နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇန်နဝါရီ     ၁၂


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို   ပြည်သူပူးပေါင်းပါဝင်မှုဖြင့်   လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Comm- unity Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃ ရက်မှ ၉ ရက် အထိ  နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်း များအရ တရားမဝင်ကျွန်း ၁၀၉ ဒသမ ၉၆၃၈ တန်၊ သစ်မာ ၃၇ ဒသမ ၆၄၁၄ တန်၊ အခြား ၁၃၂ ဒသမ ၅၂၂၇  တန်  စုစုပေါင်း  ၂၈၀ ဒသမ ၁၂၇၉ တန်၊ တရားခံ ၃၀၊ ယာဉ်/ယန္တရား ၁၉ စီး ဖမ်းဆီးရမိခဲ့ ကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီး ရမိမှုမှာ ဇန်နဝါရီ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသ ကြီး  ပုသိမ်ခရိုင်  ရေကြည်မြို့နယ် ကုန်းပြင်ဘိနယ် ရေနံ့သာ-ဂွ ကားလမ်း မိုင်တိုင်အမှတ် (၁၉) အနီး တွင် တရားမဝင်ကျွန်းခွဲသား ၃၅၅ ချောင်း၊ ၅၃ ဒသမ ၆၇၈၄ တန်၊ ယာဉ် လေးစီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။                            

သတင်းစဉ်