နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

 

နေပြည်တော်   ဩဂုတ်     ၂၉
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ရှစ်ပေခန့်ရှိနိုင်သည်။
နေပြည်တော်နှင့် မန္တလေးမြို့တို့အနီးတစ်ဝိုက်တွင် ယနေ့ နေရာ ကွက်ကျား   မိုးထစ်ချုန်းရွာမည်။    ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။
မနက်ဖြန်အတွက်ခန့်မှန်းချက်မှာ   ပဲခူးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင်  မိုးပိုလာနိုင် သည်။                              

မိုး/ဇလ