
ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ ရေထွက်ကုန်များမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် လုပ်ဆောင်လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် မျှော်မှန်းထားသည်။ ထို့အပြင် ရည်မှန်းချက် (၆)ချက်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက် မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများရရှိစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်၊ ငါး ရိက္ခာများကို ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်ချက် များဖြင့် သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်၊ ယင်းတို့နှင့် ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျား၊ ချောင်း လက်တက်များနှင့် ဆည်၊ ကန်၊ ရေလှောင်တမံများ၊ စပါးခင်းများအတွင်းသို့ အရွယ် တစ်လက်မနှင့် အထက် ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ် မျိုးစိုက်ထည့်ပေးလျက်ရှိသည်။
ယခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း တိုင်းပြည် စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီးသည့်အတွက် မွေးမြူရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေမြေနှင့် အခြေခံကောင်းများ ရှိသည့်အတွက် အကျိုးရှိအောင်အသုံးချရန်၊ မွေးမြူ ရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ် ဖြင့် ဆောင်ရွက်သွားရန်၊ တိုင်းပြည်အတွက် စားနပ် ရိက္ခာ ပေါများစေရေး ဆောင်ရွက်ရန်၊ အဓိက မြစ် များ အပါအဝင် မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ငါးသားပေါက်မျိုးများ အမြောက်အမြား စိုက်ထည့် ပေးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ အားပေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ငါးမွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းကို အားပေးရန်နှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် နိုင်လျှင် စားနပ်ရိက္ခာ ဖူလုံသည့်အပြင် စီးပွားဖြစ် သည့်အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ငါးမွေးမြူရေးမှာ လွယ်ကူသည့်နည်းလမ်းဖြစ်ပါ ကြောင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၂/၂၀၂၁)တွင် ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ယခုနှစ်တွင်စိုက်ထည့်မည့် ငါးမျိုးများကို ရှင်သန်မှုနှုန်း ပိုမိုကောင်းမွန်ရေးအတွက် အနည်း ဆုံး နှစ်လက်မအရွယ်ရှိ ငါးသားပေါက်များကိုသာ မျိုးစိုက်ထည့်ရန်၊ သား ငါး ပေါများစေရန်အတွက် အဓိကမြစ်ကြီးများတွင် ပိုမိုစိုက်ထည့်ရန်၊ ငါးမျိုးစိုက် ထည့်သည့်အချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ကြီးကြပ် မှုဖြင့် လိုအပ်သည့်အဖွဲ့များ ဖွဲ့စည်း၍ ငါးမျိုးစိုက် ထည့်ရန်၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ထိရောက် သည့် ငါးမွေးမြူရေးသင်တန်းများနှင့် ငါးသားဖောက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရန် လို အပ်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေချိုရေပြင်များ
မြန်မာနိုင်ငံတွင် ရေချိုငါးများ ရှင်သန်ပေါက်ဖွား ကြီးပြင်းနေထိုင်နိုင်သည့် ကုန်းတွင်း ရေချိုရေပြင်များ ဖြစ်သော မြစ်၊ ချောင်း၊ အင်းအိုင်များသည် ဧရိယာ အားဖြင့် ဟက်တာ ၈ ဒသမ ၁၊ ၈ ဒသမ ၂ သန်း ရှိသည်။ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်- အရှည် ၂၁၅၀ ကီလိုမီတာ၊ ချင်းတွင်းမြစ်- အရှည် ၁၂၀၀ ကီလိုမီတာ၊ သံလွင်မြစ် - အရှည် ၂၈၀၀ ကီလိုမီတာ၊ စစ်တောင်းမြစ် - အရှည် ၄၂၀ ကီလို မီတာ၊ သဘာဝကန်ကြီးများဖြစ်သည့် ရှမ်းပြည်နယ် မှ အင်းလေးကန်-၁၅၅၀၀ ဟက်တာ၊ ကချင် ပြည်နယ် အင်းတော်ကြီးကန် - ၁၂၀၀၀ ဟက်တာ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ကန် - ၂၈၅၀ ဟက်တာ စုစုပေါင်း ရေချိုရေပြင်ဧရိယာ ဟက်တာ ၈ ဒသမ ၁ သန်းအနက် ဟက်တာ ၁ ဒသမ ၂ မှ ၁ ဒသမ ၃ သန်းခန့်သည် အမြဲတမ်း တည်ရှိသော ရေချိုရေပြင်ဖြစ်ပြီး ကျန်ရှိသော ဧရိယာဟက်တာ ခုနစ်သန်းခန့်သည် ရာသီအလိုက် ရေပေါ်ရေလျှံ ဧရိယာများ ဖြစ်သည်။
ရေချိုငါးသယံဇာတများ ရှင်သန်တည်ရှိပွားများ ရန် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်- ဧက ၂၀ ဒသမ ၅ သန်း၊ ရေဝပ်ဧရိယာ - ဧက ၁၅ သန်း၊ ဆည်/ရေလှောင်ကန် - ၄ ဒသမ ၅ ဧကသန်း၊ စပါး စိုက်ခင်း ဧက ၁၃ ဒသမ ၃၈ သန်း စုစုပေါင်း ဧက ၅၃ ဒသမ ၃၈ သန်း ရှိသည်။
မြန်မာနိုင်ငံ၏ ရေချို/ရေငန်စပ်နှင့် ရေငန်ရေပြင်များ
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ ဧရာဝတီတိုင်းဒေသကြီးဘက်၌ ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီတိုင်းဒေသကြီး ဘက်တွင် ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်၊ ကဏန်း ပျော့နှင့် ကမ်းနီးပင်လယ်ပြင်တွင် ရေငန်ငါး၊ ရေမှော် စသည်တို့ကို မွေးမြူလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလိုမီတာရှိသည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုစွန်မွေးတောင်သူများသည် ပုစွန်မွေးမြူရာတွင် အများအားဖြင့် သဘာဝမှ ပုစွန်သားပေါက်များကို မွေးကန်အတွင်း ရေသွင်းပြီး ပါလာသည့် ပုစွန်သား ပေါက်များကိုသာ ထည့်သွင်းမွေးမြူသော လုပ်ငန်း တစ်ခုဖြစ်သည်။ ယခုအခါ သဘာဝတွင် ဖမ်းဆီးမှု များပြားလာခြင်းကြောင့်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့်လည်းကောင်း ပုစွန်သားပေါက် များထွက်ရှိမှုမှာ တဖြည်းဖြည်း လျော့ကျလာပြီဖြစ် သည်။ ပုစွန်သားပေါက်များကို ပုစွန်သားပေါက် စခန်းများမှရယူပြီး ပုစွန်မွေးမြူရေးလုပ်ငန်းကို လုပ် ဆောင်သွားရန်နှင့် သဘာဝရေပြင်သို့ ပုစွန်မျိုးများ မျိုးစိုက်ထည့်ရန် လိုအပ်လာသည်။ သို့ဖြစ်၍ ရေငန် ပုစွန်သားပေါက်များကို တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ ဝမော် ပုစွန်သားဖောက်စခန်း မှလည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပုစွန်သားဖောက်စခန်း၊ စစ်တွေမြို့နယ်ရှိ ရေချမ်းပြင် ပုစွန်သားဖောက်စခန်းနှင့် ပေါက်တော မြို့နယ်ရှိ စိုးမဲကျီ ပုစွန်သားဖောက်စခန်းတို့မှလည်း ကောင်း၊ ရေချိုပုစွန်သားပေါက်များကို ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်း ပုစွန်သားဖောက်စခန်းမှလည်းကောင်း နှစ်စဉ် မျိုး စိုက်ထည့်ပေးလျက်ရှိသည်။
ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရန်
ဆောင်ရွက်ချက်များ
ငါးလုပ်ငန်းဦးစီးဌာနသည် ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက် ခြင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးခြင်း၊ ဂရန်အင်းအတွင်း Capture based culture system (ဖမ်းဆီးခြင်းကိုအခြေခံသော မွေးမြူရေးစနစ်)ဖြင့် တိုင်းရင်းငါးမျိုးများကို ထိန်းသိမ်းပြုစုမွေးမြူခြင်း၊ ဂရန်အင်းအတွင်း ငါးအထွက်တိုးစေရေးအတွက် Culture based capture system (မွေးမြူရေးကို အခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစနစ်)ဖြင့် မွေးမြူ ရေးငါးသားပေါက်များ ထည့်သွင်းမွေးမြူခြင်း၊ မြစ်၊ ချောင်း၊ ဆည်၊ ကန်၊ ရေလှောင်တမံများအပါအဝင် ရေချိုငါးလုပ်ငန်း ရေပြင်များတွင် ငါးမျိုးစိုက်ထည့် ခြင်း၊ တိုင်းရင်းငါးမျိုးများ ထိန်းသိမ်းခြင်းနှင့် ငါးမျိုး ပြုန်းတီးမှုမရှိစေရေးအတွက် သုတေသနအင်းများ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ရေချိုငါးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဌာနပိုင် ငါး လုပ်ငန်းစခန်းများမှ အရည်အသွေးကောင်းမွန်သော ငါးမျိုး သားဖောက်ထုတ်လုပ်ခြင်းနှင့် သဘာဝရေပြင် များသို့ ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးခြင်း၊ သဘာဝ ငါးနေငါးထိုင်များနှင့် ငါးများ သားပေါက် မျိုးပွားသည့်နေရာများ ထိန်းသိမ်းခြင်းကို ဆောင် ရွက်လျက်ရှိသည့်နည်းတူ အခြားတစ်ဖက်၌လည်း ငါးဖမ်းလုပ်ငန်းများကို စီမံခန့်ခွဲမှုအနေဖြင့် တရား မဝင်သော ငါးဖမ်းနည်းများ (ဘက်ထရီရှော့ခ်တိုက် ခြင်း၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းခြင်း)ဖြင့် ဖမ်းဆီးထုတ် လုပ်ခြင်းကို မပြုလုပ်ရန် အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ ပွားများစေရန် ထိန်းသိမ်းခြင်းနှင့် မျိုးပွားရာသီတွင် မျိုးငါးမကြီးများနှင့် ပေါက်ဖွားလာသော ငါးရစ် ငါးသန်များကို မဖမ်းဆီးရေး အသိပညာပေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အခြေခံ ငါး မွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းများကို လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယခု နှစ်တွင် ၁၃ ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၀၁ ဦးအား ပို့ချသင်ကြားပေးခဲ့ပြီးဖြစ်သည်။ ဆက်လက် ဖွင့်လှစ်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်မှု
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ များ ရေရှည်တည်တံ့ ပြန့်ပွားစေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်များနှင့် စပါးခင်းများ အတွင်းသို့ ဌာနပိုင် ငါးလုပ်ငန်းစခန်း ၂၇ ခုနှင့် ပုစွန် သားဖောက်စခန်း ငါးခုတို့မှ ငါး/ပုစွန် သားပေါက်များ ကို အောက်ဖော်ပြပါအတိုင်း နှစ်အလိုက် ငါး/ပုစွန် သားပေါက်များအား မျိုးစိုက်ထည့်ပေးခဲ့သည်။
(ကောင်ရေ - သိန်းပေါင်း)
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဌာနပိုင်ငါးလုပ်ငန်းစခန်းများမှ ငါး သားပေါက်များကို အဓိကမြစ်ကြီးများ၊ သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ယင်းတို့နှင့် ထိစပ်နေသော မြစ်ဖျား၊ ချောင်းဖျား၊ ချောင်းလက်တက်များနှင့် ဆည်၊ ရေလှောင်တမံ၊ ကန်များအတွင်းသို့ နှစ်လက်မ အရွယ် ငါးသားပေါက် ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်းကို မျိုးစိုက်ထည့်သွားမည်ဖြစ်ပြီး ငါးမျိုးစိုက် ထည့်ခြင်းဖြင့် ငါးရိက္ခာ တိုးတက်ဖူလုံစေရန်နှင့် ငါး သယံဇာတများ ရေရှည်တည်တံ့ပွားများရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။ ။
- Log in to post comments