ငြင်းမရနိုင်သော သက်သေများ

Type

 

မင်းခန့်

 

ခေါင်းစဉ်ကိုဖတ်မိတာနဲ့  ဘာတွေကိုငြင်းနေသလဲဆိုတာကို  သိချင်ကြမယ် ထင်ပါတယ်။  ငြင်းမရနိုင်တဲ့သက်သေများလို့ ဆိုတဲ့အတွက်  ဒီဆောင်းပါးမှာတင်ပြမယ့် အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ ဖြစ်စဉ်များနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင် အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေများရဲ့အဖြေက ပိုမိုရှင်းလင်းမှာ ဖြစ်ပါတယ်။

 


ငြင်းနေတဲ့အကြောင်းအရာကတော့ NUG အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/မဟုတ်ဆိုတဲ့အချက်ပဲ    ဖြစ်ပါ တယ်။    အထူးသဖြင့်    အချို့သံတမန် အသိုင်းအဝိုင်းကြားမှာ       NUG    အဖွဲ့ ကို    မြန်မာပြည်သူလူထုအများစုက ထောက်ခံနေတဲ့အတွက် အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ဖို့ ခက်ခဲတယ်ဆိုတဲ့ လွဲမှားတဲ့    အကြောင်းပြချက်မျိုးကို လည်း    အံ့ဩဖွယ်ရာ   ကြားသိနေရပါ တယ်။  လက်တွေ့  မြန်မာပြည်သူတွေ အကြားမှာတော့ NUG ကို ထောက်ခံနေ သူတွေ၊   ပါဝင်လှုပ်ရှားသူတွေဘက်က သူတို့လုပ်ရပ်ဟာ   အကြမ်းဖက်လုပ်ရပ် မဟုတ်ကြောင်း    ငြင်းဆိုနေကြသလို တစ်ဖက်မှာလည်း NUG အဖွဲ့ရဲ့ လုပ်ရပ် တွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူ အများစုကတော့  ရက်စက်ကြမ်းကြုတ် လွန်းတဲ့     အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်တယ်လို့       မြင်နေကြပါတယ်။ ဒါကြောင့်လည်း       NUG   အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်း ဟုတ်၊ မဟုတ် ဆိုတဲ့အချက်ကို       ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။

 

NLD ကို မထောက်ခံသူ ၁၄ သန်းကျော်ရှိ


NUG/PDF အကြမ်းဖက်အဖွဲ့တွေကို ပြည်သူအများစုက ထောက်ခံနေတယ် ဆိုတဲ့     နိုင်ငံတချို့ရဲ့    ထင်မြင်ချက်က NLD ကို    မြန်မာနိုင်ငံက   လူအများစု ထောက်ခံနေတယ်ဆိုတဲ့ ထင်မြင်ချက် ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ First-past-the-post (FPTP)      ရွေးကောက်ပွဲစနစ်ကြောင့် သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်လို့ ဆိုကြ ပေမယ့် လက်တွေ့မှာ မဲပေးပိုင်ခွင့်ရှိသူ ပေါင်း ၃၈,၀၂၀,၂၉၇ ဦး (၃၈ သန်းကျော်) မှာ    ၂၆,၃၆၈,၂၀၇ ဦး   (၂၆ သန်းကျော်) မဲလာပေးခဲ့ပြီး  NLD ပါတီက  ရရှိခဲ့တဲ့ ထောက်ခံမဲပေါင်း ၁၂ သန်းသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ရင် မဲလာပေးခဲ့တဲ့ ပြည်သူထဲမှာ တောင်      NLD   ကို   မထောက်ခံသူက ၁၄ သန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် NLD   ကို    မြန်မာပြည်သူအားလုံးက ထောက်ခံနေကြတယ်လို့ ပြည်တွင်း/ပြည်ပမှာ    ပျံ့နှံ့နေတဲ့     ယူဆချက်က ချဲ့ကားပုံဖော်မှုခံခဲ့ရခြင်းသာ ဖြစ်ပါတယ် လို့ ဆိုရခြင်းဖြစ်ပါတယ်။

 


၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ NLD   အစိုးရရဲ့သက်တမ်း    ၅ နှစ်တာ ကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးအဘက်ဘက်မှာ မအောင်မြင်ခဲ့တဲ့အပြင် တိုင်းရင်းသား များနဲ့ အဆင်မပြေဖြစ်ခဲ့ရခြင်းကြောင့် ပြည်သူလူထုရဲ့    ထောက်ခံမှု   ထပ်မံ ကျဆင်းလာခဲ့တာ အားလုံးသိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုပြောလို့ NLD ပါတီကို ဆန့်ကျင်စိတ်နဲ့ တစ်ဖက်သတ်စွပ်စွဲတယ် လို့     မထင်စေချင်ပါဘူး။    NLD အစိုးရ ၅ နှစ်တာကာလ စွမ်းဆောင်ရည်ညံ့ဖျင်း ခဲ့မှုတွေကတော့ အများသတိထားမိတဲ့ ကိစ္စဖြစ်ပြီး NLD ပါတီကို ထောက်ခံ သူများကိုယ်တိုင်      ကြုံတွေ့ခဲ့ရတဲ့၊ အားမလိုအားမရဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန် များ ဖြစ်ပါတယ်။ NLD ပါတီက တာဝန်ရှိ သူတွေ      ကိုယ်တိုင်ဝန်ခံ    ထုတ်ဖော် ပြောကြားထားတဲ့ အထောက်အထားတွေ လည်းရှိပါတယ်။

 


တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းလိုက်ရပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၂၂ ရက်က လူဦးရေအများဆုံးဆန္ဒပြ ခဲ့ကြတဲ့နေ့မှာတောင် လူဦးရေ ငါးသန်း ကျော်ခန့်(မြန်မာနိုင်ငံလူဦးရေရဲ့ ၉ ဒသမ ၅၂ ရာခိုင်နှုန်း)သာ ဆန္ဒဖော်ထုတ်ခဲ့ကြ တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း   နိုင်ငံ တကာက   မွေးမြူထားတဲ့    ပြည်တွင်း/ပြည်ပမီဒီယာတွေ၊  တက်ကြွလှုပ်ရှားသူ (Activitists)  တွေနဲ့    လူမှုရေးအရ ဩဇာလွှမ်းမိုးနိုင်သူ (social influencers) တွေပေါင်းပြီး တစ်နိုင်ငံလုံး ဆန္ဒပြနေကြ သယောင်    ရည်ရွယ်ချက်ရှိရှိ  ကမ္ဘာကို ပုံဖော်ပြခဲ့ကြပါတယ်။    ယခုအချိန်ထိ လည်း    ဒီလိုပုံဖော်ပြနေကြဆဲ    ဖြစ်ပါ တယ်။

 


ကျပ်ငွေသန်းပေါင်း ခြောက်ထောင်ကျော် 
သုံးစွဲပြီး ထိန်းချုပ်


NLD ပါတီအနေနဲ့ ၎င်းတို့အာဏာရှိခဲ့ စဉ်က Facebook လို ဆိုရှယ်မီဒီယာကို မြန်မာကျပ်ငွေသန်းပေါင်း ခြောက်ထောင် ကျော် သုံးစွဲပြီး ထိန်းချုပ်ခဲ့ပါတယ်။ NLD ပါတီနဲ့ အစိုးရကို မထောက်ခံသူတွေရဲ့ ဆန္ဒနဲ့ အသံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ထိန်းချုပ်ထားပြီး NLD ပါတီကို ထောက်ခံ သူများရဲ့ အသံတွေသာ လွှမ်းမိုးအောင် ငွေကြေး အကူအညီ၊ နည်းပညာအကူ အညီနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ အချို့ နိုင်ငံတွေရဲ့    ထောက်ပံ့မှုနဲ့    Activitists များ၊      Journalists   များ၊     Social Influencers   များ      မွေးမြူခြင်းကို ဇာတ်တိုက်    ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့ နေရတဲ့  ချဲ့ကားထားတဲ့ ဆန္ဒပြမှုတွေနဲ့ NLD ထောက်ခံမှုတွေဆိုတာ ရည်ရွယ် ချက်ရှိရှိ ဖန်တီးထားတဲ့ အတုအယောင် (illusions) တွေသာ ဖြစ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာကို အသုံးချပြီး ပြည်သူ လူထုအားလုံးက ထောက်ခံမှုရှိသယောင် ပုံဖော်တာ၊  ထောက်ခံမှုရအောင် မလိမ့် တပတ်     ဆောင်ရွက်တာတွေက     NLD ကနေ ပေါက်ဖွားလာတဲ့ NUG အကြမ်း ဖက်အဖွဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။

 


ဒီမိုကရေစီကျင့်စဉ်တွေနဲ့ 
ကိုက်ညီပါသလား


နောက်တစ်ချက်က  ပြည်သူတချို့ ဆန္ဒပြပွဲတွေမှာ     ပါဝင်ခဲ့တယ်ဆိုတာ မှန်ပေမယ့် NLD အစွန်းရောက်ထောက်ခံ သူတွေအနေနဲ့   အကြမ်းဖက်မှုတွေကို ပြောင်းလဲလာတဲ့    အချိန်မှာ     ပြည်သူ အများစု မထောက်ခံကြတော့ပါဘူး။ ဒီလို မထောက်ခံကြတော့တဲ့အတွက်  NLD အစွန်းရောက်တွေက ၎င်းတို့ကိုမထောက် ခံသူ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဝင်မပါ ဘဲ ငြိမ်းချမ်းစွာနေလိုတဲ့  သာမန်အပြစ်မဲ့ ပြည်သူတွေကို လူမှုရေးအရ အပြစ်ပေး ခြင်း (Social Punishment) အမည်ခံပြီး လူမှုရေးအရ    အနိုင်ကျင့်ခြင်း (Social Bullying)တွေကို စတင်ဆောင်ရွက်ခဲ့ကြ ပါတယ်။    ဆိုရှယ်မီဒီယာပေါ်မှာကော၊ ပြင်ပမှာပါ      ဆောင်ရွက်ခဲ့ကြတာဖြစ် ပါတယ်။ အထောက်အထား များစွာရှိ ပါတယ်။     ပါတီတစ်ခုရဲ့     လုပ်ရပ်ကို မထောက်ခံလို့ လူမှုရေးအရ အနိုင်ကျင့် တာကို     နိုင်ငံတကာမှာ      လက်ခံကြပါ သလား၊ ဒီမိုကရေစီကျင့်စဉ်တွေ တန်ဖိုး တွေနဲ့       ကိုက်ညီပါသလားဆိုတာကို မေးခွန်းထုတ် ကြည့်သင့်ပါတယ်။

 


ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်


နိုင်ငံတကာကို   ယခုလက်ရှိအခြေ အနေတွေအရ အထူးသတိပြုသိစေချင် တာက    NUG/PDF တွေရဲ့    စစ်ဘက် မဟုတ်တဲ့     အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်နေမှုနဲ့၊ လက်နက်မဲ့ ပြည်သူ တွေကို အကြမ်းဖက်သတ်ဖြတ်နေကြတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ NLD အမတ် တွေနဲ့ အစွန်းရောက်ထောက်ခံသူတွေ ကနေ  CRPH/NUG/PDF အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ကို မထောက်ခံသူ တွေ၊ အယူအဆမတူတဲ့ အပြစ်မဲ့ပြည်သူ တွေ၊ တိုက်ခိုက်ရေး စစ်သည်မဟုတ်တဲ့ အရပ်သား  သာမန်ပြည်သူတွေကိုပစ်မှတ် အဖြစ်    ဒလန်လို့စွပ်စွဲပြီး     ရက်ရက် စက်စက်  သတ်ဖြတ်နေကြခြင်း  ဖြစ်ပါ တယ်။     NUG  အဖွဲ့က   ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇  ရက်နေ့မှစပြီး D-Day  အမည်ခံပြီး    အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်တင်ဖို့     လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိ ဖြစ်ပါတယ်။ 

 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ  နိုဝင်ဘာလ ၂၇ ရက်နေ့အထိ NUG/PDF အကြမ်းဖက်သမားများရဲ့တိုက်ခိုက် မှုနဲ့   ဒလန်လို့စွပ်စွဲပြီး    အကြမ်းဖက် သတ်ဖြတ်မှုကြောင့်     လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ ၁၀၃၁ ဦး သေဆုံးခဲ့ကာ ၁၀၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် ၁၃ ပါး ပျံလွန်တော်မူခဲ့ရပြီး ငါးပါးကို    နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ အစိုးရဝန်ထမ်းများ      သေဆုံး ၃၈ ဦး၊ ဒဏ်ရာရ ၈၁ ဦးရှိပါတယ်။ အုပ်ချုပ်ရေး မှူးများ၊ ရာအိမ်မှူးများနဲ့ သက်ဆိုင်ရာ ဝန်ထမ်းများ သေဆုံး ၂၀၇ ဦး၊ ဒဏ်ရာရ  ၁၅၅ ဦး    ရှိခဲ့ပါတယ်။   ကျန်းမာရေး ဝန်ထမ်းများ    သေဆုံး သုံးဦး၊   ဒဏ်ရာရ ရှစ်ဦးရှိပါတယ်။ ဆရာ ဆရာမများအပါ အဝင်   ပညာရေးဝန်ထမ်းများ   သေဆုံး ၁၂ ဦး၊ ဒဏ်ရာရ ၁၅ ဦးနဲ့ ပျက်စီး/ဆုံးရှုံးခဲ့ ရတဲ့     စာသင်ကျောင်းနဲ့    ပညာရေး အဆောက်အဦပေါင်း ၄၄၅ ခု ရှိပါတယ်။  ကိုဗစ်-၁၉    စင်တာများကို     အကြမ်း ဖက်    တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်   ၃၃  ခုမှာ သေဆုံး ၁၃ ဦး၊    ဒဏ်ရာရ    ၂၇  ဦးရှိပြီး ဆေးရုံ/ ဆေးခန်းများကို တိုက်ခိုက်ခံရမှု ၂၅ ကြိမ် ရှိပြီဖြစ်ပါတယ်။ အများပြည်သူ သုံး    လမ်းတံတားများကို   ၃၉၇  ကြိမ် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများ ကို   အကြမ်းဖက်တိုက်ခိုက်မှု  ဖြစ်စဉ် ပေါင်း   ၄၂၂၆  ကြိမ်   ရှိခဲ့ပြီဖြစ်ပါတယ်။ 

 


အကြမ်းဖက်လုပ်ရပ်များသာဖြစ်


ဒီလိုစစ်ဘက်နဲ့     မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်များကို နေ့စဉ်နီးပါး အကြမ်းဖက်    တိုက်ခိုက်နေကြတာကို အစိုးရမီဒီယာများက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေသလို ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာသံရုံးများနဲ့ အကြမ်း ဖက်မှု တိုက်ဖျက်ရေးအဖွဲ့အစည်းများကို လည်း သက်သေအထောက်အထားများနဲ့ တကွ အစဉ်မပြတ် အသိပေးနေတယ်လို့ သိရပါတယ်။   ဒီလိုခိုင်မာတဲ့အထောက် အထားတွေရှိပါလျက်နဲ့   NUG/PDF  နဲ့ အစွန်းရောက် NLD အဖွဲ့တွေရဲ့ အကြမ်း ဖက်လုပ်ရပ်တွေကို        လျစ်လျူရှုပြီး ပြည်သူအများစုက ထောက်ခံနေတယ်လို့ လွဲမှားစွာ ထင်မြင်ယူဆနေတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့       ထင်ပါတယ်။ ဒီအဖွဲ့တွေရဲ့     လုပ်ဆောင်ချက်တွေကို ဒီမိုကရေစီ စံနှုန်းအရပဲဖြစ်ဖြစ်၊ လူ့အခွင့် အရေး      ရှုထောင့်ကနေ    ကြည့်ကြည့်၊ လူသားချင်းစာနာတဲ့  စိတ်နဲ့ပဲ  စဉ်းစား စဉ်းစား၊   ဂျနီဗာကွန်ဗန်းရှင်းလို    နိုင်ငံ တကာစံနှုန်းများနဲ့ပဲ      ချိန်ထိုးချိန်ထိုး ဘယ်လိုရှုထောင့်ကနေပဲ   ကြည့်သည် ဖြစ်စေ အကြမ်းဖက်လုပ်ရပ်များသာ ဖြစ် တယ်ဆိုတာ  ထင်ရှားပေါ်လွင်ပြီး ငြင်းလို့ မရတဲ့ သက်သေများပဲ ဖြစ်ပါတယ်။

 


ဒီ ဒထက်ပိုပြီး   ခိုင်မာတဲ့  သက်သေ အထောက်အထားများကတော့ မကြာ သေးမီကမှ ဖမ်းဆီးရမိတဲ့ NLD ပါတီက ဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေ အရ     မြန်မာနိုင်ငံမှာ    ဖြစ်ပေါ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို NUG က ဦးဆောင် ညွှန်ကြားနေတယ်ဆိုတာ    ဘယ်လိုမှ ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉  ကာလမှာ   ဖြစ်ပေါ်ခဲ့တဲ့ အောက်ဆီဂျင်    အခက်အခဲကို   အခွင့် ကောင်းယူပြီး       အကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ လက်နက်ခဲယမ်းတွေကို အောက်ဆီဂျင်အိုးတွေထဲ ထည့်ပြီး တင်ပို့ ခဲ့ကြပါတယ်။ EAOs တချို့က ကူညီခဲ့ ကြပါတယ်။ NUG ရဲ့ “Hit List” ဆိုတာ အမှန်တကယ်ရှိကြောင်း ၎င်းရဲ့မှတ်စု စာအုပ်က မှတ်တမ်းများက သက်သေခံ နေပါတယ်။

 


နိုင်ငံကြီးသားဆိုသူတွေက 
အကြမ်းဖက်မှုကို    အားပေးနေကြသလား


ဒီလိုဘာသာရေးနဲ့    ဆိုင်တဲ့ပုဂ္ဂိုလ် တွေ၊ ဆရာ ဆရာမတွေနဲ့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေတဲ့ နေရာတွေအပါအဝင်   လက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့     အရပ်ဘက်ပစ်မှတ် တွေကို     NUG ရဲ့    စီစဉ်စေခိုင်းချက် အရ တိုက်ခိုက်သတ်ဖြတ်နေကြတာက အကြမ်းဖက်ဝါဒ (terrorism) မဟုတ်ဘူး လားလို့      မေးခွန်းထုတ်ချင်ပါတယ်။ နေ့စဉ်ဖြစ်ပေါ်နေတဲ့      NUG/PDF    နဲ့ အစွန်းရောက် NLD ထောက်ခံသူများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိတာ လား၊ မသိချင်ယောင်ဆောင်နေတာလား ဆိုတာကိုလည်း     မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒါကြောင့် အစဉ်အလာ ကြီးမားတဲ့    ဒီမိုကရေစီနိုင်ငံတွေနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ် ဆိုတဲ့ နိုင်ငံကြီးသားဆိုသူတွေကအကြမ်း ဖက်ဝါဒနဲ့  အကြမ်းဖက်မှုတွေကိုအားပေး နေကြသလားလို့တောင် ထင်မြင်ယူဆ နေသူတွေ  ရှိနေပြီဖြစ်ပါတယ်။

 


သီအိုရီတွေအရ  ထပ်မံထောက်ပြ ရရင်     ကမ္ဘာပေါ်မှာ   အကြမ်းဖက်ဝါဒ (Terrorism) နဲ့ ပတ်သက်ပြီး အားလုံး သဘောတူလက်ခံထားတဲ့      တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်   မရှိသေးပါဘူး။ သို့ပေမယ့် ဥပမာတစ်ခုအနေနဲ့ အမေ ရိကန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်း ဖက်အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက် တချို့ကို ဖော်ပြပေးချင်ပါတယ်။ အမေ ရိကန်နိုင်ငံမှာ ယခုလက်ရှိ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်  သတ်မှတ်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက   အဖွဲ့အစည်း ပေါင်း ၇၂ ဖွဲ့ ရှိပါတယ်။ အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ   ပယ်ဖျက်ပေးခဲ့တဲ့   အဖွဲ့ အစည်းပေါင်း ၁၄ ဖွဲ့ ရှိပါတယ်။ အမေ ရိကန်နိုင်ငံအနေနဲ့ ဒီလိုအကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ရာမှာ Foreign Relations Authorization Act, Fiscal Years 1988 and 1989 က အကြမ်းဖက် ဝါဒရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် (Terrorism Definition) ကို   အသုံးပြုပြီး  Immi-gration and Nationality Act Section 212 ရဲ့  အကြမ်းဖက်မှုဆောင်ရွက်ချက် (Terrorist Activity) တွေနဲ့   ချိန်ထိုး ဆုံးဖြတ်ပါတယ်။

 


အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ အကျုံးဝင်


အကြမ်းဖက်ဝါဒဆိုတာကို    အမေ ရိကန်နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အကြမ်းဖက်ဝါဒဆိုတာ   နိုင်ငံတစ်ခု ထက် အဆင့်နိမ့်တဲ့အဖွဲ့တွေ (သို့မဟုတ်) လျှို့ဝှက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေ ကနေ    တိုက်ပွဲဝင်စစ်သည်   မဟုတ်တဲ့ ပစ်မှတ်တွေကို     ကြိုတင်ကြံရွယ်ပြီး နိုင်ငံရေးအရ အရင်းခံတဲ့ အကြမ်းဖက်မှု များဖြစ်တယ်” “terrorism” as “pre-meditated,    politically    motivated violence perpetrated against non-combatant targets by subnational groups or clandestine agents” လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အကြမ်းဖက်မှု ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ချက် တွေမှာ ပေါက်ကွဲစေနိုင်တဲ့  လက်နက် တွေနဲ့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေကို တိုက်ရိုက်   (သို့မဟုတ်)    သွယ်ဝိုက် အသုံးပြုမှု တွေနဲ့ မည်သည့်ခြိမ်းခြောက်မှု၊ လျှို့ဝှက်ကြံစည်မှုနဲ့ ကြိုးစားမှုတွေမဆို အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် မြန်မာ နိုင်ငံမှာ  ဖြစ်ပွားနေတဲ့  NUG/PDF  တွေ ရဲ့ အကြမ်းဖက်လုပ်ရပ်များဟာ မြန်မာ့ စံနှုန်းနှင့်သာမက ဒီမိုကရေစီသက်တမ်း နှစ်ပေါင်း      ၂၀၀  ကျော်နေပြီဖြစ်တဲ့  အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှု   သတ်မှတ်ချက်တွေနဲ့ ချိန်ထိုးကြည့်ရင်လည်း  အကျုံးဝင်နေ တာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို      မြန်မာပြည်သူလူထုကို အကြမ်းဖက်ပြီး     အကြောက်တရား လွှမ်းမိုးအောင် လုပ်နေတဲ့ NUG အဖွဲ့ရဲ့ ရည်ရွယ်ချက်က ၎င်းတို့နဲ့ ဆန့်ကျင်ဘက် အသံတွေ      ထွက်ပေါ်မလာအောင် ဆောင်ရွက်နေကြတာ   ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ကို မထောက်ခံ သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ် ပြီး ထောက်ခံလာအောင် လုပ်နေသလို မထောက်ခံသူများ မရှိသယောင် ပုံဖော် ခြင်းလည်း     ဖြစ်ပါတယ်။    သူတို့ကို ကြောက်လို့     အသံမထွက်ရဲတာကို ပြည်သူအများ   ထောက်ခံနေတယ်လို့ ထင်မြင်ယူဆလာအောင် ဆိုရှယ်မီဒီယာ တွေကနေတစ်ဆင့် လုပ်ဆောင်နေကြ တာဖြစ်ပါတယ်။
အီတလီနိုင်ငံက နိုင်ငံတကာဥပဒေ ပညာရှင် ပါမောက္ခ Antonio Cassese ရဲ့   အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့  လူထု ကို    အန္တရာယ်ဖြစ်စေဖို့     လူထုကြား ထဲမှာ    အကြောက်တရားပျံ့နှံ့အောင် လုပ်ဆောင်တဲ့ရည်ရွယ်ချက် (the intent to spread fear among the population which would generally entail the creation of public danger) ကိုတောင် အကြမ်းဖက်ဝါဒရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် မှတ်ယူတာဖြစ်ပါတယ်။ နိုင်ငံ တကာမှာလည်း လက်နက်ကိုင်ပဋိပက္ခ ဥပဒေ “The Law of Armed Conflict” ဆိုတာ ရှိပါတယ်။ ဒီဥပဒေအရ မည်သည့် ပဋိပက္ခအတွင်းမှာမဆို     စစ်ဘက် မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ရန်ပြုသတ်ဖြတ်တာတွေကို တားမြစ် ထားပါတယ်။ ဒီလိုတိုက်ခိုက်ရေး ပစ်မှတ် မဟုတ်တဲ့  အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်နေတဲ့ အစွန်းရောက်အဖွဲ့ တွေရဲ့    ရာဇဝတ်မှုတွေကို   ကာကွယ် နေရတဲ့     လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ဆောင်ရွက်ချက်သည် မည်သည့်နိုင်ငံ တကာဥပဒေ၊      ပြည်တွင်းဥပဒေနဲ့ပဲ ကြည့်ကြည့် တရားဝင်ဖြစ်ပါတယ်။

 


အကြမ်းဖက်မှုတွေကို အားပေးရာရောက်


မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဆင့်တုန်းက      လုံခြုံရေး တပ်ဖွဲ့ဝင်များအနေနဲ့  ပစ်ခတ်နှိမ်နင်း တာ မတွေ့ရဘဲ  အကြမ်းဖက်ဆန္ဒပြမှု တွေအဖြစ်      ပြောင်းလဲလာချိန်မှသာ ဥပဒေနဲ့အညီ    အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ထိန်းသိမ်းဆောင်ရွက် ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာ လည်း   အလားတူ   ဆောင်ရွက်နေကြ ပါတယ်။  ဒီမိုကရေစီဘိုးအေနိုင်ငံကြီး တွေမှာတောင်    ဆူပူဆန္ဒပြမှုများက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ယှဉ်တွဲလာ ရင်     လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလို အင်အားသုံးပြီး ထိန်းသိမ်း နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ NUG/PDF အဖွဲ့တွေရဲ့ အစွန်းရောက်အကြမ်းဖက်မှု လမ်းစဉ်နဲ့  လက်တွေ့အကြမ်းဖက်မှု ကျူးလွန်နေကြတာတွေကို သိပါလျက်နဲ့ ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့    ရှိပါ တယ်။    ဒီအဖွဲ့တွေအနေနဲ့   NUG နဲ့ ထိတွေ့ဆက်ဆံနေကြတာက  အကြမ်း ဖက်ဝါဒနဲ့       အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်နေပြီး အကြမ်းဖက်ဝါဒ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်နေကြသလို    ဖြစ်နေတယ် ဆိုတာကို သတိပြုမိကြစေချင်ပါတယ်။

 


လူသားချင်းစာနာထောက်ထားမှုကို အလေးထားပါတယ်ဆိုတဲ့   ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးများအနေနဲ့ ဒီလောက် ဆိုးရွားရက်စက်ကြမ်းကြုတ်တဲ့  NUG အဖွဲ့ရဲ့ လုပ်ရပ်တွေကို အကောင်းမြင်စိတ် နဲ့ကြည့်နေရင်တော့ အကြမ်းဖက်အဖွဲ့ အနေနဲ့ အသိအမှတ်ပြုဖို့ ခက်ခဲနေလိမ့် မယ်ထင်ပါတယ်။ လက်တွေ့အရှိတရား ကို ယထာဘူတကျကျ ရှုမြင်မယ်ဆိုရင် တော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို လက်ခံရပါလိမ့်မယ်။ ဥပမာ အာဖဂန်နစ္စတန်နိုင်ငံကို     ကြည့်မယ် ဆိုရင်    တစ်ချိန်က   ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့တွေ   လက်ခံထားတဲ့ နိုင်ငံအဖြစ်     ရှုမြင်ပြီး    စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံတကာက ထိတွေ့ဆက်ဆံမှုတွေ၊ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာ ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြည့်ရှုသူရဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး သာ အမြင်တွေအမျိုးမျိုး ပြောင်းလဲနေ တာ ဖြစ်ပါတယ်။ အကြမ်းဖက်သမား NUG/PDF   အဖွဲ့တွေကတော့   သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကြောင်း ပြပြီး    သူတို့ကို     မထောက်ခံသူတွေ ကို    အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါ တယ်။

 


အမည်းစက်ထင်ခဲ့ပြီဖြစ်


နိဂုံးချုပ်ရရင်တော့ နိုင်ငံတကာက NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သိသည်ဖြစ်စေ၊ မသိချင်ယောင်ဆောင် နေသည်ဖြစ်စေ ၎င်းအဖွဲ့တွေရဲ့ ပကတိ လုပ်ရပ်များအရ အချုပ်အခြာအာဏာပိုင် တဲ့      မြန်မာနိုင်ငံရဲ့     အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထား ပြီးဖြစ်ပါတယ်။ NLD ကို မြန်မာပြည်သူ အများစုထောက်ခံနေတယ်ဆိုတဲ့ ယူဆ ချက်က အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ပါတယ်။ NLD ပါတီရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကြောင့်  မြန်မာပြည်သူလူထုရဲ့   အမြင် တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို NLD က  ပေါက်ဖွားလာတဲ့ NUG၊ NUG က မွေးဖွားခဲ့တဲ့ PDF တွေကြောင့် NLD ရဲ့ ပုံရိပ်ဟာ သမိုင်းမှာ အမည်းစက်ထင်ခဲ့ပြီ ဖြစ်ပါတယ်။   စိတ်ခံစားချက်ပြင်းထန်တဲ့ NLD   ပါတီဝင်အချို့နဲ့    အစွန်းရောက် ထောက်ခံသူ အင်အားစုများရှိနိုင်သော် လည်း  အေးချမ်းတည်ငြိမ်စွာ နေထိုင် လိုတဲ့    ပြည်သူလူထုအများစုကတော့ NLD၊ NUG၊ PDF အဖွဲ့တွေကို မလိုလား ဘဲ ဆန့်ကျင်နေကြပြီဖြစ်ပါတယ်။ အထူး သဖြင့်    ဒီလိုအစွန်းရောက်အဖွဲ့တွေ ကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုဘဝပေါင်း များစွာကို  စာနာသနားတတ်တဲ့ မြန်မာ ပြည်သူအများစုက    ရွံရှာကြောက်ရွံ့ မုန်းတီးနေကြပြီဖြစ်ပါတယ်။  

 


ဒါကြောင့် NUG ကို ပြည်သူအများစု လက်ခံထောက်ခံနေတယ်လို့ လွဲမှားစွာ ထင်မြင်ယူဆနေတဲ့ အချို့နိုင်ငံများအနေ နဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းအမှား များနဲ့     မြန်မာနိုင်ငံ    အကျိုးစီးပွားကို ပျက်ပြားစေလိုတဲ့    ပြည်တွင်း/ပြည်ပ မီဒီယာတချို့ရဲ့   ဖော်ပြချက်တွေမှာပဲ လမ်းဆုံးမနေကြဘဲ    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်တွေ့ အရှိတရားတွေ ကို    မြင်အောင်ကြည့်နိုင်ကြဖို့    လိုပါ ကြောင်း တိုက်တွန်းလိုက်ရပါတယ်။


ရည်ညွှန်းချက်
United   States’   Foreign   Terrorist Organizations, Definitions of Terro-rism and Terrorist Activity
    l    https://www.state.gov/fore-ign-terrorist-organizations/
    l     https://2001-2009.state.gov/s/ct/rls/fs/08/103399.htm
    l     https://2001-2009.state.gov/s/ct/rls/fs/08/103401.htm