
နေပြည်တော် ဇူလိုင် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ် ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne (Retd) WWV RWP RSP USP Ndc psc MPhil ၊ ထိုင်းနိုင်ငံမှ Ms. Kanyarat Angkanavisalya နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ တက်ရောက်ကြသည်။
တစ်ဦးချင်းရှင်းလင်းတင်ပြ
ထိုသို့တွေ့ဆုံစဉ် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက် လာကြသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက် အတွင်း ရေးမှူးချုပ်တို့က ဘင်းမ်စတက်အဖွဲ့အစည်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများကို ပူးပေါင်းအဖြေရှာ၍ ဖြေရှင်းဆောင်ရွက်သွားရ မည့် အခြေအနေများနှင့်ပတ်သက်၍ တစ်ဦးချင်း ရှင်းလင်းတင်ပြကြသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ ဘင်းမ် စတက် အတွင်းရေးမှူးချုပ်တို့သည် ဘင်းမ်စတက် အဖွဲ့အစည်း ပေါ်ပေါက်လာမှုအခြေအနေနှင့် ရည်ရွယ်ချက်များ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆက်သွယ်ရေး ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်နိုင်ငံများအကြား မူးယစ်ဆေးဝါးတိုက်ဖျက် ရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် အဖွဲ့ဝင် နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာ ကျင်းပနိုင် ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲလာမှု အခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့နှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်