နေပြည်တော်နှင့် ကိုဗစ်

Type

 

မောင်အောင်

“ဟလို ဟလို မောင်အောင်လား”
နံနက်စောစောနေအိမ်တွင် ဖုန်းက ဝင်လာသည်။ ကျွန်တော်ပင် မဖြေရသေး သော်လည်း တစ်ဖက်က မေးလာချေပြီ။ ဒီအသံ ဒီအခေါ်အဝေါ်နှင့် ရင်းနှီးနေ၍ ပြန်၍ ဖြေလိုက်မိပါသည်။
“ဟုတ်ပါတယ်။   အမိန့်ရှိပါခင်ဗျာ။ ကျွန်တော် မောင်အောင်ပါ။”

 


“ငါ့ညီနှယ်ကွာ      နေနိုင်ရန်ကော။ ရွာလည်းမလာတာကြာပြီ။ အလုပ်ရှုပ် နေလို့    လူမလာနိုင်တောင်   ဖုန်းလေး ဘာလေးတော့ ဆက်ဦးမှပေါ့။”
ရွာမှ       ကျွန်တော့်အစ်ကိုကြီးက အပြစ်တင်လေသံဖြင့် ပြောလာခြင်းဖြစ် သည်။  အစ်ကိုကြီး    အပြစ်တင်မယ်ဆို လျှင်လည်း   တင်ချင်စရာ။    ကျွန်တော် ရွာမရောက်သည်မှာ   ခြောက်လကျော် ခဲ့ပြီ။
“ဟုတ်ကဲ့ပါ   အစ်ကို၊  ကျွန်တော် လည်း ဖုန်းဆက်မလို့ပါ။ အဲ ဒါပေမယ့် ..... ။”
“ဘာ ဒါပေမယ့် အလုပ်ကရှုပ်၊ ကိုဗစ် ကလည်း   ရှုပ်နေတယ်ဆိုတော့   မင်း မဆက်နိုင်ဘူးလို့  ပြောချင်တာမဟုတ် လား။   မင်းတို့   နေပြည်တော်မှာရော ကိုဗစ်အကြီးအကျယ်ဖြစ်နေတယ်ဆို။”

 


အစ်ကိုကြီးက ကျွန်တော့်အဖြေကို လက်မခံဘဲ စကားဖြတ်၍ ပြောလိုက်ရင်း နေပြည်တော်၏ ကိုဗစ်အခြေအနေကို မေးလိုက်ခြင်းဖြစ်သည်။
“နေပြည်တော်မှာ  ကိုဗစ် အကြီး အကျယ်ဖြစ်နေတယ်လို့ အစ်ကိုကြီးကို ဘယ်သူပြောသလဲ”
“ဟ မေးနေစရာလိုသေးလားကွာ။ ဒီလောက်ဖေ့စ်ဘွတ်မှာ ပလူပျံနေတာ။ မင်းတို့နေပြည်တော်ကရော  ဘာမို့လို့ ကိုဗစ်မဖြစ်ရမှာလဲ။”
အစ်ကိုကြီးမေးခွန်းက   ထပ်ဆင့် လာပြန်သည်။
“အစ်ကိုကြီးပြောတာ မှန်ပါတယ်။ နေပြည်တော်မှာ အစ်ကိုကြီး ပြောသလို ကိုဗစ်ကပ်ရောဂါ ဖြစ်တော့ဖြစ်ပါတယ်။ အဲ     ဒါပေမယ့်    အစ်ကိုကြီးပြောသလို နေပြည်တော်က ဘာမို့လို့မဖြစ်ရမှာလဲ ဆိုတော့ အစ်ကိုကြီးလည်း နေပြည်တော် ရောက်ဖူးပြီးသားပဲ။   နေပြည်တော်က မြို့ကွက်ကျယ်တယ်။  လူနေကျဲတယ်။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် နေရာက ဝေးတယ်။   အဲဒီတော့   အစ်ကိုကြီးတို့ သိထားတဲ့အတိုင်း    ကိုဗစ်ဗိုင်းရပ်က လူတစ်ဦးနဲ့တစ်ဦး    ခြောက်ပေလောက် ခွာရင်ကို ကူးဖို့နည်းနည်းခက်သွားတယ်။ နေပြည်တော်မှာ တစ်နေရာနဲ့တစ်နေရာ အဝေးကြီး၊ လူစုလူဝေးလည်း  နည်းပါး တော့ ကိုဗစ်ပြန့်ပွားဖို့၊ ကူးဖို့ခက်တာပေါ့။”
“အေး   မင်းပြောတာ   ဟုတ်တော့ ဟုတ်ပါတယ်။     နေပြည်တော်က တစ်နေရာနဲ့တစ်နေရာ     သွားရတာ ဝေးတော့    အခုလို     ကိုဗစ်ဖြစ်တာ ကူးစက်ဖို့   ခက်တာပေါ့။   အဲ  ဒါပေမယ့် ဖေ့စ်ဘွတ်မှာကျတော့ အကြီးအကျယ် ဖြစ်တယ်လို့ ဘာကြောင့် ရေးတာလဲ။ အဲ နောက်ပြီး ကိုဗစ်ရောဂါပိုးတွေ့တဲ့ လူတွေ ကွာရတင်းထားတာ ကျောင်းတွေ ဆေးရုံတွေတင်မကဘဲ     မဏိရတနာ ကျောက်စိမ်းခန်းမမှာတောင် ဘာကြောင့် ပြင်ဆင်ရတာလဲ။”

 


ကျွန်တော့်  အစ်ကိုကြီးက   ခေသူ မဟုတ်ပါ။   ဖေ့စ်ဘွတ်ကိုလည်း   စွဲစွဲ လမ်းလမ်းကြည့်သည်။   အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာကို        ကျွန်တော်မပို့နိုင်၍ နေပြည်တော်ဗုဒ္ဓဂယာကို ကျွန်တော် ပို့ပေးခဲ့ဖူးသည်။            အဲဒီတုန်းက တစ်နေရာနှင့်တစ်နေရာ    သွားရတာ ဝေးလွန်း၍      “မင်းတို့နေပြည်တော် များကွာ။ မြေကွက်အလကားပေးတောင်  ငါမနေဘူး။ ဘယ်လိုစိတ်ကူးစိတ်သန်း နဲ့များ ဒီလိုမြို့ကြီးကို လာတည်သလဲ”လို့ အစ်ကိုကြီးမေးဖူးသည်။   အဲဒီတုန်းက ကျွန်တော်ရှင်းပြသော်လည်း    သိပ်ပြီး စိတ်မဝင်စား။

 


“ဖေ့စ်ဘွတ်ကိုကြည့်ပြီး အဟုတ် မှတ်မယ်၊ ယုံမယ်ဆိုရင်တော့ အစ်ကိုကြီး မှားသွားမှာပေါ့။ ဖေ့စ်ဘွတ်ဆိုတာသူတို့ ဆန္ဒအရ    တစ်ဦးချင်းကို   နှိမ်ချင် ပြောချင်ရင်၊   အပုပ်ချချင်ရင်   ရေးချင် ရာရေးတာ။ အဲ နောက်ပြီး မဏိရတနာ ခန်းမကို ကိုဗစ်ရောဂါပိုးတွေ့တဲ့သူတွေ မဏိရတနာခန်းမမှာထားဖို့  ပြင်ဆင် တယ်ဆိုတာကတော့            မှန်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့    ဟိုတုန်းက စာသင် ကျောင်းတွေမှာ ထားတယ်လေ။ အဲ   ဒါပေမယ့် အခု  ကျောင်းတွေဖွင့်ထား ပြီဆိုတော့     ကျောင်းတွေမှာ   ထားရင် ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေမှာ အန္တရာယ်ရှိတာပေါ့။ ဒီတော့ ကျောင်း တွေသုံးလို့ မရတော့ဘူးလေ။ နောက် တစ်ခုက    မဏိရတနာခန်းမကြီးက လောလောဆယ်    ကျောက်မျက်ပြပွဲ တွေလည်း လုပ်ဖို့မရှိဘူးလေ။ အခန်း ကျယ်တယ်၊     ပတ်ဝန်းကျင်လည်း သန့်ရှင်းတယ်၊     လူနေအိမ်နဲ့လည်း ဝေးတယ်။ အဲဒါကြောင့် ထားဖို့စီစဉ်တာ။ နောက်တစ်ခုက ကိုဗစ်ရောဂါပိုးတွေ့ရှိ တဲ့သူတွေထဲမှာ    တချို့ရောဂါဖြစ်တဲ့ လူရှိတယ်။  တချို့   ရောဂါပိုးတွေ့ပေမယ့် ရောဂါလက္ခဏာဒဏ်    မခံစားရဘူး။ အဲဒီတော့    ဖြစ်နိုင်ရင်   အားလုံးကို ရောမထားဘဲ   အဲဒီလိုအုပ်စုလေးတွေ ခွဲထားရမယ်။ အဲဒါကြောင့် မဏိရတနာ ခန်းမမှာ ထားဖို့ပြင်ဆင်တာပါ။”

 


“အေး မင်းပြောတော့မှ ရှင်းသွား တယ်။ ငါလည်း  ထင်တော့ထင်တယ်။ မင်းတို့နေပြည်တော်က     ဒီလောက် လေကောင်းလေသန့်တွေကလည်းရ၊  အိမ်တွေကလည်း       တစ်နေရာနဲ့ တစ်နေရာ ဒီလောက်ဝေးနေတာ ဖြစ်ရင် တော့        အနည်းအကျဉ်းဖြစ်မှာပေါ့။ အကြီးအကျယ်တော့ မဖြစ်နိုင်ပါဘူးလို့။  အဲ ဒါနဲ့ မင်းကို ငါဟိုတုန်းက ပြောခဲ့ဖူး တဲ့စကား   မင်းမှတ်မိလား။   မင်းတို့ နေပြည်တော်မှာ    မြေကွက်အလကား ပေးရင်တောင်     မနေနိုင်ဘူးလို့လေ။ အခုတော့ ကိုဗစ်ကြောင့် နေပြည်တော်ကို စိတ်ဝင်စားသွားပြီကွာ။ နေပြည်တော်ကို ဘယ်လိုစိတ်ကူးနဲ့များ  လာပြီးတည်ရ  သလဲလို့          ငါပြောခဲ့ဖူးတယ်လေ။ အဲဒီတုန်းက       ငါသိပ်စိတ်မဝင်စားလို့ သေချာမှတ်မထားဘူး။    ပြန်ပြောစမ်း ပါဦး။”
“အစ်ကိုကြီး ကြိုးဖုန်းက အရေးကြီး တာပြောစရာရှိလို့တဲ့           ကျွန်တော့် တပည့်      လာပြီးသတင်းပို့နေတယ်။ နောက်ပြီးမှ ကျွန်တော်ပြန်ပြီးဆက်လိုက် ပါ့မယ်။”
ကျွန်တော်က    ပြောလည်းပြော လက်ကိုင်ဖုန်းကိုလည်း         ပိတ်ပြီး ကြိုးဖုန်းကိုသွား၍    ကိုင်လိုက်သည်။ ကြိုးဖုန်းက ကိစ္စပြီးမှ အစ်ကိုကြီးဆီ ပြန်ပြီး ဖုန်းဆက်ဖြစ်သည်။

 


ရေမြေတောတောင် သဘာဝအလှနှင့် ပြည့်ဝသည့် နေပြည်တော်


“မင်းအလုပ်ကလည်းကွာ   စောင့် လိုက်ရတာ”
အစ်ကိုကြီး၏ လေသံက မကြည် သည့်လေသံ။
“စောစောက အစ်ကိုကြီး မေးတာ... ဘာ..   နေပြည်တော်ကို  ဘာ့ကြောင့် တည်သလဲဆိုတာ.....      ဟုတ်လား အစ်ကိုကြီး”
“အေး ဟုတ်တယ်ဟေ့။ ရန်ကုန်နဲ့ ဒီလောက်အဝေးကြီးမှာ နေပြည်တော်ကို ဘာ့ကြောင့်တည်သလဲဆိုတာ “ငါသိချင် နေတာ”
“အစ်ကိုကြီး   မြန်မာပြည်မြေပုံကို မှတ်မိသေးလား”
“ဟ     မမှတ်မိဘဲနေမလားကွာ။ ငါတို့က ၁ဝ တန်းအထိနေခဲ့တာ။ ငါတို့ ၁ဝ တန်းတုန်းက သမိုင်းရော၊ ပထဝီရော၊ အထွေထွေသိပ္ပံရော       သင်ခဲ့ရတာ။ နောက်ကလေးတွေသာ   သိပ္ပံသမားက ပထဝီမသိ။  သမိုင်းမသိ။ ဝိဇ္ဇာသမားက အာခီးမီးဒီးစ်မသိ။ ပိုက်သာဂိုးရပ်စ်မသိနဲ့ ဒါနဲ့ မြန်မာပြည်မြေပုံနဲ့ နေပြည်တော် တည်တာနဲ့ ဘာဆိုင်လဲကွ။”

 


“ဆိုင်  မဆိုင် ကျွန်တော်ရှင်းပြမယ် လေ။ ကျွန်တော်တို့ ပထမမြန်မာနိုင်ငံ တော်ရဲ့မြို့တော်   ပုဂံကစပြီး   ရွှေဘို၊ မန္တလေးတို့မှာပဲ    ကျွန်တော်တို့ရဲ့ ရှေးမြန်မာမင်းတွေက နိုင်ငံရဲ့မြို့တော် အဖြစ်     သတ်မှတ်ခဲ့တာမဟုတ်လား။ အဲဒီမြို့တွေက မြန်မာနိုင်ငံရဲ့ အလယ် ပိုင်းမှာ ရှိတာမဟုတ်လား။” 
“ဟုတ်တယ်လေကွာ။ မင်းပြောတာ ငါလက်ခံပါတယ်။”
“အဲဒီလို    ရှေးမြန်မာမင်းတွေက ကိုယ့်နိုင်ငံရဲ့မြို့တော်ကို နိုင်ငံ့အလယ်မှာ တည်ဆောက်တယ်ဆိုတာ  ဘာဖြစ်လို့ တည်ဆောက်တယ်လို့            အစ်ကို ထင်သလဲ။”

 


“ဟ..   နဂိုကတည်းက ဖခမည်း တော်တွေ တည်ထားခဲ့တဲ့နေရာဖြစ်လို့၊ ဆန်ရေစပါး စိုက်လို့ပျိုးလို့ကောင်းလို့၊ ရာသီဥတုသမမျှတလို့ပေါ့ကွာ။”
ကျွန်တော့်အစ်ကိုကြီးက ချက်နှင့် လက်နှင့် ပြန်ရှင်းပြသည်။
“အစ်ကိုကြီးပြောတာမှန်တယ်။ အဲ ဒါတင်မကဘူး။ ရှေးမြန်မာဘုရင်တွေက နိုင်ငံတော်ကို  အုပ်ချုပ်တဲ့အခါ   နိုင်ငံ တော်လုံခြုံရေးအတွက် စစ်ရေးအမြင်နဲ့  မြို့တော်နေရာကို ရွေးချယ်ခဲ့ကြတာ။ အထူးသဖြင့်   နိုင်ငံတော်ရဲ့အလယ်မှာ မင်းနေပြည်တော်    ရှိနေခြင်းအားဖြင့် အရှေ့ကိုရော အနောက်ကိုရော တောင်နဲ့ မြောက်ကိုရော   ထိန်းချုပ်လို့မရနိုင် ဘူးလား။ တကယ်လို့သာ မင်းနေပြည် တော်က တောင်ဘက်အစွန်မှာရှိနေရင် မြောက်ဘက်က  ကျူးကျော်လာတာကို အလယ်ကဖြတ်ပြီး တားထားရင် သွားလို့ ရပါ့မလား။ မရနိုင်ဘူးလေ။”
“အေး   မင်းပြောတာဟုတ်တယ်။ လွတ်လပ်ရေးရပြီး ဖဆပလပါလီမန် ဒီမိုကရေစီတက်စမှာ  သောင်းကျန်းသူ တွေ   အင်းစိန်ကနေပိတ်ပြီးထားတော့ ဒို့မြန်မာ့တပ်မတော်က    အသက်သွေး ချွေးတွေစတေးပြီး အတော်လေးပြန်ပြီး တိုက်ယူရတယ်။ အဲဒီတုန်းက ရန်ကုန် အစိုးရဆိုပြီး ရန်ကုန်ကွက်ကွက်ကလေး ပဲ အစိုးရက အုပ်စိုးနိုင်တယ်လေ။ အခု နေပြည်တော်နေရာကတော့ ဒို့မြန်မာ နိုင်ငံရဲ့ ဗဟိုချက်ပဲကွာ။ အေး ဒီနေရာကို ရွေးချယ်ပေးခဲ့တဲ့   နိုင်ငံ့ခေါင်းဆောင် ကြီးကိုတော့ အမြော်အမြင်ကြီးမားမှု ကြောင့် ရှေးကထက်ပိုပြီးလေးစားမိပြီ။”

 


“အစ်ကိုရေ အဲဒါတင်မကသေးဘူး။ မင်းနေပြည်တော်ဆိုတာ ရေ၊ မြေ၊ တော၊ တောင်နဲ့ ပြည့်စုံဖို့လိုသေးတယ်။”
“မင်းဟာကလည်း  နေပြည်တော် နေရာရွေးတာကလည်း “ရေမြေ တော တောင်   သမုဒ္ဒရာ ခြားစေကွယ်”   ဆိုတဲ့ သီချင်းကျနေတာဘဲ။ ကဲ ပြောစမ်းပါဦး။”
“နေပြည်တော်     မြို့တော်တည် ဆောက်တဲ့နေရာက      ရေရှိရမယ်၊ မြေရှိရမယ်၊   တောရှိရမယ်၊   တောင် ရှိရမယ်။ ရေဆိုတာက အလွယ်လေးပါလို့ အစ်ကိုထင်ချင်ထင်မယ်။  တကယ်တော့ အဲဒီနေပြည်တော်မှာရှိတဲ့ ပြည်သူတွေ သောက်ဖို့ သုံးဖို့         ရေလုံလုံလောက်လောက် ရှိဖို့မလိုဘူးလား။”
“ဟ လိုတာပေါ့ကွာ။ ရေအသက် တစ်မနက်ပဲ။”     ဒို့မြစ်ဝကျွန်းပေါ်မှာ ရေဆို   ပေါမှပေါ။   ရေလျှံလို့တောင် လူတွေ ဒုက္ခရောက်သေးတယ်။”
“ဟုတ်ပါပြီ၊ အဲဒီမြစ်ဝကျွန်းပေါ်မှာ ပေါတဲ့ရေဆိုတာ    သောက်လို့မရဘူး။ မြစ်ရေ၊ ချောင်းရေ။ ကျွန်တော်ပြော တာက   သောက်လို့သုံးလို့ရတဲ့ရေကို ပြောတာ။ အခုနေပြည်တော်တည်ထား တဲ့နေရာက ပေါင်းလောင်းဆည်၊ ငလိုက် ဆည်၊ ချောင်းမကြီးဆည်၊ ချောင်းမငယ် ဆည်တွေနဲ့ ဝန်းရံထားတဲ့နေရာ။ အဲဒီ တော့ ဒီနေရာမှာ ပြည်သူတွေ သောက်သုံး ရေအတွက် စိတ်ပူဖို့ လိုသေးလား။”

 


“မလိုတော့ပါဘူး။       ဒီတစ်ချက် ကတော့ ဟုတ်သွားပြီး။ ကဲ မြေဆိုတာ ကလည်း ပြောစမ်းပါဦးကွ။ မြေကြီးများ နေရာတကာ ရှိတာပဲကို။”
“မြေကြီးရှိတော့ ရှိတာပေါ့ အစ်ကိုရ။ အဲဒီမြေကြီးက   နိုင်ငံရဲ့     မြို့တော် တည်ဆောက်ဖို့  မြေနေရာအကျယ်အဝန်း လုံလောက်ဖို့လိုတယ်။ မြို့တော်တည်လို့ ပြည်သူတွေဆီက   မြေသိမ်းရတာမျိုး မဖြစ်ဖို့လိုတယ်။ အဲ ပြီးတော့ မြေရဲ့ အနိမ့်အမြင့်။ ဟိုတလောကပဲ ရန်ကုန် မှာ ကမ်းနားဘက်အခြမ်းတွေမှာ မြေကြီး မနှစ်ကထက်  လေးလက်မလောက် နိမ့်ဝင်သွားတယ်လို့ပြောတာ      အစ်ကို ကြားလိုက်တယ်မဟုတ်လား။”
“အေး ကြားလိုက်တယ်။ ငါတော့ သိပ်မယုံချင်ပါဘူးကွာ။     ရေကြီးလို့ ရေတက်တာကို မြေကြီးနိမ့်သွားတယ်လို့ ပြောတာဖြစ်မှာပေါ့။”
အစ်ကိုက သူ့အမြင်ကို ပြောလိုက် သည်။

 


“မယုံမရှိနဲ့ အစ်ကိုရေ။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆိုရင်        တစ်နှစ်ကို ခြောက်လက်မလောက်   နိမ့်ဝင်နေတယ်။ ရန်ကုန်ကလည်း       တစ်နှစ်တစ်နှစ် လေးလက်မလောက် နိမ့်ဝင်နေတယ်။  နောက်   နှစ်  ၂ဝ       လောက်ဆိုရင် ဘန်ကောက်က ရေအောက်ထဲ မြုပ်ဝင် မှာ။ ရန်ကုန်ကလည်း နှစ် ၃ဝ  လောက် ဆိုရင် စိတ်မချရတော့ဘူး။ ဘာ့ကြောင့် လဲဆိုတော့ စကြဝဠာကြီးမှာ လေထုက အပေါ် ဆုံးက လေထုအောက်က မြေထု၊ မြေထုအောက်က   ရေထု။   အဲဒီမြေ အောက်ရေကို ရန်ကုန်မှာနေတဲ့လူတွေ အဝီစိတွင်းတူးပြီး       ထုတ်မသုံးဘူးလား သုံးလား။”
“သုံးတာပေါ့ကွာ။   အဝီစိတွင်းရေ ဆိုတာ ကြည်မှကြည်၊ ကောင်းမှကောင်း။”
အဲ ဒါပေမယ့် အစ်ကိုရေ အဲဒီ အဝီစိ တွင်းက တစ်မိုင်ပတ်လည်မှာ ဘယ်နှ လက်မရှိတဲ့တွင်း       ဘယ်နှတွင်းပဲ တူးရမယ်ဆိုတာ သတ်မှတ်ချက်ရှိတယ်။”

 


“အဝီစိတွင်းက ကိုယ်တူးချင်တိုင်း တူးလို့ရတာမှ မဟုတ်တာကွ။ စည်ပင် က ခွင့်ပြုမှ တူးလို့ရတာကို။”
အစ်ကိုက    သူသိသလောက်နှင့် ဝင်ရောက်ချေပလိုက်သည်။
“အဲဒါကြောင့်   အစ်ကိုရေ      အခု နေပြည်တော်နေရာက  ရန်ကုန်ထက် ပင်လယ်ရေမျက်နှာပြင်  ပိုပြီးမြင့်တယ်၊ ပြီးတော့   နေရာအကွက်အကွင်းကျရုံ၊ မြင့်ရုံတင်မကဘူး၊   စိုက်ပျိုးရေးလည်း လုပ်လို့ကောင်းတယ်။        ကျွန်တော့် အိမ်ထဲမှာဆို ဘာပင်စိုက်စိုက်ဖြစ်တယ်။ အစ်ကိုလာတုန်းကတောင် မင်းအိမ်က ခရမ်းပင်၊  ငှက်ပျောပင်၊   ငရုတ်ပင်တွေ ဖြစ်လာချည်လားကွာ”  လို့    အစ်ကို ပြောသေးတယ်လေ။”
“အေးဟုတ်ပါပြီ။ ရေနဲ့မြေနဲ့တော့ ငါလက်ခံပါပြီ။ တောနဲ့တောင်ဆိုတာ လည်း ပြောစမ်းပါဦး။”

 


အစ်ကိုက ဆက်၍ တောင်းဆိုနေပြန် တော့   မပြော၍မဖြစ်ပါ။   ကျွန်တော် ဆက်၍ပြောရပြန်သည်။
တောနဲ့တောင်ကတော့ အစ်ကိုရာ  တောရှိရင်  သစ်ပင်တွေရှိရင်  စိမ်းလန်း မယ်၊ စိုပြည်မယ်။ ရာသီဥတုကိုထိန်းမယ်။ ရေတိုက်စားမှုကိုထိန်းမယ်။   သဘာဝ ပတ်ဝန်းကျင်ကို   အမြဲသန့်ရှင်းအောင် ထိန်းသိမ်းမယ်။  တောင်တွေကတော့ သဘာဝအတားအဆီး သဘာဝသယံဇာတ တွေပဲ။ နေပြည်တော်ပတ်လည်မှာ အစ်ကို လာတုန်းက မြင်တဲ့အတိုင်း တောင်တွေ     ပတ်ခြာလည်ဝိုင်းမနေဘူးလား။   အဲဒီ တောင်တွေ၊ သစ်တောတွေက ရေဝေရေလဲ ဧရိယာဖြစ်ပြီး မိုးရေတွေကို ဖြစ်စေတယ်။ ဆည်တွေ၊ ချောင်းတွေကို ရေပြည့်စေ တယ်။ အဲဒီတော့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာစေတာပေါ့။

 


“အေး မင်းပြောမှ  နေပြည်တော် နေရာကို ဘာ့ကြောင့်  ရွေးချယ်တယ် ဆိုတာကို       သဘောပေါက်ပြီကွာ။ ရွေးချယ်ပေးခဲ့တဲ့     နိုင်ငံ့ခေါင်းဆောင် တွေကို   အလွန်ကျေးဇူးတင်မိတယ်။ အမြော်အမြင်   ကြီးမားမှုကိုလည်း လေးစားမိတယ်။   နဂိုတုန်းကတော့ စစ်တပ်က သူ့အတွက်ပဲ နေပြည်တော် တည်ခဲ့တယ်လို့    ထင်ခဲ့တာ။    အခု မင်းရှင်းပြတော့မှ တိုင်းပြည်အုပ်ချုပ်တဲ့ နိုင်ငံ့ခေါင်းဆောင်    တစ်ယောက်ဟာ ဘယ်လောက်အရေးပါတယ်၊     ဘယ် လောက်    ဦးနှောက်ရှိရမယ်ဆိုတာ ငါသဘောပေါက်တော့တယ်။ ဒါ့ကြောင့် နေပြည်တော်မှာ ကိုဗစ် ဆိုးဆိုးရွားရွား မဖြစ်တာကို ငါလက်ခံပါတယ်။”

 


“အစ်ကိုရေ နိုင်ငံ့ခေါင်းဆောင်ဆိုတာ  ကိုယ့်နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ပေးဖို့ကို စစ်ရေး အမြင်၊   နိုင်ငံရေးအမြင်၊   စီးပွားရေး အမြင်နဲ့  လူမှုရေးအမြင် စတဲ့   အမြင် (၄)ရပ်နဲ့ပြည့်စုံမှ အုပ်ချုပ်ရေးအတွေ့ အကြုံရှိမှ နိုင်ငံ့ခေါင်းဆောင်ဖြစ်သင့်တာ။ ပြီးခဲ့တဲ့ အစိုးရတွေကို ပြန်ပြီးသုံးသပ်ရင် ဘယ်သူက နိုင်ငံတော်အတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ခဲ့တယ်၊ ဘယ်သူ့ လက်ထက်မှာ ဘယ်လိုတိုးတက်တယ် ဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ။”
“အဲ ..    အဲဒါလေး   မင်း   ငါ့ကို နည်းနည်းသုံးသပ်ပြလေကွာ။”

 


အစ်ကိုက စိတ်ပါလက်ပါ တောင်းဆို လာပါသည်။ ထိုအချိန်တွင် ကြိုးဖုန်းက မြည်လာပြန်သည်။
“ကဲ    ဖုန်းလာပြန်ပြီ    အစ်ကိုရေ။ နောက်နေ့မှ ကျွန်တော်ပြန်ပြီး ဖုန်းဆက် ပါမယ်။ အခုတော့ ဖုန်းကိုင်လိုက်ဦးမယ်။”
ကျွန်တော်       စကားစဖြတ်ပြီး လက်ကိုင်ဖုန်းကိုပိတ်၍   ကြိုးဖုန်းကို သွား၍ကိုင်လိုက်သည်။
နောက်ရက်တွင်        ကျွန်တော့် ဖုန်းဆက်အလာကို ကျွန်တော့် အစ်ကို ကြီး စောင့်မျှော်နေပေရော့မည်။