
နေပြည်တော် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်၌ ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁ ရက် ည ၉ နာရီ တွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ (၆၁)လမ်း၊ လမ်း ၁၃၀ နှင့် ၁၃၁ လမ်းကြား၊ အမှတ်(၇၀/ ၇၁)ရှိ ဒေါ်စိန်ဌေး(၆၀)နှစ်၏ နေအိမ်နှင့်တွဲလျက်ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိပြီး ဂိုဒေါင်အတွင်းမှ မီးသွေးအိတ် များဖြင့် ဖုံးအုပ်သိုဝှက်ထားသည့် ဆာလာအိတ် ၁၆ အိတ်ဖြင့်ထည့် လျက် ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၅၀၀၀၀နှင့်အတူ မူးယစ်ဆေး ဝါး သယ်ဆောင်ရာတွင် အသုံးပြု သည့် FUSO အမျိုးအစား ၁၀ဘီး မော်တော်ယာဉ် တစ်စီးနှင့် TOYOTA DYNA မော်တော်ယာဉ် တစ်စီး၊ TOYOTA TOWN ACE မော်တော်ယာဉ် တစ်စီးတို့ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်း ဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်