်အပြိုင် နယူးကာဆယ်မှ ဘရာဇီးကွင်းလယ်ကစားသမား ဂူမာရေ့စ်ကို ခေါ်ယူရေးတွင် လီဗာပူးအသင်း ပါဝင်လာသည်။ 

 


ဒေါ့မွန်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဘဲလ်လင်ဂမ် ကို ရီးရဲမက်ဒရစ်၊ ချယ်ဆီး၊ မန်ယူ၊ မန်စီးတီးနှင့် လီဗာပူးအသင်း တို့ ခေါ်ယူရန် စိတ်ဝင်စားနေသည်။ 

 


ဝုဖ်အသင်းနှင့်    ၂၀၂၄    ခုနှစ်အထိ   စာချုပ်သက်တမ်းရှိသော  ပေါ်တူဂီတိုက်စစ်ကစားသမား  ဒန်နီရယ်ပိုဒန့်ကို အဲဗာတန်အသင်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။                              

အောင်ဇော်