နောက်ကျချေပဂိုးကြောင့် မြန်မာအသင်း အနိုင်ရမည့်အခွင့်အရေး လက်လွှတ်ခဲ့ရ

 

ရန်ကုန်   မတ်   ၂၅


Hero Tri Nation  International Football  Tournament  ဒုတိယ နေ့အဖြစ်    မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ မတ် ၂၅ ရက်က အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေ ကျခဲ့သည်။


မြန်မာအသင်းသည်၂၀၂၁ ခုနှစ်  နောက်ပိုင်း     နိုင်ငံတကာပြိုင်ပွဲ များနှင့်    နိုင်ငံတကာခြေစမ်းပွဲ များတွင်  နိုင်ပွဲပြန်ရမည့်   အခွင့် အရေးရခဲ့သော်လည်း  နောက်ကျ ချေပဂိုးကြောင့်   သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။     မြန်မာ အသင်းသည်   ယခုပွဲတွင်   ဂိုးရနိုင် သည့်အခွင့်အရေးများ   ရခဲ့သော် လည်း  တစ်ဂိုးသာ  သွင်းယူနိုင်ခဲ့ သည်။


၈၂ မိနစ်တွင် မြန်မာအသင်း ဂိုးစတင်ရရှိခဲ့ပြီး   အောင်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။  ၉၀+၆ မိနစ်တွင်  အူလူက ကာဂျစ္စတန် အသင်းအတွက် ချေပဂိုးပြန်သွင်း ခဲ့သည်။


Hero Tri Nation Inter-national Football Tournament နောက်ဆုံးပွဲအဖြစ် မတ် ၂၈ ရက်  တွင်  အိမ်ရှင်  အိန္ဒိယအသင်းနှင့်  ကာဂျစ္စတန်အသင်း   ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။    မြန်မာ အသင်းသည်    ပွဲကုန်နှစ်ပွဲစလုံး ကစားထားပြီး    တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့်    ရမှတ်   တစ်မှတ် ရရှိခဲ့သည်။


 ရဲရင့်လွင်