နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတွင် စာပေ၊ ယဉ်ကျေးမှု၊ အားကစားသည် မရှိမဖြစ် ကဏ္ဍကြီး(၃)ခုဖြစ် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှ အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာမည်

 

နေပြည်တော်    ဇူလိုင်    ၈


(၃၁)ကြိမ်မြောက်   အရှေ့တောင် အာရှ        အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်    ပြည်နယ် အားကစားပြိုင်ပွဲများတွင်  ဆုရရှိ ကြသည့်    အားကစားသမားများအား နေပြည်တော်ကောင်စီမှ   ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော် ကောင်စီရုံး      ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ        ဒေါက်တာ မောင်မောင်နိုင် က ဗီယက်နမ်နိုင်ငံ ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစား ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ နိုင်ငံ့ကိုယ်စားပြုပြိုင်ပွဲဝင်များ  ဝင်ရောက်ယှဉ်ပြိုင် ကြရာ  ဗိုဗီနမ် လေးယောက်တွဲ အပြပြိုင်ပွဲ   အားကစားနည်းတွင် ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်အားကစား နည်းတွင်  ငွေတံဆိပ်ဆုရရှိခဲ့ကြ သည့်     အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့်     ပြည်နယ်    အားကစားပြိုင်ပွဲများတွင်  ဆုများ ရရှိခဲ့ကြသည့်    နေပြည်တော် ကိုယ်စားပြု    အားကစားသမားများ ကို နေပြည်တော်ကောင်စီမှ ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊   မိမိ နိုင်ငံအတွက်   ကြိုးစားခဲ့ကြသည့်     အားကစားသမားများ   အားလုံး ကို     နေပြည်တော်ကောင်စီက အသိမှတ်အပြု ဂုဏ်ယူပါကြောင်း၊ ယခုအခါ         နိုင်ငံတော်အနေဖြင့် အားကစားသမားများ၏       ဘဝ နောင်ရေးအတွက်  နိုင်ငံကိုယ်စား ပြု          ယှဉ်ပြိုင်ကစားခဲ့ကြသည့် အသက် (၆၀)အထက် အားကစား သမားများကို   လစဉ်ထောက်ပံ့ ချီးမြှင့်ငွေ   ပေးအပ်လျက်ရှိသည် ကိုလည်း     တွေ့ရှိရပါကြောင်း၊  နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတွင်  စာပေ၊ ယဉ်ကျေးမှု၊  အားကစား ဆိုသည်မှာ  မရှိမဖြစ်  ပါဝင်နေ သည့်   ကဏ္ဍကြီး(၃)ခု  ဖြစ်ပါ ကြောင်း၊တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှ  အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာမည် ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌက (၃၁)ကြိမ်မြောက်      အရှေ့တောင်အာရှ    အားကစား ပြိုင်ပွဲ၌   ဗိုဗီနမ် လေးယောက်တွဲ အပြပြိုင်ပွဲတွင် ပထမရွှေတံဆိပ် ဆုရရှိခဲ့သည့်  မောင်ဇင်လင်းထွန်း ကို      ဂုဏ်ပြုချီးမြှင့်     ငွေကျပ် ငါးသိန်းနှင့်  ဂုဏ်ပြုမှတ်တမ်း လွှာ ကို   လည်းကောင်း၊   ပြေးခုန်ပစ် မီတာ  ၁၀၀၀၀   ပြိုင်ပွဲတွင် ဒုတိယ  ငွေတံဆိပ်ဆုရရှိခဲ့သည့်   မခင်မာ ဆယ်ကို   ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကို  လည်းကောင်း ဂုဏ်ပြုချီးမြှင့် ပေးအပ်သည်။ (ဝဲပုံ)
ယင်းနောက်   နေပြည်တော် ကောင်စီအဖွဲ့ဝင်များက    တိုင်း ဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများတွင်    အလေးမပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ နှင့်  အမျိုးသား၊ အမျိုးသမီးရိုးရာ ခြင်းလုံးပြိုင်ပွဲများ၌    ဆုများရရှိ ကြသည့် နေပြည်တော်  ကိုယ်စား ပြု   အားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ငွေနှင့်     ဂုဏ်ပြု မှတ်တမ်းလွှာများကို   ပေးအပ် ချီးမြှင့်ကြသည်။

 


ထို့နောက် အားကစားသမား များကိုယ်စား ဗိုဗီနမ်လေးယောက် တွဲ အပြပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆု ရရှိခဲ့သည့်  မောင်ဇင်လင်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 


ယင်းနောက် အားကစားသမား များက    တိုက်ကွမ်ဒိုအားကစား နည်းဖြင့်လည်းကောင်း၊  Physical Fitness Dance သရုပ်ဖော်  အက များဖြင့်လည်းကောင်း သရုပ်ပြသ ဖျော်ဖြေကြရာ      နေပြည်တော် ကောင်စီအဖွဲ့ဝင်များက  ဂုဏ်ပြု ချီးမြှင့်ငွေများ    ပေးအပ်ချီးမြှင့် ကြသည်။ 

 


အခမ်းအနား        အပြီးတွင် နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ က အားကစားသမားများကို ရင်းရင်း နှီးနှီး   နှုတ်ဆက်ခဲ့ကြောင်း   သိရ သည်။  

                 
 

သတင်းစဉ်