နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် (အလွတ်တန်းဖိတ်ခေါ် ) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ စတင်ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ   ၂၄


ဂေါက်သီးရိုက် အားကစားနည်း ပိုမို      တိုးတက်လာစေရန်နှင့် ထူးချွန်သော     မျိုးဆက်သစ် ဂေါက်သီးရိုက် အားကစားသမား များ           ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန     အားကစား နှင့်              ကာယပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံ        ဂေါက်သီးရိုက် အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်        (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်   နိုင်ငံတော်စီမံအုပ်ချုပ် ရေး              ကောင်စီဥက္ကဋ္ဌဖလား  တိုင်းဒေသကြီးနှင့်ပြည်နယ်   (အလွတ်တန်းဖိတ်ခေါ်)   ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်  ၇  နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပသည်။
အဆိုပါ   ဂေါက်သီးရိုက်ပြိုင်ပွဲကို   အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်    မြန်မာနိုင်ငံ    ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က ဂေါက်သီးရိုက်၍  ဖွင့်လှစ်ပြီးနောက်  ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ  အမျိုးသားပြိုင်ပွဲ ဝင်အသင်း ၁၅ သင်းမှ  အားကစားသမား ၁၀၄  ဦး  ဝင်ရောက်ယှဉ်ပြိုင် ကြသည်။   ယနေ့ပြိုင်ပွဲ  ပွဲစဉ်များအဖြစ်  တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲ၊   တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲ၊   အသင်းလိုက် (အကျောပေး)ပြိုင်ပွဲ၊ အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲများ ကျင်းပသည်။ ၂၀၂၃  ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌဖလား တိုင်းဒေသကြီးနှင့်     ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲကို ဒီဇင်ဘာ၂၄  ရက်မှ ၂၆ ရက်အထိ နေ့စဉ်နံနက် ၇ နာရီတွင် နေပြည်တော်   မြို့တော် ဂေါက်ကွင်း၌   ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အားကာမောင်