ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၄ / ၂၀၂၁ )
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်
( ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍
ပါတီအား ဖျက်သိမ်းခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ကို မှတ်ပုံတင်အမှတ် (၄၂)၊ ၂၄-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၉၅/၂၀၁၀)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
၂။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ၏ ၂၃-၈-၂၀၂၁ ရက်စွဲပါစာဖြင့် နိုင်ငံရေးပါတီကို ဖျက်သိမ်းကြောင်း တင်ပြချက်နှင့် စပ်လျဉ်း၍ ၁၆-၁၁-၂၀၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည် ပြုခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီ အား ဖျက်သိမ်းလိုက်သည်။
(သိန်းစိုး)
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်