
ကနောင်
မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါတတိယလှိုင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ ဒေသတွင်း နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမိုနီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။
ဦးစားပေးသတ်မှတ်ထားသည့် အုပ်စုများ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှု အားကောင်းသည့် လ၊ ကပ်ရောဂါအရှိန် ကျဆင်းလာသည်နှင့်အမျှ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက် ဖွံ့ဖြိုးမှုတို့ကို ပိုမိုအားပေး၍ စားနပ်ရိက္ခာဖူလုံစေရေး၊ ပြည်သူများ လုံခြုံငြိမ်းချမ်းရေးအတွက် အချိန်ပေးရ သည့်ကာလတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအတွက် စက်တင် ဘာလအတွင်း ဆောင်ရွက်ချက်များဟု ဆိုလိုက် လျှင် ရေးသား၍ ကုန်နိုင်မည်မဟုတ်ပါ။
ပြည်တွင်း မတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည် ဆူပူ၍ ပြည်သူများ အေးချမ်းလုံခြုံမှုမရှိအောင် အကြမ်းဖက် မည်သည့်အဖွဲ့အစည်းကမဆို သွေးထိုး နှောင့်ယှက်ပါစေ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူ ပူးပေါင်းမှုဖြင့် တစ်စတစ်စ တည်ငြိမ်အေးချမ်းမှု အားကောင်းလာနေသည်က အထင်အရှားပင် ဖြစ်ပါသည်။ စက်တင်ဘာ တစ်လတာအတွင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဆောင်ရွက် ချက်များအတွင်းမှ အချို့ကို ကောက်နုတ်တင်ပြရ မည်ဆိုလျှင် …
ဦးဆောင်ဦးရွက်ပြုသူများ၏လှုပ်ရှားမှု
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၆ ရက်က ကျင်းပသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့နိုင်ငံသည် စက်တင်ဘာလဆန်းပိုင်းတွင် ပျမ်းမျှပိုးတွေ့နှုန်း ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကူးစက်မှု နှုန်း များပြားနေပြီး စည်းကမ်းလိုက်နာမှုရှိစေရန်၊ အသိပညာပေးရေးအပါအဝင် ရောဂါပိုးစစ်ဆေးမှု နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များအကြောင်းကို ဖြည့်စွက်ရှင်းလင်းအကြံပြုပြောကြားခဲ့သည်။ ထို့အတူ ကိုဗစ်- ၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် စနစ်တကျ သုတေသနပြုလုပ်ကာ ကုသဆေး၊ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည့်အခြေအနေ နှင့် ပြည်သူများအားလုံး လွှမ်းခြုံနိုင်မည့် ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာ အစီအမံများကို ထည့်သွင်းပြောကြားခဲ့ပါသည်။
စက်တင်ဘာ ၇ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံ တစ်ခု၏ အဓိကမောင်းနှင်အားမှာ နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေး အင်အားဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများ ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာစဉ်ဆက်မပြတ် သင်ကြားနိုင် ရေးသည်လည်း အရေးကြီးကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည့်အပြင် ပြည်ပဝင်ငွေ တိုးမြှင့်ရရှိစေမည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ပြည်ပပို့ကုန်များ၊ ပြည်တွင်း စားသောက်ရိက္ခာဖူလုံစေရေးအတွက် လမ်းညွှန် မှာကြားခဲ့ကာ ဆီထွက်သီးနှံများ၊ ဝါနှင့် အခြား စိုက်ပျိုးသီးနှံများ အထွက်နှုန်း မြင့်မားရေးကို အကြံပြုဆွေးနွေးခဲ့သည်။ ဟိုတယ်နှင့် ခရီးသွား၊ အိမ်ရာ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စိမ်းလန်းစိုပြည်ရေးကဏ္ဍတို့ကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့အတူ ကာကွယ်ဆေးများ ရောက်ရှိမှုအခြေအနေများနှင့် မည်သူတစ်ဦး တစ်ယောက်မျှ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေ ရေးတို့အတွက်လည်း ညှိနှိုင်းအဖြေရှာပေးခဲ့ခြင်းကြောင့် လက်တွေ့မျက်မြင် ကာကွယ်ဆေးထိုးနှံ ခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။
စက်တင်ဘာ ၉ ရက်က ကျင်းပသည့် သတ္တမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ်တွင် GMS ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အတွက် လမ်းပြမြေပုံဖြစ်လာ မည့် ယနေ့ထိပ်သီးအစည်းအဝေး၌ အတည် ပြုထုတ်ပြန်မည့် GMS စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်၌ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကာကွယ်ဆေး လွှမ်းခြုံနိုင်အောင် ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)နှင့် ဘူတာကြီးတို့ကိုကြည့်ရှုစစ်ဆေး၍ မီးရထား ပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံကို အကျိုးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပြီး ပိုမိုတိုးတက် အောင်မြင်စေရေး အစီအမံများ ချမှတ်ပေးခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက် ရောက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ပြင်ဦးလွင် တပ်နယ်မှ သန္ဓေအရာရှိ၊ နည်းပြအရာရှိ၊ ကထိက အရာရှိနှင့် ပါရဂူဆေးမှူး၊ ဆရာ၊ ဆရာမများ၊ စစ်သည်မိသားစုများအား နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုနှင့် နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှု၊ စစ်သည်တစ်ဦးချင်း ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ခြင်းနှင့် စည်းကမ်းနှင့် အမိန့် နာခံမှုကောင်းမွန်ခြင်း၊ ကိုယ်စီတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခြင်းတို့ဖြင့် မိမိတို့ တတ်စွမ်းသရွေ့ နိုင်ငံ့အကျိုးစီးပွားကို ကြိုးပမ်း ဆောင်ရွက်မှုရှိစေရေး လမ်းညွှန်မှာကြားသည်။
စက်တင်ဘာ ၁၆ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ဆင်လမ်းရေလှောင် တမံ၌ သီးနှံစိုက်ပျိုးရေးအတွက် ရေသိုလှောင်မှုနှင့် ရေလှောင်တမံကြံ့ခိုင်မှု၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ သဘာဝစိမ့်စမ်းရေထွက်နှင့် ကန်တော်ကြီး ပတ်လမ်းရှိ ရေဝင်ရောက်ရာ လမ်းကြောင်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများနှင့် ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပညာရေး မြို့တော်ဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကြောင့် စီးပွားရေးအရှိန်အဟုန်ရပ်တန့်ခဲ့ရကြောင်း၊ ရောဂါ ကူးစက်မှုလျော့ကျလာစေရန် ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်းပြောကြား၍ ကိုဗစ်ကြောင့် ထိခိုက်ခံစားကြရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဦးမော့လာစေရေးနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ခြင်း အပါ အဝင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအောင်မြင် စေရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ရေခံ မြေခံကောင်းသည့် ပြင်ဦးလွင်မြို့သည် ကျန်းမာရေး စောင့်ရှောက်မှု၊ ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ကို အဆင့်မြင့်မားစွာ တိုးတက်ဆောင်ရွက်လာစေရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းမှာကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင် ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့အတွင်းရှိ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွား ကဏ္ဍတို့ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၈ ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံ၍ တာဝန်ယူ ဆောင်ရွက်နေရသည့် လက်ရှိနိုင်ငံတော်၏ လူမှု ရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ လစ်ဟင်းမှုများမရှိစေရန် လုပ်ဆောင်နေကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော် တည်ဆောက်ရာတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဆောက်တည်နိုင်ရေးကို ရည်မှန်းချက် ထားလုပ်ဆောင်နေပြီး တိုင်းပြည်သာယာဝပြော ရေးနှင့် စားနပ်ရိက္ခာပေါများရေးကို အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အလေးအနက် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု မြှင့်တင်ရေး၊ သယံဇာတကို အခြေခံသည့် လုပ်ငန်း များထက် ရေရှည်တည်တံ့သည့် လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲ သယံဇာတများကို ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဖြင့် အဆင့် အတန်းပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ထွက်ပေါ်စေရေးအတွက် အခြေခံပညာမှသည် အဆင့်မြင့်ပညာအထိ တက်လှမ်းနိုင်စေရေး၊ စီးပွားရေးနှင့် ဥပဒေကဲ့သို့ သော ပညာရပ်များကို သင်ကြားပေးနိုင်ရေး၊ မြို့ပြ တည်ဆောက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အစီအမံများနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး အတွက် အားကစားကဏ္ဍ မြှင့်တင်ပေးရေး စသည် တို့ကို နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းအကြံပြု ပြောကြားခဲ့သည်။
ဝိုင်းဝန်းကြိုးပမ်းကြစေလို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစု များနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်၍ ကြိုးပမ်းဆောင်ရွက်ခြင်း၊ လက်ရှိလုပ်ဆောင်မှုများသည် နိုင်ငံ့အရေးလုပ်ဆောင်ခြင်းပင်ဖြစ်၍ စစ်မှန်ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ် ခိုင်မာစွာ ရပ်တည် နိုင်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာပေါများစေရေးကို ဦးစားပေး ဆောင်ရွက် နေခြင်းတို့ကို ပြောကြားခဲ့သည့်အပြင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များကို တာဝန်ကျေပွန်အောင် ထမ်းဆောင်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့ နယ်မြေခံတပ်မတော် ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် များအား အားပေးနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိအရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံ၍ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားပြီး စစ်သည်မိသားစုများကို စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ တပ်နယ်ဆေးရုံများတွင် ဆေးကုသမှု ခံယူနေသည့် တပ်မတော်သားများကို ကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများနှင့် လားရှိုးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး၌ တွေ့ဆုံ၍ ဒေသ တွင်း ထုတ်ကုန်များ မြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးမွေးမြူရေး စသည့် ဒေသအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး တိုက်တွန်းပြောကြားခဲ့ သည်။
ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို စက်တင်ဘာ ၂၃ ရက် က ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ခြောက်လဘဏ္ဍာရေး နှစ်အတွင်း ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ အသုံး စရိတ်များကို ဆက်လက်လျာထားသုံးစွဲရန် ခွင့်ပြု ထားကြောင်းနှင့် အရေးပေါ် ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူး ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ လျာထား သုံးစွဲ နိုင်ရန် စီစဉ်ထားကြောင်း၊ ခွဲဝေခွင့်ပြုထားသည့် အသုံးစရိတ်များကို စိစစ်သုံးစွဲနိုင်စေရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ဖော်ဆောင်ရန် တာဝန်ရှိသူများက မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့အတူ အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေး (၁/၂၀၂၁)ကို ယင်းနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး အမျိုးသားစီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်း အကောင်အထည်ဖော်ရာတွင် ငွေကြေးသုံးစွဲမှုများ ကို နိုင်ငံတော်၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျင့်သုံးရန်နှင့် သွင်းအားစုများကို အလေအလွင့်နည်းပါးစွာဖြင့် ထိရောက်စွာသုံးစွဲ၍ စီမံကိန်းဆောင်ရွက်မှုများကို စောင့်ကြည့်သုံးသပ် ကြရန် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။
စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်
စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာသင် ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဩဂုတ်လ၌ နိုင်ငံအတွင်း ကူးစက်မှု ၄၀ ရာခိုင်နှုန်းကျော်ရောက်ရှိခဲ့သော်လည်း စနစ် တကျဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ယခု စက်တင်ဘာလတွင် ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ကြောင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ စိုက်မွေးစီးပွား လုပ်ငန်းများ မြှင့်တင်ရေး၊ စက်သုံးဆီချွေတာရေး၊ အခွန်ငွေရရှိစေရေးစသည့် နိုင်ငံလိုအပ်ချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၁)သို့ တက်ရောက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည် မှာ ရှစ်လတာ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ၊ အကျပ် အတည်းများသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှု၏ ရလဒ်များပင်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခြင်းကို အမြန်ဆုံး ပြန်လည်ကုစားနိုင်ရေး အတွက် ကြိုးပမ်းမှုများနှင့် သွင်းကုန်များ လျော့ နည်း၍ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရန်အတွက် အလေးထား တိုက်တွန်းခဲ့သည်။
ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရေး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင်ကျင်းပ သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပါဝင်သည့် အမှာစကားပေးပို့ခဲ့သည်။ အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်သည်နှင့် တစ်ပြိုင် နက် ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်းပြော ကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီအစည်းအဝေး (၅/၂၀၂၁)ကို စက်တင်ဘာ ၂၈ ရက်က ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ဆက်ဆံ ဆောင်ရွက်ရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီ ရန်၊ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီ ရန်၊ လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှုစနစ်ဖြစ်ရန် မှာကြားခဲ့သည့်အပြင် အကြမ်း ဖက်လုပ်ငန်းများ၌ EAO များ ပါဝင်ပတ်သက်မှု ရှိသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးမှုနှင့် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာခဲ့သည်ကို မြင်တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments