ငြိမ်းချမ်းရေးအတွက် နှလုံးရည်သတ္တိ

 

 

၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံး တွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧပြီလ  ၂၂ ရက် က ပြောကြားသည့်   ငြိမ်းချမ်းရေးနှင့်  ပတ်သက်သည့်  မိန့်ခွန်းတွင် ပါရှိသည်။  လက်ရှိ  နိုင်ငံတော်၏  အကြီးအကဲ၊ တပ်မတော်၏ ခေါင်းဆောင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး တွင်  ရှိနေသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်ရေး၏အရသာ၊  ဒီမိုကရေစီ၏အရသာ၊ ငြိမ်းချမ်း ရေး၏  အရသာကို   အပြည့်အဝခံစားရရှိနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏‌ ခေါင်းဆောင်များ ကို    ဖိတ်ခေါ်လိုက်ပြီဖြစ်ရာ    ငြိမ်းချမ်းရေးကို    လိုလား တောင့်တနေကြသည့် ပြည်သူလူထု၏ ဆန္ဒနှင့် တစ်ထပ် တည်းပင်ဖြစ်သည်။ 
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟူ၍ သတ်မှတ်ရခြင်း သည်  မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်   (၇၅)  နှစ်ပြည့် မြောက်သည့်   ၂၀၂၃  ခုနှစ်တွင်  လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး      တည်ဆောက်ရေးကို စည်းလုံးညီညွတ်သော   အင်အားဖြင့်   အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်။ ပစ္စက္ခကာလ တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  အိမ်စောင့် အစိုးရအဖြစ် နိုင်ငံ၏တာဝန်အဝဝတို့ကို ထမ်းရွက်နေခြင်း ဖြစ်ပြီး    ဒီမိုကရေစီနှင့်   ဖက်ဒရယ်ပြည်ထောင်စုစနစ်တို့ အတွက်လည်း အာမခံထားခြင်းဖြစ်ရာ ရိုးသားပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုများအတွက်     အချိန်အခါကောင်း၊ အခွင့်အလမ်းကောင်းကို       ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ   နိုင်ငံအလုံးစုံ  ပျက်သုဉ်းရေး အတွက် ပြည်တွင်း ပြည်ပ အကြမ်းဖက်အဖျက်အုပ်စုများ နှင့်   အကြမ်းဖက်အားပေးမီဒီယာများက  ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်မလာစေရန် နည်းမျိုးစုံဖြင့် ဖျက်လိုဖျက်ဆီး     ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏   ငြိမ်းချမ်းရေးအတွက်   ဖိတ်ခေါ်ကမ်းလှမ်းမှုသည် တိုင်းရင်းသားပြည်သူအားလုံး   ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုး တိုးတက်မှု၏ အရသာကို ခံစားနိုင်ရေးအတွက် သန့်ရှင်း ဖြူစင်သော    စေတနာဆန္ဒဖြစ်ပြီး   အားလုံးအတူတကွ လက်တွဲ၍    ရိုးသားပွင့်လင်းစွာ   ဆွေးနွေးကြခြင်းဖြင့် တိုင်းရင်းသား  ပြည်သူလူထု၏အကျိုး၊  ဒေသ၏အကျိုး၊ ပြည်ထောင်စုကြီး၏  အကျိုးကို  အချိန်တိုတိုဖြင့်  ထိထိ ရောက်ရောက် ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ 
နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်   တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးတို့မှ ခေါင်းဆောင်များအနေ ဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံးထား၍  ပြန်ကြားပေးရမည် ဖြစ်ရာ ရက်အနည်းငယ်မျှသာ လိုတော့သည်။ နိုင်ငံတစ်ဝန်း လုံးတွင်   ရှိနေသော  တိုင်းရင်းသားပြည်သူလူထု၊  ဒေသ အသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထု ၏ အလိုလားဆုံးသောဆန္ဒ၊ တစ်သက်တာအိပ်မက်အတွက် ပူးပေါင်းဆောင်ရွက်သွားရန်         အသင့်ရှိနေကြောင်း ကောင်းသတင်းများနှင့်အတူ           ပြည်ထောင်စုဖွား ညီရင်းအစ်ကို မောင်ရင်းနှမများအကြား   ထာဝရငြိမ်းချမ်း ရေးကို   နှလုံးရည်သတ္တိ    ပြည့်ဝစွာဖြင့်    ဖော်ဆောင်နိုင်ကြ ပါစေကြောင်း။     ။