နေ့စဉ်ဘဝငွေကြေးလည်ပတ်ဖို့အတွက် ဘဏ်တွေပြန်ဖွင့်ပေးပါ

Type
နေခြည်သွေး တိုးတက်လာတဲ့ လူမှုဘဝဖြစ်စဉ်တွေထဲမှာ ဘဏ်လုပ်ငန်းတွေဟာ မပါမဖြစ် လိုက်ပါဖွံ့ဖြိုး တိုးတက်နေပါတယ်။ လူသားတွေဟာ ဘဏ်တွေမှာ ငွေတွေကိုအပ်တယ်၊ တန်ဖိုးရှိတဲ့ စာချုပ်စာတမ်း တွေ သိမ်းဆည်းတယ်၊ ချေးငွေတွေရယူတယ်၊ ငွေတွေကို တစ်နေရာကနေ တစ်နေရာလွှဲတယ် စတဲ့ လုပ်ဆောင်မှုတွေကို နေ့စဉ် လုပ်ဆောင်နေကြရပါ တယ်။ အဲဒီနေရာမှာ အသေးစိတ်ပြောရရင် စာရင်း ရှင်အပ်တယ်၊ ငွေစုဘဏ်စာရင်းတွေ ဖွင့်ကြပါတယ်၊ ချေးငွေဆိုရင်လည်း မော်တော်ကား၊ ဖုန်း၊ အိမ် စသည်ဖြင့် ဘဏ်ချေးငွေနဲ့ ဝယ်ယူကြတယ်၊ ဒါ့အပြင် တူညီတဲ့ဘဏ်အချင်းချင်းငွေလွှဲတယ်၊ မတူညီတဲ့ဘဏ်တွေကို ငွေလွှဲတယ်၊ နိုင်ငံတကာနဲ့ ငွေလွှဲပို့ ဆောင်ရွက်ကြပါတယ်။ လက်ရှိ မိမိတို့နိုင်ငံ မှာ အစိုးရဘဏ် လေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ် ရှိပါတယ်။ ဘဏ်တွေ ပိတ်ထားခဲ့ရ အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအချို့ ရုံးမတက်နဲ့ရုန်းထွက်ကြဆိုတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတယ်။ သူတို့ကို နောက်ကွယ်က နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ကြံစည်သူတွေက မြှောက်ပင့်ပေးနေကြတာကိုလည်း မြင်တွေ့ရပါ တယ်။ ရည်ရွယ်ချက်က ဘဏ္ဍာရေးဆိုင်ရာယန္တရား ကို ရပ်တန့်အောင်လုပ်ဖို့အတွက်ဆိုပြီး ရည်ရွယ်ကြ တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဘဏ်တွေရဲ့ ပတ်ပတ်လည်မှာ ဆန္ဒပြနေတာကို ဖေဖော်ဝါရီ လဆန်းကတည်းက ကြုံတွေ့ခဲ့ရပါတယ်။ ဘဏ်ကို လာရောက်တဲ့ဝန်ထမ်းတွေကို ရုံးမတက်ကြဖို့ အတွက် အတင်းအကျပ်ဖိအားပေးတောင်းဆိုတာတွေကိုလည်း ဆက်တိုက်လုပ်ခဲ့ကြတာမို့ ဘဏ်တွေ ပိတ်ထားခဲ့ရပါတယ်။ အစိုးရဘဏ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်၊ အရှက်ခွဲတာမျိုးကိုလည်း လုပ်ဆောင်ခဲ့ကြတဲ့ အတွက် တာဝန်သိသိနဲ့ ပြည်သူတွေငွေကြေး လုပ်ငန်းများ အဆင်ပြေစေရေးဆောင်ရွက်ပေးနေ ကြတဲ့ ဘဏ်ဝန်ထမ်းတွေ အခက်ကြုံခဲ့ကြရပါတယ်။ ပုဂ္ဂလိကဘဏ်တွေဟာ ဘဏ်ဝန်ထမ်းတွေအတွက် လစာတွေ ပေးအပ်နေရဆဲဖြစ်ပေမယ့် လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် အင်အားပြန်လည်စုစည်းနေ ရတယ်လို့လည်း ကြားသိရပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ရပ်တန့်သွားတာက ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းကလို့ ဆိုနိုင်ပါ တယ်။ ဘဏ်တွေရပ်တန့်သွားတဲ့အတွက် အထိနာ ကြရသူတွေကတော့ မိမိတို့ ပြည်သူအများစုပဲဖြစ်ပါ တယ်။ ငွေသားကိုင်ဆောင်နေရာကနေ နိုင်ငံတကာ၊ ပြည်တွင်း ငွေကတ်မျိုးစုံကို ကိုင်ဆောင်ထားကြတဲ့ မြို့ပြလူတန်းစားတွေ၊ ငွေသားတွေကို ဘဏ်တွေထဲ သိမ်းထားပြီး လိုသလောက်သာ ထုတ်သုံးလိုကြတဲ့ တောင်သူတွေ၊ ပို့ကုန်တင်ပို့တဲ့အခါ ဘဏ်တွေကိုပဲ အားထားပြီး ငွေလွှဲ၊ ငွေလက်ခံလုပ်ကြရတဲ့ လုပ်ငန်းရှင်တွေ၊ လစာအတွက် ဘဏ်ကနေကိုယ်ပိုင် အကောင့်ထဲကို လွှဲယူလက်ခံကြတဲ့ လခစား ဝန်ထမ်းတွေအားလုံး ရှင်လျက်နဲ့သေဘဝကို ရောက်အောင် တွန်းပို့လိုက်တဲ့ လက်သည်တရားခံ ကတော့ CDM လှုပ်ရှားမှုကို အားပေးထောက်ခံပြီး မြှောက်ပင့်ပေးလိုက်ကြသူတွေလို့ စာရေးသူက တော့ ဆိုချင်ပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာ အလွယ်တကူ ငွေထုတ်နိုင်စေဖို့ရည်ရွယ်ပြီး ATM စက်တွေထဲကို ငွေသားဖြည့်တင်းပေးတဲ့ ဝန်ထမ်းတွေကို ဆန္ဒပြ ကြတယ်။ CDM မလုပ်လို့ဆိုပြီး ရှုတ်ချကြတယ်။ အရေးပေါ်ငွေသား လိုအပ်သူတွေအတွက် နောက်ထပ် မဖြည့်ပေးရဲအောင် လုပ်ဆောင်ကြ တယ်။ ဒါ့အပြင် ပြည်သူလူထုစိုးရိမ်ပူပန်မှုတွေ အမြင့်ဆုံးရောက်ဖို့အတွက် နိုင်ငံတော်မှာ ငွေကြေး မရှိတော့ဘူး၊ အချို့ငွေစက္ကူတွေ ပြန်လည် သိမ်းဆည်းမယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေကို လည်း ထုတ်ဝေခဲ့ကြပါတယ်။ ဖေဖော်ဝါရီလကတည်းက ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် ညွှန်ကြားထားခဲ့ပေမယ့် လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ်အချို့က ဘဏ်ခွဲအချို့သာ ဖွင့်လှစ် နိုင်ခဲ့သေးပါတယ်။ ပုဂ္ဂလိကဘဏ်များ ပိတ်ထားရမှု များပြားတဲ့အတွက် မြဝတီကဲ့သို့သော ဘဏ်များက ဖွင့်လှစ်ပေးပြီး ငွေကြေးဆိုင်ရာလုပ်ငန်းလည်ပတ် မှုများကို အားဖြည့်ပေးခဲ့ပေမယ့် သွေးထိုးသူများ က ငွေကြေးအကုန်ထုတ်ယူစေတာ၊ မရပ်မနား ငွေထုတ်ယူတာတွေကိုလည်း မြင်တွေ့ခဲ့ရပါ တယ်။ ဘဏ်ခွဲအချို့သာ ဖွင့်လှစ် ပြည်သူလူထုက စိုးရိမ်ကြောင့်ကြမှုတွေရှိနေတဲ့အတွက် ဖွင့်တဲ့ဘဏ်တွေမှာ လူတွေတိုးမပေါက် အောင် ရောက်ရှိသွားကြပြီး ဘဏ်မှာအပ်နှံထားတဲ့ ငွေသားတွေကို အသုံးမလိုပေမယ့် ပြန်လည်ထုတ်ယူ ကြတာတွေကိုလည်း ကြားသိနေရပါတယ်။ ဒီလို ပေးနိုင်တဲ့ဝန်ဆောင်မှုနဲ့ ဝန်ဆောင်မှုရယူလိုသူ အင်အားမမျှတဲ့အတွက် ဘဏ်တွေ ပြန်လည် ဖွင့်လှစ်ပေးဖို့ အခက်အခဲတွေလည်း ရင်ဆိုင်နေကြ တာကို မြင်တွေ့နေရပါတယ်။ ဘဏ်တွေပိတ်ထားရတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်တွေဟာ Payment Transfer တွေကို ထုတ်မပေးနိုင်ဘူး။ ငွေကြေးလွှဲပြောင်းပေးပို့တာ၊ လက်ခံတာတွေလုပ်လို့မရပါဘူး။ အဲဒီအကျိုးဆက် ဟာ သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းတွေ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအားလုံး အထိနာကုန် ပြီး ကုန်ဈေးနှုန်းထိန်းချုပ်နိုင်မှုကိုလည်း ရိုက်ခတ် လာနိုင်စေပါတယ်။ အဲဒီဒုက္ခကို အဆုံးသတ်ခံစားကြ ရမယ့်သူတွေကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကြောင့် လပေါင်းများစွာ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုတွေ၊ တစ်ဦးချင်းဝင်ငွေတွေ ကျဆင်းနေရတဲ့အကြားမှာ ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရတဲ့အတွက် ဆိုးရွားတဲ့အကျိုးဆက်ကို ခံစားနေကြရပြီဖြစ်ပါ တယ်။ ဘဏ်တွေဟာ ငွေကြေးကြားခံလုပ်ငန်းတွေ ဖြစ်ပါတယ်။ အပ်နှံလိုတဲ့ငွေတွေကို လက်ခံပေးပြီး ချေးငှားလိုတဲ့သူတွေကို ပြန်လည်ချေးငှားပေးကြရ သူတွေပါ။ ဘဏ်တွေဟာ ငွေကြေးစနစ်ရဲ့ အခြေခံ အကျဆုံးအစိတ်အပိုင်းဖြစ်သလို ငွေကြေးဈေးကွက် မှာလည်း အရေးပါတဲ့ ကစားသမား (Player) ဖြစ်ပါတယ်။ မိမိရဲ့ဘဏ်စာရင်းထဲက ငွေကြေးတွေ ကို လိုအပ်တဲ့နေရာမှာ ထုတ်သုံးဖို့၊ အရောင်းအဝယ် လုပ်ထားတဲ့ ငွေကြေးတွေ မိမိစာရင်းထဲကို အမှန်တကယ်ရောက်ရှိပြီလား စစ်ဆေးနိုင်ဖို့နဲ့ လစဉ်လစာငွေတွေ ထုတ်ယူဖို့ဆိုတာ ဘဏ်တွေကိုပဲ အားထားနေကြရတာပါ။ ဘဏ်ချေးငွေတွေရယူ ထားကြတဲ့ ပြည်သူတွေ စီးပွားရေးကျပ်တည်းလာ တဲ့အခါ၊ ငွေကြေးလည်ပတ်စီးဆင်းမှု ခက်ခဲလာတဲ့ အခါ အကျိုးဆက်အနေနဲ့ တိုင်းပြည်စီးပွားရေး ထိခိုက်လာနိုင်တာကိုလည်း သတိပြုစေချင်ပါ တယ်။ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ် မိုဘိုင်းငွေပေးချေမှုနဲ့ အီလက်ထရွန်နစ် ငွေပေးချေမှုပုံစံတွေရှိပေမယ့် ပြည်သူအများစုက သုံးစွဲမှုမပြုနိုင်သေးပါဘူး။ ဒီကာလမှာ ဘဏ်တွေ ဟာ ပုံမှန်မဖွင့်နိုင်ဘူးဆိုရင် ပြည်သူတွေရဲ့ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေးတို့အတွက် ငွေကြေး သုံးစွဲမှု အားနည်းလာနိုင်တာကိုလည်း မြင်တွေ့နေရ ပါတယ်။ ဘဏ်တွေဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ ဘဏ်လုပ်ငန်းတွေ ပုံမှန်အတိုင်းလည်ပတ် နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ ပုဂ္ဂလိကဘဏ်အများစုမှာ ငွေကြေးအပ်နှံတာ၊ လွှဲပြောင်းတာနဲ့ ချေးငွေရယူကြသူ အားလုံးဟာ လက်ရှိတာဝန်ယူထားတဲ့အစိုးရမဟုတ်ဘဲ ပြည်သူ တွေပဲဖြစ်ပါတယ်။ ပြည်သူတွေဟာ ဘဏ်တွေ ပိတ်ထားကြတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို စတင်ခံစားနေကြရပြီး ငွေကြေးသုံးစွဲမှုမှာ အကြီးမားဆုံး ထိခိုက်ကြရသူတွေဖြစ်ပါတယ်။ မိမိတို့ သမ္မာအာဇီဝနဲ့ ရှာဖွေထားတဲ့ ငွေကြေးတွေကို ကိုယ်တိုင်တောင် ထုတ်ယူဖို့အခက်အခဲဖြစ်နေတဲ့ အခြေအနေကိုတော့ ဘယ်နိုင်ငံသားကမှ ရေရှည်တောင့်ခံနိုင်မှာမဟုတ်ပါဘူး၊ ပြည်သူတွေအနေနဲ့ ဘဏ်တွေမဖွင့်နိုင်အောင် နောက်ကွယ်က ကြိုးဆွဲ နေကြသူတွေ အပါအဝင် စည်းရုံးလှုံ့ဆော်နေသူတွေ ကို ဖော်ထုတ်ပြီး တာဝန်ရှိသူတွေဆီ သတင်းပို့စေ ချင်တယ်၊ အရေးယူအပြစ်ပေးဖို့ ပူးပေါင်းဆောင်ရွက် စေချင်တယ်။ ဘဏ်ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြဖို့ အတွက်လည်း အထူးဖိတ်ခေါ်လိုက်ပါတယ်။ ။