
ကနောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း မပျက်ယွင်းရအောင် တာဝန်ယူဦးဆောင် ဦးရွက်ပြုခဲ့တာ ခုနစ်လတာပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။
အရှိန်အဟုန်နဲ့ဆောင်ရွက်နေ
စတင်တာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်စတဲ့ အစောပိုင်းလများနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ စေတနာအရင်းခံ ဆောင်ရွက်မှုတွေက ပိုမိုမြင်သာ ထင်ရှားလာခဲ့တယ်လို့ ဆိုရ မှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေကို ယခင်လ များထက် ပိုမိုမြင်တွေ့လာရသလို၊ ကိုဗစ်-၁၉ ရောဂါကို အစိုးရ၊ ပြည်သူ၊ အသင်းအဖွဲ့များနဲ့ တပ်မတော်သားများ အားလုံး ညီညီညာညာနဲ့ တွန်းလှန်ကြ ခြင်းရဲ့ အဖူးအပွင့်တွေအဖြစ် ပိုးတွေ့ လူနာဦးရေလည်း မျှော်မှန်းအခြေအနေ ကို ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ် ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လူမှုစီးပွား ဘဝတွေကို အမြန်ဆုံးပြန်လည်ဦးမော့ စေဖို့ အခြေခံစီးပွားရေးလုပ်ငန်းတွေ အပါအဝင် ကဏ္ဍအသီးသီးမှာ မြှင့်တင်မှု တွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြ သလို လာလတ္တံသော မျိုးရိုးဗီဇကွဲ ကိုဗစ် အစွယ်အပွားတွေကို တိုက်ထုတ်ရာမှာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံပေး မှု အစီအစဉ်တွေကလည်း တစ်နိုင်ငံ လုံးအတိုင်းအတာ အားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်တစ်လတာမှာ နိုင်ငံ အုပ်ချုပ်ရေး အခင်းအကျင်းသစ်တွေ၊ အာဆီ ယံ အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ လက်တွဲခေါ်ယူမှုတွေ၊ ပြည်သူတွေ တစ်စ တစ်စနဲ့ ပြန်လည်ကျန်းမာလာမှု စတာ တွေအပြင် နိုင်ငံတော်က စီးပွားရေး အခြေခံများ ဖြည့်ဆည်းမှု၊ ပြည်သူအချင်း ချင်း ကူညီဖေးမမှုနဲ့ အကြမ်းဖက်မှု များ တိုက်ဖျက်ရေးမှာ ပြည်သူများ တစ်တပ်တစ်အား ပါဝင်လာမှုတွေ ကြောင့် ရောင်နီလင်းတဲ့ ဩဂုတ်လပင် ဖြစ်ပါတယ်။
ဩဂုတ်လ ၁ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ရပ်ကို မြင်တွေ့ခဲ့ရပါ တယ်။ အဲဒါကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နဲ့အညီ နိုင်ငံတော်တာဝန်တွေကို ပိုမိုလွယ်ကူ ထိရောက်လျင်မြန်စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရဲ့ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့”အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။
ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ အိမ်စောင့် အစိုးရအဖွဲ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့ပြီး ဒုတိယဝန်ကြီး ချုပ်အဖြစ် ဒုတိယဥက္ကဋ္ဌက တာဝန်ယူခဲ့ ပါတယ်။ အစိုးရအဖွဲ့မှာ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံးရဲ့ အမြဲတမ်း အတွင်းဝန်တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးများ ထပ်မံ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့တာဝန်ပေး ခြင်း၊ ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ တွေ ပြင်ဆင်ဖွဲ့စည်းခြင်းစတဲ့ အပြောင်း အလဲကောင်းတွေကိုလည်း မြင်တွေ့ခဲ့ရ ပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူ့အတွက် ဦးဆောင်လှုပ်ရှားမှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၁ ရက် နိုင်ငံတော် တာဝန်ထမ်းဆောင်တဲ့ ခြောက်လပြည့် မြောက်တဲ့နေ့မှာ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေ ကို ပယ်ဖျက်ပြီးတဲ့နောက် အရေးပေါ် ကာလပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ် ဆောင်သွားမှာဖြစ်တဲ့အပြင် လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲအသစ် ကို ပြန်လည်ကျင်းပသွားမှာဖြစ်တယ် ဆိုတာကို ထပ်လောင်းပြောကြားခဲ့သလို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စည်းကမ်း ပြည့်ဝတဲ့ အလေ့ အထကောင်းတွေကို ပြည်သူတွေ ရရှိ လာစေရေး၊ အထူးအားဖြင့် ကိုဗစ်-၁၉ ကို အစိုးရနဲ့ပြည်သူတစ်ရပ်လုံးက လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏ စွမ်းအားတွေနဲ့ စုပေါင်းပြီး အောင်မြင် အောင် ကာကွယ်ကြရေးစတာတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ အခြေခံစီးပွားရေးလုပ်ငန်း တွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ကြဖို့နဲ့ ပြည်သူအားလုံး သွေး စည်းညီညွတ်ကြစေဖို့ အလေးထား တိုက်တွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဦးဆောင်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂ ရက်က ကျင်းပခဲ့သလို သတ္တမအကြိမ် အစည်းအဝေးကိုလည်း ဩဂုတ်လ ၉ ရက်မှာ ကျင်းပခဲ့ပါတယ်။ အဋ္ဌမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၆ ရက်၊ နဝမအကြိမ် အစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့ပြီး (၁၀) ကြိမ်မြောက် အစည်းအဝေးကိုတော့ ဩဂုတ်လ ၃၀ ရက်က ကျင်းပခဲ့တဲ့ အတွက် တစ်လတာအတွင်း နိုင်ငံတော် အဆင့် အစည်းအဝေးပေါင်း ငါးကြိမ်ခန့် ကျင်းပပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး ဆိုင်ရာလုပ်ငန်းစဉ်တွေကို အချိန်နဲ့ တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်းခဲ့တာ မြင်တွေ့ရပါတယ်။
ညှိနှိုင်းအစည်းအဝေးတွေရဲ့ ရလဒ် တွေအဖြစ် နိုင်ငံတကာအကူအညီများ မြန်မြန်ဆန်ဆန် ရရှိလာခဲ့သလို၊ ကာကွယ်ဆေးထိုးနှံပေးနိုင်မှု တစ်နိုင်ငံ လုံး မြင့်တက်လာခဲ့ပါတယ်။ ဇူလိုင်လ အတွင်းက အရေးတကြီးလိုအပ်ခဲ့တဲ့ အောက်ဆီဂျင်ကိုလည်း ယခုလမှာ ပိုမို တင်သွင်းလာနိုင်တာ၊ ပြည်တွင်း ထုတ် လုပ်နိုင်မှု မြင့်မားလာခဲ့တာတွေအပြင် ကုသရေးဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ထိန်းချုပ် လာနိုင်ခဲ့ပါတယ်။ အခြေခံစားသောက် ကုန်တွေကို ရွေ့လျားမော်တော်ယာဉ်များ ထံကနေ ပြည်သူများက ဈေးနှုန်း သက်သာ စွာနဲ့ ဝယ်ယူနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို အစိုးရအဖွဲ့၊ ကျန်းမာရေး တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများအားလုံး စုပေါင်းကြိုးပမ်းမှု ရလဒ်အဖြစ် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်ခဲ့ကြောင်းနဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းအောက်အထိ ကူးစက်မှု ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတော်က ဝယ်ယူထားတာ၊ ပြည်ပ နိုင်ငံများနဲ့ အဖွဲ့အစည်းများက လှူဒါန်း ထားတာတွေကြောင့် ရရှိထားတဲ့ ကာကွယ်ဆေး ၁၀ ဒသမ ၂ သန်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ပြည်သူများထံ အမြန်ဆုံးရောက်ရှိစေဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က မော်တော်ကား၊ လေယာဉ်၊ ရဟတ်ယာဉ်စတာတွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းတွေ အရှိန် အဟုန်နဲ့ လျင်လျင်မြန်မြန် ဆောင်ရွက် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ် တွေနဲ့ လက်ရှိအခြေအနေ၊ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် တွေကို ကြိုတင်ဖြည့်ဆည်းပေးနေတဲ့ အခြေအနေ၊ ကိုဗစ်လှိုင်းများရဲ့ ရိုက်ခတ် မှုတွေကနေ သင်ခန်းစာရယူကာ ဆေးရုံ တွေအားလုံးမှာ ကုသရေးအတွက် အမြဲကြိုတင်ပြင်ဆင်ရမယ့် အခြေ အနေ၊ ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချတာ၊ ဈေးကစားတာတွေကို တားမြစ်နိုင်ခဲ့တဲ့ အတွက် ပြည်သူများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ခဲ့တဲ့ အခြေအနေ၊ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ အကျဉ်းသူ၊ အကျဉ်း သားများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ဒေသများ၊ တိုက်ပွဲရှောင်ဒေသများနဲ့ IDP camp များ စတဲ့ အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံက ပြည်သူများအားလုံးကို ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ကာကွယ် ဆေးထိုးနှံ နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းတွေကို လည်း အားရဖွယ်မြင်တွေ့ရပါတယ်။
ဩဂုတ်လ ၇ ရက်က ကျင်းပတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (၁၃/၂၀၂၁) အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုများ လျော့ကျလာမှု၊ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များ အကောင်အထည်ဖော် နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အခြေအနေ၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး အတွက် ဆောင်ရွက်နေမှုများနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး ကွာဟမှု၊ မြို့ပြ ကျေးလက်ကွာဟတာတွေ လျှော့ချပေး နိုင်မှုစတဲ့ လူမှုစီးပွားဘဝများ ပြန်လည် ဦးမော့နိုင်ရေး အခြေအနေအရပ်ရပ်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ကောင်စီအဖွဲ့ဝင် များက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အိမ်စောင့်အစိုးရအဖွဲ့ အစည်း အဝေး (၁/၂၀ ၂၁)ကို ဩဂုတ်လ ၁၀ ရက် မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရအဖြစ် ဩဂုတ်လ ၁ ရက်က စတင်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ဝန်ကြီးချုပ်အဖြစ် မိမိကတာဝန်ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကိစ္စရပ် တွေကို အားလုံးစုပေါင်းဆောင်ရွက်သွား ကြဖို့ အမှာစကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေတွေကို အခြေခံပြီး အစိုးရအဖွဲ့အနေနဲ့ ပညာရေး မြင့်မားစေ ဖို့၊ သုတေသနကဏ္ဍဖွံ့ဖြိုးစေဖို့၊ တစ်ဦး ချင်းဝင်ငွေရရှိမှုတိုးပွားစေဖို့နဲ့ စီးပွား ရေး တောင့်တင်းခိုင်မာစေဖို့၊ စားနပ် ရိက္ခာဖူလုံပြီး စားအုံးဆီ၊ အထည်အလိပ် စတဲ့ ပြည်ပတင်သွင်းမှုတွေ လျှော့ချနိုင် စေဖို့၊ ပြည်တွင်းကနိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံတွေ ဖွံ့ဖြိုးအောင်မြင် စေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့ စတာတွေ ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပညာ ပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး တို့ကိုလည်း ဝန်ကြီးချုပ်က ဦးဆောင် ဆွေးနွေးခဲ့တာကို မြင်တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက် ရေး အစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်က တက်ရောက်ခဲ့ပါတယ်။ နေပြည် တော်ကောင်စီနယ်မြေက မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တာနဲ့အညီ လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်မယ့် ဘာသာ ရပ်ဆိုင်ရာ သင်တန်းကျောင်း၊ ကောလိပ် နဲ့ တက္ကသိုလ်တွေ ဖွင့်လှစ်နိုင်စေဖို့၊ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေဖို့နဲ့ မြို့တော်စည်ပင်သာယာရေး၊ သယ်ယူ ပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအစရှိတဲ့ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပ၊ စိမ်းလန်း စိုပြည်တဲ့ မြို့တော်တစ်ခုဖြစ်လာစေရေး အတွက် ပေါင်းစပ် ညှိနှိုင်းအဖြေရှာခဲ့ကြပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁၄/၂၀၂၁) အစည်းအဝေးကို ဩဂုတ် လ ၂၃ ရက်က ကျင်းပခဲ့ရာမှာလည်း ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများ၊ ကပ်ရောဂါကြောင့် ကျဆင်းသွားခဲ့ရတဲ့ စီးပွားရေးပြန်လည် ဦးမော့လာစေရေး အစီအမံများ၊ ကာကွယ်ဆေးထိုးနှံတဲ့ အခြေအနေများ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အားလုံး ပါဝင်ပြီး အချိုးကျ ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒ အလေးထားနိုင်ဖို့အတွက် PR စနစ်နဲ့ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အလေးထား စဉ်းစားလျက်ရှိကြောင်း အပါအဝင်၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ၊ ဒီမိုကရေစီစံနှုန်းဆိုင်ရာ အကြောင်းအရာ တွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ အစည်းအဝေးအမှတ် (၄/၂၀၂၁) ကို ဩဂုတ်လ ၃၁ ရက်က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာမှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေရဲ့ လုံခြုံရေးဆိုင်ရာများ စနစ်တကျရှိစေဖို့နဲ့ သစ်တောမြေများ စနစ်တကျအသုံးပြုနိုင်ဖို့၊ စိုက်ပျိုးမြေ တွေကိုလည်း အခြားကိစ္စရပ်တွေမှာ အသုံးမပြုစေဖို့၊ မြို့ရွာစီမံခန့်ခွဲရေး တွေမှာ ရေရှည်အတွက် စဉ်းစားစီမံ ဆောင်ရွက်ဖို့၊ နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွေကို ဆောင်ရွက်ကြဖို့ အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာ ကာလ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ခြောက်လတာကာလ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများသို့ ဩဂုတ်လ ၂၄ ရက်က တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးအတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဦးစားပေး ကာလများဖြစ်သည့် အားလျော်စွာ မဖြစ်မနေသုံးစွဲရမည့် အခြေအနေများကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများအနေနဲ့ အသုံးစရိတ်များ ကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲရေး၊ ပြည်သူလူထု တိုက်ရိုက်အကျိုးဖြစ်ထွန်း စေမည့်ကဏ္ဍများကို အလေးပေးဆောင် ရွက်ကြရေး တိုက်တွန်းပြောကြားခဲ့ပါ တယ်။
အာဆီယံ၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံမှုအားကောင်းတဲ့ကာလ
နိုင်ငံတကာမျက်နှာစာနဲ့ ထိတွေ့ ဆက်ဆံမှုတွေမှာ မြန်မာနိုင်ငံအနေနဲ့ ဩဂုတ်လအတွင်း ပိုမိုအားကောင်းလာ ခဲ့ပြီး အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံ များနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက် ရေးကို အလေးထားဆောင်ရွက်နေတာ ကို မြင်တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၈ ရက် (၅၄)ကြိမ် မြောက် အာဆီယံနှစ်ပတ်လည်နေ့မှာ ပြည်သူများထံကို သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံရဲ့ စုပေါင်းအင်အားနဲ့ ကိုဗစ်- ၁၉ ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှား ဖို့အတွက် ယုံကြည်မှုရှိပြီး တာဝန်ယူမှု ရှိတဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ယခုနှစ် အာဆီယံ ဆောင်ပုဒ် “သာယာဝပြောသော အာဆီယံသို့ အပြန်အလှန် ဖေးမကူညီမှု ဖြင့် အတူတကွ ပြင်ဆင်ဆောင်ရွက်ကြ ပါစို့”နဲ့အညီ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာ နိုင်ငံက အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးတွေမှာ လက်တွဲသွားဖို့ ခိုင်မာစွာ သန္နိဋ္ဌာန်ချထားကြောင်းနဲ့ အားလုံးက တက်တက်ကြွကြွ ပူးပေါင်း ကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။
(၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေဖြစ်တဲ့ (၂၃) ကြိမ်မြောက် အာဆီယံ နိုင်ငံရေး၊ လုံခြုံ ရေးနဲ့ အသိုက်အဝန်းကောင်စီအစည်း အဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များနဲ့ အာဆီယံအစိုးရအချင်းချင်း ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ (၂၉) ကြိမ် မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေး၊ အရှေ့တောင် အာရှ နျူကလီးယားလက်နက်ကင်းမဲ့ ရေးဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး များကို ဩဂုတ်လ ၂ ရက်မှာ ကျင်းပခဲ့ သလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး(၂)ကို သဘောတူလက်ခံကြောင်း ဆွေးနွေး အတည်ပြုနိုင်ခဲ့ပါတယ်။ ဩဂုတ်လ ၃ ရက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ တွေအကြား သီးသန့်ပြုလုပ်တဲ့ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး အခမ်း အနားတွေကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူများက အသီးသီးတက်ရောက်ခဲ့ပါတယ်။
ဩဂုတ်လ ၃ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မဲခေါင် -အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများအစည်းအဝေး မှာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာမှာ အမေရိကန်နိုင်ငံက မဲခေါင်နိုင်ငံတွေကို ကိုဗစ်-၁၉ ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ အတွက် ကျေးဇူးတင်အသိအမှတ်ပြု တဲ့အပြင် မြန်မာပြည်သူများရဲ့ အသက် အန္တရာယ်ကိုကာကွယ်ပေးနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပါအဝင် အခြားထောက်ပံ့မှုတွေကို ပိုမိုပေးအပ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါ တယ်။ ဒါ့အပြင် ဖွံ့ဖြိုးမှုအစီအစဉ်တွေ များစွာ ပါဝင်တဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုရဲ့ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၃) ထုတ်ပြန်ခဲ့တဲ့အပေါ် ကြိုဆိုခဲ့ ပါတယ်။
ဆက်လက်ဖော်ပြပါမည်
- Log in to post comments