နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မြန်မာသံရုံး ခြောက်ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးပြီး ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့၌ ကြိုတင်ဆန္ဒမဲ စတင်ပေး

နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မြန်မာသံရုံး ခြောက်ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးပြီး ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့၌ ကြိုတင်ဆန္ဒမဲ စတင်ပေး

==========================================================================================================================

 

နေပြည်တော် အောက်တိုဘာ ၈

 

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာ သံရုံး ခြောက်ရုံး၌ ယနေ့တွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး ကြရာ ဗန်ကောက်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၆၇၁ ဦး၊ ကိုင်ရိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၂ ဦး၊ စင်ကာပူမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၇၀၀ ကျော်ခန့်၊ ဆိုးလ်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၀၄ ဦး၊ တဲလ်အဗီးမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၀ ဦးနှင့် တိုကျိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၈၄ ဦး လာရောက် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဘရာဇီးနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများသည် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲ စတင်ပေးရာ မဲဆန္ဒရှင် ရှစ်ဦး၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၅ ဦး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၌ မဲဆန္ဒရှင် ၄၈ ဦး လာရောက်၍ ကြိုတင်ဆန္ဒမဲပေး ခဲ့ကြသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်- ၁၉ ကန့်သတ်ချက်များ ကြောင့် မနီလာမြို့ မြန်မာသံရုံးသို့ ကြိုတင်ဆန္ဒမဲလာရောက် ပေးရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအတွက် မနီလာမြို့ မြန်မာသံရုံးမှ တာဝန်ရှိသူများသည် ယနေ့တွင် လော့စ် ဘားညို့စ်မြို့နှင့် ဘာဂီယိုမြို့တို့သို့ သွားရောက်၍ ကြိုတင် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ပေးခဲ့ပြီး မဲဆန္ဒရှင် ၃၅ ဦးတို့က ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

စနစ်တကျ ဆန္ဒမဲများပေး

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများ ကို သက်ဆိုင်ရာက ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေး နှင့်စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေ ရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်းတို့ ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များ ကလည်း စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြသည်။

 

ယနေ့တွင် မြန်မာသံရုံး ကိုးရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံး တစ်ရုံးတို့၌ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြပြီး အောက်တိုဘာ ၉ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် ဂျပန်နိုင်ငံရှိ နာဂိုယာမြို့တို့၌ မဲရုံများ စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်