၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ( ၈ ) ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၈ ) ရက်
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြေညာချက်အမှတ် (၁/၂ဝ၂၂)ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဖိတ်ကြားခြင်းကို ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
၂။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးမရမီကတည်းက စတင်ကာ သပ်လျှိုသွေးခွဲခံရမှု၊ အယူအဆ ကွဲပြားမှုနှင့် ပုဂ္ဂိုလ်ရေးအာဃာတများ ကို အခြေခံလျက် အချင်းချင်းဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် ကာလ များ ရှည်ကြာခဲ့ပြီဖြစ်ပါသည်။ တိုက်ခိုက်မှုများကြောင့် မတည်ငြိမ် သည့်ဒေသများနှင့် အချိန်ကာလများတွင် ပြည်သူများ လူမှုဒုက္ခအဖုံဖုံ ခံစားရ၍ အထွေထွေဆုတ်ယုတ်ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ယှဉ်ပြိုင်တိုက်ခိုက်သူများအချင်းချင်း ညှိနှိုင်းမှု၊ အပြန်အလှန် နားလည်မှုများရရှိ၍ တည်ငြိမ်အေးချမ်းသောကာလ ဒေသများ တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုတို့ ဖြစ်ထွန်းပေါ်ပေါက် ခဲ့သည်ကိုလည်း လက်တွေ့မျက်မြင် တွေ့ကြုံခံစားခဲ့ကြပြီး ဖြစ်ပါသည်။
၃။ အပိုဒ်(၂)ပါ အတွေ့အကြုံများအရ နိုင်ငံတော်နှင့် ပြည်သူများ အနေဖြင့်လည်းကောင်း၊ လက်နက်စွဲကိုင် ယှဉ်ပြိုင်တိုက်ခိုက်နေကြ သူများအကြားတွင် လည်းကောင်း၊ ဝါဒတူရာ အမြင်တူရာ ပုဂ္ဂိုလ် အစုအဖွဲ့များအကြားတွင် လည်းကောင်း အစဉ်တစိုက်ပြောဆို၊ တောင်းဆိုလေ့ရှိသည့်အချက်မှာ (နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ လက်နက်စွဲကိုင်၍ စစ်ရေးနည်းဖြင့် ဖြေရှင်း နည်းအစား စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာရေး)တို့ ဖြစ်ပါသည်။
၄။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ ယနေ့ကာလ အထိ လူမျိုးစုရေး၊ အယူအဆရေးနှင့် အကျိုးစီးပွားအရေးတို့ကြောင့် ဆန့်ကျင်မှု၊ ဆူပူတောင်းဆိုမှု၊ လက်နက်စွဲကိုင်တိုက်ခိုက်မှု အမျိုးမျိုး နှင့် ရင်ဆိုင်ဖြတ်သန်းလာခဲ့သော တပ်မတော်သည် တည်ငြိမ်အေးချမ်း မှု၏တန်ဖိုးနှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၏အကျိုးကို ကောင်းစွာ နားလည်ထားပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။
၅။ ဤဖိတ်ခေါ်ချက်သည် သက်ဆိုင်သူအားလုံးက နှုတ်မှပြောဆို၊ တောင်းဆိုနေကြသော ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို တရားဝင်ဆွေးနွေးပြောဆိုနိုင်မည့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အာမခံထားပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ စစ်ရေးနည်းဖြင့် ဖြေရှင်းနည်းအစား စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာရေးအာမခံချက် ဖြစ်သည်ဟုလည်း ရှုမြင်ပါသည်။ တိုင်းရင်းသား၊ နိုင်ငံသားအားလုံး အတွက် အလေးအမြတ်ပြု တန်ဖိုးထားရမည့် စိန်ရတုပြည်ထောင်စုနေ့ ကို အကြောင်းပြု၍ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ဤဖိတ်ခေါ်ချက်ကို မိမိတို့နိုင်ငံရေးပါတီများက ဂုဏ်ယူတန်ဖိုးထားစွာ ကြိုဆိုအပ်ပါသည်။
၆။ သို့ပါ၍ ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် နိုင်ငံသား၊ တိုင်းရင်း သား အားလုံး၏ အကျိုးအလို့ငှာ “ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့” သို့ သက်ဆိုင်သူအားလုံး တက်ရောက်ခြင်း၊ ဆွေးနွေးဖလှယ်ခြင်းဖြင့် ပြည်သူ့အကျိုးကို သယ်ပိုး ထမ်းဆောင်ပေးကြပါရန် အလေးအနက် တိုက်တွန်းတင်ပြအပ် ပါသည် -
