ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်ချစ်ခင်ခြင်းဖြင့် ပိုမိုသာယာလှပသော အနာဂတ်ဆီသို့

Type
လေးလေးနွယ် မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ။ တွေ့သည်နှင့် ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးပင် သိကြ၏။ ကောသလမင်းကြီးမှစ၍ မည်သူမျှ ထိုနှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။ တစ်နေ့သောအခါတွင် မြတ်စွာဘုရားသည် မိုးသောက်ချိန်အခါ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်တော်မူရာ ထိုနှစ်ဦးကို မြင်တော်မူ၍ ဆွမ်းခံ ကြွချိန်တွင် ကိုယ်တော်တစ်ပါးတည်း ဆွမ်းခံထွက် တော်မူပြီး စစ်သူကြီးတစ်ဦး၏ အိမ်ရှေ့တွင် ရပ်တော်မူ၏။ မေတ္တာအကျိုး ဟောတော်မူ စစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်တော်မူ၏။ မြတ်စွာဘုရားသည် မေတ္တာအကျိုး ကို ဟောတော်မူ၍ စစ်သူကြီးသည် သစ္စာတရားကို နာကြားရသော အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာဘုရားလည်း သောတာပန် တည်ပြီးသော စစ်သူကြီးအား သပိတ်ကိုထမ်းစေ လျက် အခြား စစ်သူကြီးတစ်ဦး၏ အိမ်ရှေ့တွင် ရပ်ပြန်၏။ ထိုစစ်သူကြီးသည်လည်း မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်ပြန်၏။ မြတ်စွာဘုရားကလည်း ရှေ့နည်းအတူ တရားဟောကြားတော်မူပြန်ရာ ထို စစ်သူကြီးလည်း သောတာပန်တည်ပြန်၏။ စစ်သူကြီးနှစ်ဦးသည် အပြန်အလှန် ဝန်ချ တောင်းပန်ကြ၏။ ထိုအကြောင်းခြင်းရာနှင့် ဆက် စပ်၍ မြတ်စွာဘုရားက ရှေးအခါကလည်း ဤသို့ သင့်မြတ်စေရန် ဆောင်ရွက်ပေးခဲ့ဖူး၏ဟု ဆိုကာ အတိတ်ဇာတ်ကို ဟောတော်မူခဲ့သည်။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ် ဘုရားလောင်းသည် ရသေ့ဖြစ်ပြီး မြစ်ကမ်းအနီး တွင် နေထိုင်၏။ ဗာရာဏသီမြို့တွင် ပွဲတော်ကြီး ကျင်းပလေရာ နတ်၊ နဂါး၊ ဂဠုန်တို့ပါ လူယောင် ဖန်ဆင်း၍ လာကြ၏။ ထိုပွဲတွင် နဂါးသည် ဂဠုန်၏ ပုခုံးပေါ်သို့ အမှတ်တမဲ့ လက်တင်၍ ပွဲကြည့်၏။ ဂဠုန်က နဂါးမှန်းသိသောအခါ နဂါးသည် မြို့မှ ထွက်၍ မြစ်ဆိပ်သို့ ပြေးလေသည်။ ထိုအချိန်တွင် ဘုရားလောင်း ရသေ့သည် မြစ်ဆိပ်၌ ရေချိုးဆင်းနေရာ နဂါးသည် ပတ္တမြားလုံး အသွင် ဖန်ဆင်း၍ သင်္ကန်းကြားတွင် ဝင်နေ၏။ ဂဠုန်သည် နဂါးကို စားလိုသော်လည်း မစားဘဲနေ သောကြောင့် ဘုရားလောင်းရသေ့က မြတ်သော ရသေ့ရဟန်းကို ပူဇော်ခြင်းကြောင့် နဂါးကို စားလို လျက် မစားသော သင့်ကို ဗြဟ္မာမင်းစောင့်ရှောက်၍ အသက်ရှည်ပါစေ။ သင့်အတွက် နတ်သုဒ္ဓါ ရနိုင် ပါစေဟု မေတ္တာပို့ ဆုပေးပြီးနောက် နဂါးနှင့် ဂဠုန် နှစ်ဦးစလုံးကို ကျောင်းသို့ခေါ်ကာ မေတ္တာဘဝနာ အကျိုးကို ဟောကြားသဖြင့် ဂဠုန်နှင့် နဂါးသည် ညီညွတ်ချစ်ခင်သွားကြလေသည်။ တစ်ဦးကို တစ်ဦး ရန်ပြုတိုက်ခိုက်ခြင်းသည် မိမိနှင့် သူတစ်ပါး နှစ်ဦးသားကို ကောင်းကျိုး မခံစားရစေသည့်အတွက် မြတ်စွာဘုရားက မေတ္တာ ဘဝနာ၏ အကျိုးကို ဟောကြားခဲ့ပြီး ရန်သူကို အေးမြစေသော မေတ္တာစွမ်းအားကြောင့် ငြိမ်းချမ်း ချစ်ခင်သွားကြကြောင်းကို ၅၅၀ ဇာတ်နိပါတ်တော် တွင် ဖတ်မှတ်ခဲ့ရဖူးသည်။ အဖွဲ့အစည်း၊ အစုအဖွဲ့ တစ်ခုအတွင်း၊ လူမျိုး တစ်မျိုးအတွင်း၊ နိုင်ငံတစ်ခုနှင့်တစ်ခုအတွင်း ရန်ပြု တိုက်ခိုက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းသည် လူသား အပေါင်းကို ဘေးဒုက္ခများနှင့် ရင်ဆိုင်ရစေသော ကြောင့် လောကီနှင့် လောကုတ္တရာ နှစ်ဖြာအတွက် အကျိုးမဖြစ်ထွန်းနိုင်သည်မှာ သစ္စာ၊ အမှန်တရား တစ်ခု ဖြစ်ပေသည်။ ခြိမ်းခြောက်၊ ရန်ပြု၊ အကြမ်းဖက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲနှင့်တစ်ဖွဲ့ ခံယူချက်၊ သဘောထားအမြင်များ မတူညီသည့်အခါ စိတ်ဝမ်း ကွဲပြားမှုများ စတင်လာပါသည်။ စိတ်သဘောထား မတိုက်ဆိုင်ကြသဖြင့် ပြစ်တင်ရှုတ်ချခြင်း၊ ထိုမှ တစ်ဆင့် တဖြည်းဖြည်း ခြိမ်းခြောက်ခြင်း၊ ရန်ပြု ခြင်း၊ တိုက်ခိုက်အကြမ်းဖက်ခြင်းများအထိ ဦးတည် လာပါတော့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထား သည့် ယခုအချိန်တွင် လူထုလှုပ်ရှားမှုများ၊ လူငယ် များ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ရှိလာသည်။ ဝန်ထမ်းအချို့သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြသည်။ လက်ရှိကာလတွင် နေရာဒေသအချို့၌ သာမန် ဆူပူမှုအဆင့်မျိုးထက် ကျော်လွန်ကာ နည်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်မှု အသွင်သို့ ကူးပြောင်းလာသည်။ နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်နေ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရန်အတွက် တာဝန်များကို ဆက် လက်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းမပြုနိုင်ရန် ဆိုရှယ် မီဒီယာများ၊ လူမှုပတ်ဝန်းကျင်များတွင် အရှက်ခွဲ ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများကို နိုင်ငံ တော်ကို ဆန့်ကျင်နှောင့်ယှက်နေသူအချို့က လုပ် ဆောင်လျက်ရှိ သည့်အပြင် နည်းမျိုးစုံဖြင့် Social Bullying ပြုလုပ်လျက်ရှိသည်။ ထို့အပြင် CDM တွင် မပါဝင်သည့် ရုံးတစ်ခု၏ ရှေ့သို့ ဆန္ဒပြသူများသည် ရောက်ရှိလာကာ ရုံးရှေ့ သံတံခါးကို သံကြိုးနှစ်ဆင့်ဖြင့် ခတ်သွားခဲ့ခြင်း၊ အများပြည်သူ အသုံးပြုသွားလာနေသည့် လမ်း ကြောင်းများကို တာယာကွင်းများ အစုအပုံလိုက်ဖြင့် တားဆီးခြင်း၊ မီးရှို့ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ ကွန်ကရစ်တုံးများ ချ၍ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေးကင်မရာ(CCTV) များကို ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ယာဉ်များအား ဖျက်ဆီးခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းများကို ဆောင် ရွက်လာကြသည်။ ဒီမိုကရေစီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အဖျက်အမှောင့် လုပ်ငန်းများကို ပြောင်ပြောင် တင်းတင်း လုပ်ဆောင်လာကြသည်။ တပ်မတော်မှ နိုင်ငံတော်အာဏာကို ဝင်ရောက်ထိန်းသိမ်းခဲ့သည့် ဖြစ်ရပ်အား ဆုပ်ကိုင်လျက် ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် တပ်မတော်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဆန့်ကျင်လိုစိတ်များ ဖြစ်ပေါ်လာအောင် သွေးခွဲမှုများ ဆောင်ရွက်လျက် ရှိသည်။ ဥပဒေကို မျက်ကွယ်ပြု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် မြှောက်ပင့်လှုံ့ဆော်နေကြသည်။ အမှားကို အမှန် ဖြစ်အောင်၊ မဟုတ်သည်ကို အဟုတ်ထင်အောင် ပြောဆိုစည်းရုံးကြကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြသည်။ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်နေသော သွေးဆူနေသည့် လူအုပ်စု ကြီးကို ရှေ့တန်းသို့တွန်းပို့ကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး အပြစ်တင် ဆန့်ကျင်အောင်၊ သံသယများဖြင့် ရန်ပြုတိုက်ခိုက်လိုစိတ်များ ဖြစ် ပေါ်အောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြ သည်။ ထိုကဲ့သို့ လုပ်ဆောင်နေကြခြင်းသည် ဒီမို ကရေစီနှင့် ဆန့်ကျင်နေသည့်အပြင် ဥပဒေကို မျက်ကွယ်ပြုခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အား ဆန့်ကျင် ဆန္ဒပြ သည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေး ဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စိတ်ခံစား ချက်၊ ရပ်တည်ချက်တို့သည် အမျိုးမျိုး ရှိနေပေ လိမ့်မည်။ ထိုကဲ့သို့ မတူကွဲပြားခြင်းသည် ဒီမို ကရေစီ၏ အနှစ်သာရ ဖြစ်သည့်အတွက် လေးစား တန်ဖိုးထားရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့သမိုင်း တစ်လျှောက်တွင် သွေးခွဲရန်တိုက်ခြင်းမှ ကောင်းကျိုးမရခဲ့ပုံများကို သင်ခန်းစာယူ၍ တစ်ဦးကိုတစ်ဦး မေတ္တာထားကာ သည်းခံခြင်း၊ နားလည် ခွင့်လွှတ်ခြင်း၊ ငြိမ်းငြိမ်း ချမ်းချမ်း ညီညွတ်ချစ်ခင်ခြင်းတို့ဖြင့် ပိုမို သာယာ လှပသော အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြု ရေးသား လိုက်ရပေသည်။ ။