နေပြည်တော် နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ နေပြည်တော် - တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

 

နေပြည်တော်  ဩဂုတ်   ၂၈
သိပ္ပံနှင့့််    နည်းပညာဝန်ကြီးဌာန နေပြည်တော်               နည်းပညာ တက္ကသိုလ်၊  ကွန်ပျူတာ  အင်ဂျင် နီယာနှင့် သတင်းအချက်အလက် နည်းပညာဌာနမှ       ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းမှ ကျောင်းသား ကျောင်းသူ ၂၉ ဦးနှင့် ကြီးကြပ်သူ ဆရာမ ခုနစ်ဦး စုစုပေါင်း ၃၆ ဦး တို့သည်    ယနေ့နံနက်ပိုင်းက နေပြည်တော် -   တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား တွင် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ  မြန်မာ့အသံနှင့်ရုပ်မြင် သံကြား    ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင်   ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းသူက အမှာစကားပြောကြားပြီး   “နုပျို ဆန်းသစ်   (၇၈)    နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို  ပြသသည်။ ထို့နောက် လေ့လာရေးအဖွဲ့များသည်  အဖွဲ့ နှစ်ဖွဲ့ခွဲ၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ Convergence News Room, MRTV HD ,  MRTV News သတင်း    ထုတ်လွှင့်ခန်းများနှင့် သတင်း Studio များတွင် လုပ်ငန်း ဆောင်ရွက်နေမှုများကို  ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍     လေ့လာရေး အဖွဲ့များသည်      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   စိန်ရတုပြတိုက် အတွင်း  ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်        ရုပ်သံ ထုတ်လွှင့်မှုများတွင်  အသုံးပြုခဲ့ သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး  မော်တော်ယာဉ် များ၊        သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်     အစီ အစဉ်များတွင်  ပါဝင်ဆောင်ရွက်ခဲ့ သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူ ဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ် တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း    ဓာတ်ပြားများနှင့်    အခြားအသုံး အဆောင်ပစ္စည်းများ       စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားရှိမှုများအပေါ် သိရှိလို သည်များ   မေးမြန်းကြရာ တာဝန် ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊  ပြတိုက်ဆိုင်ရာ   မှတ်သားဖွယ်ရာ အဖြေလွှာများ၌     ကျောင်းသား   ကျောင်းသူများ၏    ဖြည့်စွက်မှုများ ကို    စိစစ်၍    ပြည့်စုံစွာဖြေဆိုသူ  သုံးဦးအား အမှတ်တရ လက်ဆောင် များ ပေးအပ်ခြင်းများ  ဆောင်ရွက် ခဲ့ကြပြီး  အဆိုပါ  လေ့လာရေးအဖွဲ့ များသည်         မွန်းလွဲပိုင်းတွင်  ပြန်လည်   ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်