နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် “တစ်နိုင်ငံ လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည်။”ဟူသော လုပ်ငန်းစဉ် (၄) နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။
နိုင်ငံသူ နိုင်ငံသားတိုင်း လိုလားကြသည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းမှု ရှိနေစေရန် အရေးကြီးသည်။ ယင်းအချက်ကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ကလည်း အလေးအနက်ခံယူသည့်အလျောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စတင်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ယခု ၂၀၂၃ ခုနှစ်တို့ကိုပါ နှစ်လုံး ပေါက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင် များအား ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည် ဖော်နိုင်ရေး ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခုနစ်ဖွဲ့၊ လက်မှတ်မရေးထိုးထားရ သေးသည့် သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် ဆွေးနွေးနိုင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများမှ “ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှု ရလဒ်များ” ကို ဖော်ဆောင်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးသည် တစ်ရက်စော၍ရရှိလျှင် တစ်ရက် မြန်မြန်အကျိုးရှိနိုင်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်ပတ်သက်နေကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များအနေဖြင့် ငြိမ်းချမ်းရေးသန္နိဋ္ဌာန်ဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော်ကြရန်လိုသည်။ တစ်မိသားစုတည်းမှ ညီအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ဖြင့် သံသယစိတ်များကို ဖယ်ရှားကာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးအဖြေရှာကြရမည်လည်းဖြစ်သည်။ တစ်ဖက် တွင်လည်း မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးအတွက် ကြံစည်ကြိုးပမ်းနေကြသည့် အဖျက်အုပ်စုများက တိုင်းရင်း သားစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးရေး သွေးခွဲသပ်လျှို လုပ်ငန်းများ၊ မီးလောင်ရာလေပင့်သည့်အနေဖြင့် အဖျက် လုပ်ရပ်များအတွက် ပေးကမ်းထောက်ပံ့မှုများ ပိုမိုတိုးမြှင့် ပြုလုပ်လာနေသည်ကို သတိတရားဖြင့် ရှောင်ရှားနိုင်ကြရန် လည်းလိုသည်။
နိုင်ငံ့အင်အားသည် ပြည်တွင်းအင်အားဖြစ်ပြီး ပြည်တွင်း မှာသာရှိသည်။ ပြည်တွင်းအင်အားကို စုစည်းနိုင်မှသာ နိုင်ငံကို အများနည်းတူ ရင်ပေါင်တန်းနိုင်စေရန် တည်ဆောက်နိုင်သည့် အင်အားကို ရရှိနိုင်မည်ဖြစ်သည်။ ပဋိပက္ခများနှင့် အဖျက် သံသရာမှ ရုန်းမထွက်နိုင်သရွေ့ အဆိုပါအင်အားတို့ ပျက်စီး ပြုန်းတီးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန်လည်း ခက်ခဲနေဦး မည်ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့၏ လိုအင် ဆန္ဒများနှင့်အညီ ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ် များ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။