
နေပြည်တော် ဒီဇင်ဘာ ၂၂
နောင်ချိုမြို့နယ်တွင် ငွေကျပ် သိန်း ၃၃၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် နောင်ချိုမြို့အဝင် မန္တလေး-မူဆယ်သွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး တွင် ကျောက်မဲမှ မန္တလေး သို့ သန်းထွန်းနိုင်(ခ) ဖိုးညို မောင်းနှင်ပြီး စိုင်းအောင်သူ ဟိန်း(ခ)အိုက်ပြား (၃၁)နှစ် လိုက်ပါလာသည့် မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေ ရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၃၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်များ အရ သိမ်းဆည်းရမိ ဘိန်းဖြူ များကို ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ကိုင်းတိုင်း ဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်