
နေပြည်တော် အမျိုးသားလွှတ်တော်ရုံးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန်
=======================================================
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာ များကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
ထိုအစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ရေးရာဆောင် I – 19 (အိုင် - ၁၉)သို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်ထက်မစော၊ ၂၆ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်