
ဆောင်းပါး
=======
နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်သူ့အကျိုးပြု ပညာရေးဆိုင်ရာမှတ်တိုင်များ အပိုင်း(၁) အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ
==========================================================================================================
ပညာရေးဝန်ကြီးဌာနသည် ပညာရေးအရည်အသွေးရှိရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)အရ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အခြေခံပညာကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးများနှင့် တိုင်းရင်းသားဒေသများ၌ ပညာသင်ယူမှု အခွင့် အလမ်းများ ပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ကျောင်းအဆင့်တိုးမြှင့်ဆောင်ရွက်ခြင်းကို သတ်မှတ် ထားသည့် ကျောင်းသားဦးရေပြည့်မီခြင်း သို့မဟုတ် သွားလာရေးခက်ခဲသည့်ဒေသများတွင် ပင်မကျောင်းနှင့် နှစ်မိုင် အထက်ကွာဝေးခြင်း သို့မဟုတ် မြေပြန့်ဒေသများတွင် ပင်မကျောင်းနှင့် သုံးမိုင်အထက်ကွာဝေးခြင်းနှင့် အထက်တန်း ကျောင်းအဆင့်တိုးမြှင့်ခြင်းဖြစ်ပါက သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီခြင်း သို့မဟုတ် ပင်မကျောင်းနှင့် ၁၀ မိုင် အထက် ကွာဝေးခြင်းတို့ဖြင့် ပြင်ဆင်သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်-
ပညာသင်ယူမှု အခွင့်အလမ်းများပိုမိုရရှိရေးအတွက် အခြေခံပညာကျောင်းများကို အောက်ပါအတိုင်း အဆင့်တိုးမြှင့်ပေးနိုင်ခဲ့ပါသည်-
ကျောင်းသား ကျောင်းသူများ ပညာသင်ယူရန် အခွင့်အလမ်း ရရှိစေရေးအတွက် ကျောင်းများကို အဆင့်တိုးမြှင့်ပေးခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောင်းပေါင်း ၁၉၀၀၀ ကျော်တိုးခဲ့ရာမှ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျောင်းပေါင်း ၂၄၀၀၀ ကျော် အဆင့်တိုးတက်ခဲ့ပါသည်။
အခြေခံပညာကျောင်းများကို ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ယူနိုင် ရန် ကျောင်းအဆင့် တိုးမြှင့်ပေးသကဲ့သို့ ကျောင်းသစ်များလည်း ဖွင့်လှစ်ပေးရာ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၄၇၇၆၀ အထိ ဖွင့်လှစ်လျက် ရှိပါသည်။
အခြေခံပညာကျောင်းအရေအတွက်သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းအရေအတွက် ၂၁၆၉ ကျောင်း ပိုမိုတိုးတက်လာပြီး အထက်တန်းကျောင်းပေါင်း ၂၁၃၅ ကျောင်း ပိုမိုတိုးတက်လာပါသည်။ အလယ်တန်း၊ အထက်တန်းပညာ ပိုမိုသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိသည့် အတွက် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက အထက်တန်းကျောင်းသားဦးရေ ၃၁၃၈၀၈ ဦးနှင့် အလယ်တန်း ကျောင်းသားဦးရေ ၃၉၃၉၆၁ ဦး ပိုမိုတိုးတက်သင်ယူလာနိုင်ခဲ့ပြီး မူလတန်းတွင် သက်လွန် ကျောင်းသားကလေးငယ်များ လျော့ပါးသွားပြီး အတန်းနှင့်ကိုက်ညီသည့် အသက်အရွယ်အလိုက်၊ အဆင့်အလိုက် ပညာသင်ယူလာနိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments