
နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ပြင်ပမဲရုံခွဲများ၌ ကြိုတင်ဆန္ဒမဲ စတင်ပေးပြီး မြန်မာသံရုံး ၂၀၊ အဖွဲ့ရုံး တစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံး၊ ပြင်ပမဲရုံ နှစ်ခုတို့တွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး
==============================================================
နေပြည်တော် အောက်တိုဘာ ၁၁
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြန်မာ သံရုံး လေးရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံးနှင့် ပြင်ပမဲရုံခွဲ နှစ်ခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသားများက ဘဲလ်ဂရိတ်မြို့ မြန်မာသံရုံး၌ ၁၀ ဦး၊ ကူဝိတ်မြို့ မြန်မာသံရုံး၌ ၆၂ ဦး၊ ကိုလံဘို မြို့ မြန်မာသံရုံး၌ ၂၉ ဦး၊ ကိုလ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ၁၀ ဦးတို့ လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး ဒေသဆိုင်ရာစံတော်ချိန်များနှင့်အညီ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံး၌ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့၊ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ရှိ ပြင်ပမဲရုံခွဲတို့၌လည်းကောင်း ကြိုတင်ဆန္ဒမဲများ စတင်ပေးခဲ့ကြကာ မြန်မာ သံရုံး ဘာလင်မြို့၊ လန်ဒန်မြို့၊ အော်တာဝါမြို့၊ ဗီယင်နာမြို့၊ ဝါရှင်တန်မြို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့တို့၌ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြသည်။
ထို့ပြင် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲများ ဖွင့်လှစ်ခဲ့ရာ
k ရှေ့ဖုံးမှ
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ မဲဆန္ဒရှင် ၄၁ ဦး စတင်မဲပေးခဲ့ကြပြီး ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် မဲဆန္ဒရှင် ၄၉၁ ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို ဒေသတွင် မဲဆန္ဒရှင် ၂၅၄ ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ ကြကြောင်း သိရသည်။
ဆက်လက်၍ မြန်မာသံရုံး ၁၂ ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံးတို့၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြရာ ဗန်ကောက် မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၀၀၀ ခန့်၊ ပေကျင်းမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၉၂ ဦး၊ ကင်ဘာရာမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၄၃ ဦး၊ ဂျကာတာမြို့ မြန်မာ သံရုံး၌ မဲဆန္ဒရှင် ၁၆ ဦး၊ ကွာလာလမ်ပူ မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၉၇၂ ဦး၊ မော်စကိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၄၁ ဦး၊ နယူးဒေလီမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၀၊ ဖနောင်ပင်မြို့ မြန်မာ သံရုံး၌ မဲဆန္ဒရှင် ၁၁၃ ဦး၊ ရောမမြို့ မြန်မာသံရုံး ၌မဲဆန္ဒရှင် ၂၄ ဦး၊ ဆိုးလ်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၁၁၄ ဦး၊ စင်ကာပူမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၈၀၀ ခန့်၊ တိုကျိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၅၄ ဦး၊ ဗီယင်ကျန်းမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၀၊ ချင်းမိုင်မြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတွင် မဲဆန္ဒရှင် ၂၂၆ ဦးတို့ ကြိုတင် ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။
ယမန်နေ့ကလည်း ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင် ဆန္ဒမဲများပေးခဲ့ကြသည့် မြန်မာသံရုံး များမှ သတင်းပေးပို့ချက်အရ ဘာလင် မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၅၇ ဦး၊ အော်တာဝါမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၁၈ ဦး၊ အော်စလိုမြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် ၂၁ ဦး၊ ရောမမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၃၅ ဦး၊ ဗီယင်နာမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၃၈ ဦး၊ ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၁၂၆ ဦး၊ လန်ဒန်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၂၄၆ ဦး၊ ကိုင်ရိုမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် သုံးဦး၊ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် မဲဆန္ဒရှင် ၄၆ ဦး၊ နယူးယောက်မြို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် မဲဆန္ဒရှင် ၁၅၇ ဦး၊ လော့စ်အိန်ဂျယ်လိစ် မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲဆန္ဒရှင် ၁၈၃ ဦးနှင့် ပါရီမြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် ၁၄ ဦး စုစုပေါင်း ၉၄၄ ဦး ဆန္ဒမဲများ ပေးခဲ့ကြသည်။
မြန်မာသံရုံးများ၌ ကြိုတင် ဆန္ဒမဲ လာရောက်ပေးသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့် အညီ ဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များဖြင့် စနစ်တကျ လက်သန့် စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး ၂၃ ရုံး၊ အဖွဲ့ရုံး တစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သုံးရုံးနှင့် ပြင်ပမဲရုံခွဲ သုံးခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ ကြရာ မဲဆန္ဒရှင် စုစုပေါင်း ၈၆၄၂ ဦး နှင့် အောက်တိုဘာ ၁၀ ရက်တွင် ဒေသ ဆိုင်ရာ စံတော်ချိန်များနှင့်အညီ မြန်မာ သံရုံး ၂၇ ရုံး၊ အဖွဲ့ရုံး နှစ်ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးနှစ်ရုံး၊ ပြင်ပမဲရုံခွဲလေးခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ ကြသည့် မဲဆန္ဒရှင် စုစုပေါင်း ၈၃၃၅ ဦး ဆန္ဒမဲများပေးခဲ့ကြပြီး အလုပ်ပိတ်ရက် များဖြစ်သည့် စနေနေ့နှင့် တနင်္ဂနွေနေ့ တို့တွင် ပြင်ပမဲဆန္ဒရှင် စုစုပေါင်း ၁၆၉၇၇ ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်