
ဂျူဘား ဇူလိုင် ၂၀
၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်အထိ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်အရ နေရပ်ပြန်သွားကြ သည့် တောင်ဆူဒန် ဒုက္ခသည်ပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ အေဂျင်စီက ပြောသည်။
ကင်ညာ၊ ယူဂန္ဓာ၊ ဆူဒန်၊ အီသီယိုးပီးယား၊ ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံတို့ အပါ အဝင် ဒေသတွင်းနိုင်ငံများ၌ ရောက်ရှိနေသည့် တောင်ဆူဒန် ဒုက္ခသည်ပေါင်း ၂ ဒသမ ၂ သန်း ရှိသည်ဟု ဇူလိုင် ၁၉ ရက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် တောင်ဆူဒန် သက်သာချောင်ချိရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မရှင်တို့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယူဂန္ဓာနိုင်ငံသည် တောင်ဆူဒန်မှ ဒုက္ခသည်များကို အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်သည်။ ယူဂန္ဓာနိုင်ငံ၌ တောင်ဆူဒန် ဒုက္ခသည်ပေါင်း ၉၃၉၅၃၈ ဦး ရှိသည်။
ဒုက္ခသည်များ ၎င်းတို့ခိုလှုံ နေထိုင်ရာ နိုင်ငံများမှ ထွက်လာ ခြင်းမှာ ဒုက္ခသည်စခန်းများတွင် အစားအသောက်ရရှိမှု လျော့နည်း လာခြင်း၊ စီးပွားရေးဆိုင်ရာ အခက်အခဲများ၊ အလုပ်အကိုင် အခွင့်အလမ်း ပြတ်လပ်မှုနှင့် လုံခြုံစိတ်ချရမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ မေလအတွင်း တောင်ဆူဒန်သို့ ပြန်လာကြသည့် ဒုက္ခသည်ပေါင်း ၄၁၆၀၀ ရှိပြီး ဧပြီလနှင့်နှိုင်းယှဉ် လျှင် အနည်းငယ် တိုးလာခြင်းဖြစ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ဒုက္ခသည်များ ခိုလှုံနေထိုင်ရာ အချို့နိုင်ငံများ အထူးသဖြင့် ဆူဒန် နိုင်ငံတွင် စားနပ်ရိက္ခာနည်းပါး လာခြင်း၊ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် အခွင့် အလမ်း နည်းပါးလာခြင်းတို့ ကြောင့် တောင်ဆူဒန်သို့ ဒုက္ခသည် များ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆင်ဟွာ