နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

 

နေပြည်တော်    ဩဂုတ်   ၃၀


ပြန်ကြားရေးဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့်  အားကစားနှင့်     လူငယ်ရေးရာဝန်ကြီးဌာနတို့  ပူးပေါင်းစီစဉ်ကျင်းပသည့်  ဗလငါးတန် ဖွံ့ဖြိုးရေး   အသိပညာပေးဟောပြောပွဲကို   ယနေ့  နံနက် ၈ နာရီက   နေပြည်တော်  ဇမ္ဗူသီရိမြို့နယ်ရှိ  အမှတ်(၁၁) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊     ဒုတိယ ဝန်ကြီးများဖြစ်ကြသည့်  ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးဇင်မင်း ထက်၊ ဦးမျိုးလှိုင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်း အုပ်ဆရာမကြီး၊   ဆရာ  ဆရာမ များ၊       ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ      တက်ရောက် ကြသည်။


ရှေးဦးစွာ     ဗီယက်နမ်နိုင်ငံ၌  ကျင်းပမည့်   (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစား ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် ကြမည့်       ဗိုဗီနမ်အားကစား မောင်မယ်များ၊     အားကစားနှင့်  ကာယပညာသိပ္ပံ    (ရန်ကုန်)   နှင့်    အခြေခံပညာကျောင်းများမှ  အား ကစားမောင်မယ်များက      ဝူရှူး၊   အေရိုးဗစ်နှင့် ကျွမ်းဘားအားကစား တို့ကို သရုပ်ပြကစားပြကြသည်။

ပေးအပ်ချီးမြှင့်


ထို့‌နောက်     ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက အားကစား   မောင်မယ်များအား ငွေကျပ်   ငါးသိန်း   ပေးအပ်ချီးမြှင့် သည်။


ဆက်လက်၍ ဟာသပညာရှင် များဖြစ်ကြသည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ရယ်ရွှင်ဖွယ်ရာ ဟာသ ပျက်လုံးများ၊ တေးသီချင်းများဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် အမှတ်(၁၁) အခြေခံ ပညာ    အထက်တန်းကျောင်းမှ ကျောင်းသား  ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့်     အခမ်း အနားကို စတင်ဖွင့်လှစ်သည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား   ပြောကြား ရာတွင်   ကျောင်းသား  ကျောင်းသူ များ   မှန်ကန်သည့် အသိပညာများ ရရှိစေရေးအတွက်   ယနေ့စာပေ ဟောပြောပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း၊ ဆရာမကြီး ဒေါ်မေကျော့ ရှင်း၏  ဟောပြောဆွေးနွေးချက် များကို စိတ်ဝင်စားစွာ နားထောင် မှတ်သားစေလိုကြောင်း၊ ကျောင်း သား    ကျောင်းသူများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် ရဲရင့်မှု ရှိရန် လိုအပ်ကြောင်း။     


အများအကျိုးသယ်ပိုး


နိုင်ငံတော်ဝန်ကြီးချုပ်အနေ ဖြင့်လည်း အနာဂတ်ခေါင်းဆောင် များဖြစ်လာမည့်   ကျောင်းသား ကျောင်းသူများကို    အလေးထား တန်ဖိုးထားပါကြောင်း၊    ကျောင်း သား  ကျောင်းသူများ ဗလငါးတန် နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည် ပြီး   မှန်ကန်သည့်   အသိပညာ များ  ရရှိစေရန်   ကျောင်းများသို့ သွားရောက်၍ ဆွေးနွေးဟောပြော ရန်     လမ်းညွှန်ထားပါကြောင်း၊ နောင်တစ်ချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့်     နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ကြရမည် ဖြစ်ရာ ထိုသို့ထမ်းဆောင်ရာတွင် ရဲရင့်ယုံကြည်စွာဖြင့်  အများအကျိုး ကို  သယ်ပိုးထမ်းဆောင်နိုင်သည့် သူများဖြစ်ရန်နှင့်  နိုင်ငံတော်က  အားထားရသည့် သားကောင်း၊ သမီး ကောင်းများ  ဖြစ်ကြပါစေဟု ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။


ဆက်လက်၍    ဆရာမကြီး ဒေါ်မေကျော့ရှင်းက    ဆွေးနွေး ပြောကြားရာတွင် မိမိ  ဖတ်မှတ်ထားသမျှ၊    လေ့လာထား သမျှ၊   တရားတော်များ    နာယူ မှတ်သားထားသမျှထဲမှ     မျှဝေ ဆွေးနွေးခြင်းသာဖြစ်ပြီး    ဟော ပြောသည်ဟု   သဘောမထားပါ ကြောင်း၊   လူငယ်များအနေဖြင့် အသိဉာဏ်ရှိရန်နှင့်    ကိုယ်ကျင့် တရားနှင့်    ပတ်သက်၍   မျှဝေ ဆွေးနွေးပြောကြားသွားမည်ဖြစ် ပါကြောင်း၊ အသိပညာနှင့် အတတ် ပညာဟူ၍ ရှိရာတွင် စာများများ ဖတ်ရန်လိုပါကြောင်း၊  မည်သည့် စာကိုမဆို    ဖတ်ရန်လိုပြီး  စာကို မည်ကဲ့သို့       ဖတ်ရမလဲဆိုလျှင် စာကို     ဖတ်ရှုရာတွင်     တွေးတော စဉ်းစားရန်လိုပါကြောင်း၊   ပညာ ထူးချွန်သူထံမှ    စာမေးရာတွင် မရှက်ရန်လိုကြောင်း၊ အသိပညာ ကို   ကိုယ်တိုင်   ရှာဖွေရမည်ဖြစ် ကြောင်း၊    ကိုယ်ကျင့်တရားဟု ဆိုရာတွင်  ငါးပါးသီလကို လုံခြုံ အောင် ထိန်းသိမ်းရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ရန် နှင့်  ဆေးလိပ်မှအစပြု၍  မစမ်း သပ်ရန်လိုကြောင်း၊   မိန်းကလေး များအနေဖြင့်     ခေတ်မီအောင် နေထိုင်ကျင့်ကြံရန်    လိုအပ်သော် လည်း ခေတ်ဆန်ခြင်းကို  ရှောင် ကြဉ်ရမည်ဖြစ်ကြောင်း၊    မြန်မာ့ ယဉ်ကျေးမှုကို  ထိန်းသိမ်းစောင့် ရှောက်ရန်လိုကြောင်း၊ ချီးမွမ်းခြင်း နှင့်      အကဲ့ရဲ့ခံခြင်း    နှစ်မျိုးတွင် ချီးမွမ်းခြင်းကိုသာ      အားလုံး လိုလားကြမည်      ဖြစ်ကြောင်း၊ အလားတူ အကောင်းနှင့် အဆိုး တွင် အကောင်းကိုသာ ဖြစ်လိုကြ မည်ဖြစ်ကြောင်း    ကျောင်းသား  ကျောင်းသူများနှင့်   အပြန်အလှန်  ဆွေးနွေးပြောကြားပြီး  ဆရာမ ကြီး ဒေါ်မေကျော့ရှင်း၏  မြန်မာ့ အသံ ဓာတ်ပြားရ တေးသီချင်းဖြစ် သော “ကလေးတို့ရေ   လာကြလာ ကြ”   သီချင်းကို  နောက်ခံတီးလုံး ဖွင့်၍ သီဆိုပြခဲ့သည်။


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက  ဆရာမကြီးအား      အမှတ်တရ လက်ဆောင်ပေးအပ်သည်။


ပေးအပ်လှူဒါန်း


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်းက ကျောင်းစာကြည့်တိုက်  အတွက် စာအုပ်စာစောင်များကို     လည်း ကောင်း၊   အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က      အားကစားပစ္စည်း များကို   လည်းကောင်း    ပေးအပ် လှူဒါန်းရာ ကျောင်းအုပ် ဆရာမ ကြီး ဒေါ်သက်သက်သင်းက လက်ခံ ရယူသည်။


ဆက်လက်၍     MRTV – 4 ရုပ်သံမှ အနုပညာရှင်များဖြစ်ကြ သည့်    လူးကပ်စ်၊    နက်ရှိုင်းကို၊  သံစဉ်ဆည်းဆာနှင့်   မေသင်းကို တို့က       မိတ်ဆက်စကားများ  ပြောကြားကြသည်။


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက   MRTV-4  ရုပ်သံမှ   အနုပညာရှင် များအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။


ပျော်ရွှင်စွာဆင်နွှဲ


ယင်းနောက်      ခန်းမအပြင် ဘက်၌   မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများ ကို   ကျောင်းသား၊   လူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ”  ရောင်စုံဓာတ်ပုံပြပွဲ ခင်းကျင်းပြသခြင်း၊  ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး နှင့်      ပတ်သက်သည့်    စာအုပ် စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန     (ပျဉ်း မနား) မှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်  ထားရှိပေးထား ခြင်း၊  စကားပုံဆက်၊  ရုပ်ပုံဆက်၊ ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊   MRTV – 4 ရုပ်သံမှ     အနုပညာရှင်များက ကျောင်းသား ကျောင်းသူများနှင့် အတူ  ပျော်ရွှင်ဖွယ်  Game  များ ကစား၍  အနိုင်ရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဟာသပညာ ရှင် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က အမှတ်တရ လက်မှတ်ရေးထိုးပေး ခြင်း၊ ကလေးများနှင့်အတူ ဆော့ ကစားခြင်းစသည့် အစီအစဉ်များ ကိုလည်း    ထည့်သွင်းထားရှိရာ ကျောင်းသား     ကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာဖြင့် ပါဝင် ဆင်နွှဲကြည့်ရှုလေ့လာကြသည်။ 


သတင်းစဉ်