နွေပူပူမှာ ရေလိုက ရေချိုဖြစ်စေခဲ့သူ

Type
1

နွေမ
 

ယနေ့ခေတ်တွင် ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှ  ရာသီဥတုကပ်ဘေးပြဿနာက တစ်ကမ္ဘာ လုံး အတိုင်းအတာထိ ရိုက်ခတ်လျက် ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှု၊    သစ်တော ပြုန်းတီးမှု၊ တောတောင် ပြုန်းတီးမှု၊ အဖိုးတန်ဓာတ်သတ္တု များ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ မြေအောက်ရေ ကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှု အစရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူလုပ်ရပ်များကြောင့်  နောက်ဆက်တွဲ ကြုံတွေ့လာရသည့်      ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ် များကို    နှစ်စဉ်ကြုံတွေ့လာနေရပြီ ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုနှင့်  ရာသီဥတုပြောင်းလဲမှုကို ကုစားရန်လည်း အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက် ရန် လိုအပ်နေချိန်လည်း ဖြစ်ပါသည်။ နိုင်ငံတကာ မှ သုတေသနပြုစုထားသည့် စစ်တမ်းအချို့အရ  မြန်မာနိုင်ငံသည်လည်း အာရှတွင်သာမက ကမ္ဘာ ပေါ်တွင် သဘာဝဘေးအန္တရာယ်ပိုမို ထိခိုက်ခံစား လာနေရသည့် နိုင်ငံများစာရင်း၌ ပါဝင်နေပြီ ဖြစ်ကြောင်း သိရသည်။
ရေများသည့်ဒုက္ခနှင့် ရေရှားသည့်ဒုက္ခ
 မြန်မာနိုင်ငံတွင်    ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာမှုများကြောင့်  စိုက်ပျိုးရေးကို အဓိက အားထားလုပ်ကိုင်နေကြရသည့်   ဒေသ ကြီးများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီး ခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်းအစရှိသည့် သဘာဝ ဘေးဒဏ်တို့ကို အလူးအလဲခံစားနေကြရသည်။ တစ်နည်းအားဖြင့် အချို့ဒေသများတွင် ရေကြီး ခြင်းဒုက္ခကို ခံစားနေရသလို  မြန်မာနိုင်ငံအလယ် ပိုင်းနှင့် အထက်ပိုင်းတို့တွင် မိုးခေါင်မှုကြောင့် မိုးရေကိုသာ အဓိကအားထားနေရသည့် ဒေသ များ၌နွေရာသီတွင်စိုက်ပျိုးရေနှင့် သောက်သုံးရေ ရှားပါးမှု၊ ပြတ်လပ်မှု ကြုံတွေ့နေရသည်။  အခြေ အနေ နှစ်ရပ်အရ အချို့က ရေများသည့် ဒုက္ခကို ခံစားနေရခြင်း၊ အချို့က ရေရှားပါးသည့် ဒုက္ခကို ခံစားနေရပြီး စိုက်ပျိုးရေနှင့်   သောက်သုံးရေ   အလုံအလောက်ရရှိရန်မှာ   ဒေသခံတောင်သူများ အတွက် လတ်တလော အဓိကလိုအပ်ချက်ပင် ဖြစ်လို့နေပါသည်။   ထို့ကြောင့်   တစ်ဖက်က သဘာဝပတ်ဝန်းကျင်ကို     ထိန်းသိမ်းရမည် ဖြစ်သလို တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်း ကျင် ပျက်စီးမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ် လာသော   ရေရှားပါးမှုကို   အစိုးရနှင့် ပြည်သူ ဟန်ချက်ညီညီ ဖြေရှင်းရန်မှာ အလွန်အရေးကြီး ကြောင်း ပြသနေပါသည်။
ဝေဝေဆာဆာဖူးပွင့်လာသည့်   ငုပန်းများက နွေ၏ သရုပ်ကိုပီပြင်စေသကဲ့သို့ မြင့်တက်လာသည့် အပူချိန်များကြောင့်    လောကဓာတ်တစ်ခွင်သည် ခြောက်သွေ့လာကာ ရေတွင်း၊ ရေကန်များသည် လည်းရေခန်းခြောက်လာ၍ ရေရှားပါးသည့် ဒေသ များတွင် ရေရရှိ​ရေးအတွက် ကြိုးစားကြရပေဦး မည်။ရေအရင်းအမြစ်ကြွယ်ဝသည့် အမိမြန်မာနိုင်ငံ သည် နှစ်စဉ် ရေရှားပါးခြင်းကို ကြုံတွေ့နေ ရသည်မှာ ဖောင်စီးရင်း   ရေငတ်သကဲ့သို့ပင်   ဖြစ်နေသည်။ အယ်လ်နီညို၊ လာနီညာကဲ့သို့သော အစွန်းရောက်မိုးလေဝသအခြေအနေများကြောင့်  မိုးခေါင်ခြင်း၊ မိုးများခြင်းများသည်လည်း ရေအရင်းအမြစ်များကို ထိခိုက်လာစေသည်။ ဤကဲ့သို့ အရေးကြီးလာသော ရေကဏ္ဍကို  ပိုမိုသတိပြုမိစေရန်အတွက်  ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့မှ မတ်လ၂၂ရက်နေ့ကို ကမ္ဘာ့ရေနေ့ အဖြစ် သတ်မှတ်ထားသည်။  ရေဖူလုံရေးအတွက် နိုင်ငံအဆင့်   ရေတို၊ရေရှည်  စီမံချက်များချမှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့     တစ်ဦး တစ်ယောက်ချင်းစီမှလည်း ရေချိုကိုစည်းကမ်းရှိရှိ ထားသုံးစွဲကြရန် တိုက်တွန်းလိုပါသည်။
ရေရှားမှုကြုံရသည့် တိုင်း ၃ တိုင်း
မြန်မာနိုင်ငံတွင် နွေရာသီရေရှားသည့် ပြဿနာ ကို အပူပိုင်းဇုန် တိုင်း ၃ တိုင်းဖြစ်သည့် စစ်ကိုင်း၊  မကွေးနှင့်မန္တလေးတိုင်းဒေသကြီးများတွင် အများဆုံး ကြုံတွေ့နေရပြီး ယခုအခါ ရာသီဥတု ပြောင်းလဲခြင်း နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်း များကြောင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် လည်း ရေရှားပါးသည့် ပြဿနာကို နှစ်စဉ်ရင်ဆိုင် ကြုံတွေ့နေရပါသည်။      ရေရှားပါးပြဿနာကို ဖြေရှင်းရန်မှာ အပြောလွယ်သလောက် လက်တွေ့ လုပ်ဆောင်ရာမှာ အခက်အခဲများစွာ ရှိနိုင်ပါသည်။ 
ရာသီဥတုဖြစ်စဉ်    ပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ စိမ့်စမ်းများခန်း ခြောက်လာခြင်း၊ မြေအောက်ရေခန်းခြောက်မှုများ ဖြစ်ပေါ်လာခြင်းများကြောင့်      တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာများအနေဖြင့် သောက်သုံးရေရှားပါးပြတ်လပ်မှုများ    ကြုံတွေ့လာရသည့် အတွက် ရေရှားကျေးရွာများတွင် သောက်သုံးရေ ရရှိစေရန် အလို့ငှာ ကျေးလက်ဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ် အယ်လ်နီညို ကာလမှစ၍ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO များ၊ အလှူရှင်များနှင့် ပေါင်းစပ်၍ ဘဏ္ဍာရေးနှစ်အလိုက် သောက်သုံးရေ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ သည်။ သောက်သုံးရေပြတ်လပ်မှုများကို ချက်ချင်း တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကျေးရွာများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဖြန့်ဝေထားရှိပြီး (ဖုန်း၊ Facebook၊ Messenger၊ Viber)   မှလည်း  သတင်းပေးပို့နိုင်ရန်အတွက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ ရေရှားပါးပြတ်လပ် မှုများအား  ချက်ချင်းတုံ့ပြန်နိုင်စေရန်နှင့်  အချက် အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ www. water–donation.com website  တွင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အထိ နွေရာသီ ရေရှားပါးကျေးရွာ ၂၂၃၆ ရွာသို့ ရေဂါလန်ပေါင်း ၃၀ ဒသမ ၀၃၅၄သန်း ဖြန့်ဝေပေးခဲ့ပြီး အိမ်ခြေ ၀ ဒသမ ၅၀ သန်း၊ လူဦးရေ ၂ ဒသမ ၄၁၀ သန်း အကျိုးခံစား ရရှိခဲ့ပါသည်။ ထို့အပြင် ဦးစီးဌာနပိုင် ရေသန့်စင်ကား ၁၀   စီးဖြင့် လည်းကောင်း၊    ရေသယ်ယာဉ် အစီး ၂၀ ဖြင့်လည်းကောင်း ရေရှားပါးကျေးရွာများသို့ သောက်သုံးရေများ  ဖြန့်ဝေပေးလျက်   ရှိပါသည်။ ရေရှည်အစီအမံအနေဖြင့် ရေရှားပါးကျေးရွာ များအတွက်  ဒေသအလိုက်ရေရရှိနိုင်မည့် နည်းလမ်း များကို ဖော်ထုတ်၍ ဦးစားပေးအလိုက် ရန်ပုံငွေ လျာထားဆောင်ရွက်ခြင်း၊ နှစ်အလိုက် အစီအမံများ လျာထားဆောင်ရွက်၍ ရေရရှိရေးနည်းလမ်းများ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၀  ပြည့်နှစ် မတ်လမှ  ဇူလိုင်လအတွင်း နွေရာသီရေရှားပါးကျေးရွာများတွင် သောက်သုံးရေ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရာ၌ ကိုဗစ်ကာလဖြစ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသည့် နေထိုင်မှု ပုံစံသစ် (The New Normal) ကို လိုက်နာပြီး ကိုဗစ်-၁၉ ကပ်ရောဂါ        ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး လမ်းညွှန်ချက်များဖြင့်   ရေဖြန့်ဝေပေးနိုင်ခဲ့သည် မှာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေရသော ကျေးလက်ဦးစီး၏       ဝန်ထမ်းများအတွက် မှတ်ကျောက်တင်ခံနိုင်ခဲ့သည့်     အောင်မြင်မှု အနှစ်သာရဟုပင် ဆိုနိုင်ပါသည်။
နွေပူပူမှာ ရေချိုလိုပါက ဆက်သွယ်နိုင်
မကြာမီရောက်ရှိလာတော့မည့်  ၂၀၂၁  ခုနှစ် နွေရာသီကာလအတွင်း သောက်သုံးရေမပြတ်လပ် စေရေးအတွက်  ကျေးလက်ဦးစီးဌာနအနေဖြင့် ၂၀၂၀  ပြည့်နှစ်   ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခုနှင့်အတူ  (virtual meeting) ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးကြီး များ၏   တင်ပြချက်အရ ၂၀၂၁ခုနှစ်   နွေရာသီ ကာလတွင် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၄၇ ရွာတွင် သောက်သုံးရေရှားပါးနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။ နွေ၏အငွေ့အသက် ရရုံမျှ ဖြင့် ရေရှားပါးပြတ်လပ်မှုသတင်းများကို စတင် ကြားနေရပြီဖြစ်ပါသည်။ လတ်တလောအနေဖြင့်  ကယား၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ နေပြည်တော် စသည့် တိုင်းဒေသကြီး/ပြည်နယ်ငါးခုရှိ ကနဦး သောက်သုံးရေရှားပါးသည့် ကျေးရွာ ၁၇ ရွာတွင် ရေဂါလန်ပေါင်း ၄၄၆၀၀ ကို ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးလက် ရေရရှိရေးလွှမ်းခြုံမှုမှာ ၆၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ  ၇၇.၅ ရာခိုင်နှုန်း ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာ ခိုင်နှုန်းပြည့်မီနိုင်ရေး ဆက်လက်ဆောင်ရွက် မည်ဖြစ်ပါသည်။  ထို့ကြောင့်  ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၆) မျှော်မှန်းချက်များ၊ ကျေးလက်ရေရရှိရေး မဟာဗျူ ဟာပါ ရည်မှန်းချက်များပြည့်မီစေရေး၊ ကျေးလက် ဒေသများသန့်ရှင်းသော သောက်သုံးရေရရှိရေး အတွက် ကြိုးပမ်းကြရာတွင် ပြည်သူ၏ ပူးပေါင်း ပါဝင်မှုသည်  အလွန်အရေးပါသော အခန်းကဏ္ဍ အနေဖြင့်ရှိနေပြီး ပြည်သူနှင့်အစိုးရ တက်ညီ လက်ညီ ပူးပေါင်း‌ဆောင်ရွက်ပါက လက်တစ်ကမ်း တွင်ရှိနေသော အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင် နိုင်မည်ဖြစ်သဖြင့် တာဝန်သိ၍   တိုင်းပြည်ကို ချစ်သော နိုင်ငံသားများအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြစေရန် တိုက်တွန်းရင်း နွေပူပူမှာ ရေချိုလိုအပ်ပါကလည်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ် နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ချင်ပါ တော့သည်။      ။