နောက်ကျသွင်းဂိုးများနှင့်အတူ ဝက်စ်ဟမ်းအသင်းကို မန်ယူ ဂိုးပြတ်အနိုင်ရ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ကစားရမည်

 

အက်ဖ်အေဖလားပြိုင်ပွဲ      ပဉ္စမ အဆင့်မှ မတ် ၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က   အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်   မန်ယူနှင့် ဝက်စ်ဟမ်းအသင်းတို့   ပွဲစဉ်တွင် မန်ယူအသင်းက  ဂါနာချို၊   ဖရတ် တို့၏        နောက်ကျသွင်းဂိုးများ ကြောင့်    သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး     နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ 

 


အဆိုပါ    ပွဲစဉ်ကို    ပွဲကြည့် ပရိသတ်     ၇၂၀၀၀        ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ပွဲထွက် ၁၁    ဦးစာရင်းတွင်    အဓိက ကစားသမားအချို့  အနားပေးထား သော     ကာရာဘောင်   ဖလား ချန်ပီယံ        မန်ယူအသင်းသည် 
ပထမပိုင်းတွင်      ဝက်စ်ဟမ်း အသင်း၏    ဖိအားပေးကစားမှု အောက်     ပုံစံကောင်းပျောက်ဆုံး ခဲ့ပြီး သွင်းဂိုးရရှိရန်  ရုန်းကန်ခဲ့ရ သည်။ ဒုတိယပိုင်း ပြန်လည်စတင် ချိန်တွင်     မန်ယူအသင်းသည် တွန်မီနေး၏  နေရာကို အဓိက ကစားသမား        ကက်စမဲရိုးကို ထည့်သွင်း   အသုံးပြုခဲ့သည်။ 

 


၎င်းဝင်ရောက်လာပြီးနောက် မန်ယူအသင်း၏      ကစားအား တက်လာပြီး ဝက်စ်ဟမ်း အသင်း ဘက်သို့ ဖိအားပေးကစားလာနိုင် ပြီး      နီးစပ်သည့်     ဂိုးပေါက် ခြိမ်းခြောက်မှုများ    ပြုလုပ်လာနိုင်ခဲ့ သည်။   ဘင်ရာမာ၏   သွင်းဂိုး ကြောင့် ပွဲချိန် ၅၄ မိနစ်တွင် ဝက်စ် ဟမ်း အသင်းက ဦးဆောင်ဂိုးရရှိခဲ့ သည်။ ထို့နောက်တွင်  လူစားဝင် ကစားသမား ကက်စမဲရိုး  မန်ယူ အသင်းအတွက် ခေါင်းတိုက် ချေပ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေ အာရ်         ကြည့်ရှုစစ်ဆေးပြီး ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရ သည်။    ပွဲချိန် ၇၇ မိနစ်တွင် ဝက်စ်ဟမ်းအသင်းမှ    အူဂတ် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ မန်ယူ အသင်း   ချေပဂိုးရရှိခဲ့သည်။ 


တစ်ဖက်တစ်ဂိုးစီ   သရေကျ ပြီးနောက်   ပွဲမှာ    ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး  အကြိတ်အနယ် ရှိခဲ့သည်။   မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် သွင်းဂိုးများ ကို မိနစ် ၉၀ နှင့် နာကျင် အချိန်ပို တွင်      ဂါနာချိုနှင့်   ဖရက်တို့က သွင်းယူပေးခဲ့သည်။ 

 


ယခုပွဲအနိုင်ရရှိခဲ့သော  မန်ယူ အသင်းသည်   အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင်   ဖူလ်ဟမ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။ 

 


အခြားသော   ပွဲစဉ်ရလဒ်များ တွင် ဂရမ်စီက ဆောက်သမ်တန် ကို နှစ်ဂိုး-တစ်ဂိုး၊    ဘန်လေက ဖလိဝုဖ်ကို  တစ်ဂိုး - ဂိုးမရှိ အနိုင် ရရှိခဲ့သည်။ 

 


ထို့ပြင် ရှက်ဖီးနှင့် စပါးအသင်း တို့ပွဲစဉ်တွင်လည်း     ရှက်ဖီးက တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ သည်။ 


အောင်ဇော်