နိုင်ငံသားတိုင်း နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်ရှိမှသာ နိုင်ငံကြီးပွားတိုးတက်မည်


 

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ ပညာတတ်ဖြစ်စေရေးသည် အရေးကြီးသဖြင့် အထူးအလေး အနက်ထား ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ် ရှိမှသာ နိုင်ငံကြီးပွားတိုးတက်မည်ဖြစ်ပြီး နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိရန်အတွက် ပညာရေးတွင် အခြေခံကောင်းရန် လိုအပ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၄-၅-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)