ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာန ချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် ကျင်းပခဲ့ ပြီဖြစ်သည်။ သင်တန်းဆင်းခဲ့ကြသည့် နိုင်ငံ့သားကောင်း စစ်သည်များမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒ အလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသူ များဖြစ်သည်။
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို ကြည့်လျှင် ကမ္ဘာ့အင်အားချိန်ခွင်လျှာ ပြောင်းလဲလျက်ရှိသည့် ဖြစ်စဉ်နှင့်အတူ အကျိုးစီးပွားတူရာ နိုင်ငံများအလိုက် အုပ်စုဖွဲ့ အားပြိုင်မှုများ၊ စစ်ရေးတည်ဆောက်မှုများ တိုးချဲ့ပြုလုပ်နေကြ သည်ကို တွေ့မြင်နိုင်သည်။ မိမိတို့နိုင်ငံသည် မဟာဗျူဟာအရ အရေးပါသည့် ရပ်ဝန်းတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိ နေပြီး ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို မဖြစ်မနေရင်ဆိုင် လာရမည့် အလားအလာများလည်း ရှိနေသည်။ ယင်းသို့သော အခြေအနေမျိုးတွင် မိမိတို့နိုင်ငံသည် တစ်ခဲနက်စည်းလုံးညီညွတ် စွာဖြင့် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ ကာကွယ်ရေး စွမ်းအားတို့ကို အခိုင်အမာ တည်ဆောက်ထားကြရမည်ဖြစ်သည်။ သို့ရာတွင် မိမိတို့၏ ပြည်တွင်းရေးအခြေအနေသည် ပြည်ထောင်စု ကြီး ပြိုကွဲပျက်စီးရေးဆီသို့ ဦးတည်စေသည့် အကြမ်းဖက်အဖျက် အမှောင့်လှုပ်ရှားတိုက်ခိုက်မှုများ၊ ပြည်သူလူထု၏ အသက် အိုးအိမ်၊ ပိုင်ဆိုင်မှုများနှင့် လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီး ဆုံးရှုံးစေသည့် မြို့ဖျက်ရွာဖျက်၊ လမ်းတံတားဖျက်ဆီးမှုများနှင့် အခြားလုံခြုံရေးဆိုင်ရာ အခြေအနေများစွာတို့ကြောင့် နိုင်ငံတော် ၏ ကာကွယ်ရေးစွမ်းအားကို မဖြစ်မနေမြှင့်တင်ရန် လိုအပ်လျက် ရှိသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသားတိုင်း စောင့်ထိန်းကြရမည့် တာဝန်များဖြစ်သည့်အလျောက် ယင်းတာဝန်ကို ထမ်းဆောင် နိုင်ကြစေရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် လိုအပ်သည်။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင် နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့် အလိုက် လစာနှင့်စရိတ်အတိုင်း ခံစားခွင့်ရရှိကြမည်ဖြစ်သကဲ့သို့ စစ်မှုထမ်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့လျှင် တာဝန်ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိကြမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင် နေသည့်ကာလသည် တာဝန်ချိန်ပင်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးသည့် အလုပ်သမားတစ်ဦးသည် မူလထမ်းဆောင်ခဲ့ သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ် သည်။ သတ်မှတ်ကာလပြီးသည်အထိ ပြည်သူ့စစ်မှုထမ်းဆောင် ပြီးသူ တစ်ဦးသည် မိမိသဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းလိုပါက သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စစ်မှုထမ်းခွင့်ပြုနိုင်သည်။ ပါရဂူဘွဲ့ရသူ များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့်ပြည့်စုံသူ များကို အရေးပေါ်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ခဲ့ကြသည့် နိုင်ငံ့ သားကောင်းတို့မှာ စစ်သည်တို့ တတ်အပ်သည့် သက်ဆိုင်ရာ ဘာသာရပ်သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ယူခဲ့ကြပြီး စိတ်ဓာတ်ကောင်း၊ အလေ့အကျင့်ကောင်းများ ရရှိခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို လေးစားဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည့် နိုင်ငံ့သားကောင်း စစ်သည်အပေါင်းတို့အား အလေးအနက် ဂုဏ်ပြုအပ်ပါကြောင်း။ ။
Remark Type