
အဘူဂျာ ဇူလိုင် ၁၃
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ပလက်တိုးပြည်နယ်၌ နှစ်ထပ် စာသင်ကျောင်း အဆောက်အအုံ တစ်လုံး ပြိုကျမှုဖြစ်ပွားရာ ၂၂ ဦး ထက်မနည်းသေဆုံးပြီး အခြား ၁၃၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြောသည်။
ပလက်တိုး ပြည်နယ်၏ မြို့တော်ဂျို့စ်ရှိ ပုဂ္ဂလိကပိုင် စိန့်အကယ်ဒမီ အဆောက်အအုံ တွင် သောကြာနေ့ နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ စာမေးပွဲကျင်းပနေစဉ် ပြိုကျခဲ့ ခြင်းဖြစ်သည်။ အဆိုပါအဆောက် အအုံတွင် စာသင်ခန်းများနှင့် ရုံးခန်းများစွာရှိသည်။
သောကြာနေ့ ညနေပိုင်းအထိ သေဆုံးသူ ၂၂ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၃၂ ဦး အပါအဝင် စုစုပေါင်း ၁၅၄ ဦးကို ကယ်ဆယ် ရေးသမားများက အပျက်အစီး များအောက်မှ ကယ်ထုတ်နိုင်ခဲ့ ကြောင်း ပလက်တိုးပြည်နယ် သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးကော်မရှင်နာ မူဆာ အက်စ်ဟွမ်းစ်က ပြောသည်။
ထိခိုက်ဒဏ်ရာရသူ ၁၃၂ ဦး အနက် ခြောက်ဦးမှာ စိုးရိမ်ရ အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။ နိုင်ဂျီးရီးယားနိုင်ငံ ၌ အဆောက်အအုံပြိုကျသော ဖြစ်စဉ်များမှာ အဖြစ်များကြောင်း သိရသည်။ သက်တမ်းရင့် အဆောက်အအုံများ၊ အဆောက် အအုံ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်းနှင့် ဆောက်လုပ် ရေးတွင် အဆင့်အတန်းမမီသော ပစ္စည်းများ အသုံးပြုခြင်းကို ဒေသ တွင်း ကျွမ်းကျင်သူများက အပြစ် တင်လျက်ရှိသည်။
ဆင်ဟွာ