
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေးဖြစ်ထွန်းမှုအပေါ်အထောက်အကူဖြစ်စေရန်၊ ပြည်ပသွင်းကုန်များတင်သွင်းသုံးစွဲနေရမှုအပေါ်အစားထိုးနိုင်ရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်း များလုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ မြို့ပြနှင့် ကျေးလက်ဒေသပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အခမဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
အသေးစားကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို ဌာနမှစက်ပစ္စည်းများအား စနစ် တကျကိုင်တွယ်အသုံးပြု၍ လက်တွေ့တတ်မြောက် စေရန် သင်ကြားပေးခြင်း၊ GMP ၊ GHP နည်းစနစ် များဖြင့် ဘေးဥပဒ်ကင်းရှင်းစေမည့် ကုန်ထုတ် လုပ်ငန်းများဖြစ်လာစေရန် သင်ကြားပေးခြင်း၊ ဈေးကွက်ရရှိစေရန် ဆောင်ရွက်သင့်သည့်စီးပွားရေး ဆိုင်ရာ အသိပညာများ ဆွေးနွေးပေးခြင်းများကို အောက်ဖော်ပြပါ လေ့ကျင့်ပျိုးထောင်ရေးစင်တာ များတွင် ကျွမ်းကျင်သော နည်းပြများဖြင့် လုပ်ငန်း တစ်ခုကို စတင်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်သည်။
ထို့ပြင် လုပ်ငန်းစတင်လိုသူများကို အရင်း အနှီးရရှိစေရန် သမဝါယမစနစ်ဖြင့် ဆောင်ရွက် ပေးခြင်း၊ လုပ်ငန်းများ စနစ်တကျဖြစ်စေရန် လုပ်ငန်းမှတ်ပုံတင်ပေးခြင်း လုပ်ငန်းများလည်း တစ်ပါတည်း ဆက်စပ်ဆောင်ရွက်ပေးမည် ဖြစ်သည်။
ထုတ်လုပ်မှုနည်းပညာသင်တန်းများ
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်း ပညာသင်တန်းများအနေဖြင့် Bakery နှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၊ အဖျော် ယမကာ၊ ရေခဲမုန့်နှင့် အအေးအမျိုးမျိုး ထုတ်လုပ် မှုနည်းပညာသင်တန်း၊ သီးနှံအခြေခံယို၊ ဖျော်ရည် အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဟင်းအရန် အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းများ သင်ကြားပေးမည်ဖြစ်သည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများအနေဖြင့် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲ အမျိုးမျိုး၊ ခေါင်းလျှော်ရည် အမျိုးမျိုး၊လက်သန့်ဆေး ရည် ၊ သွားတိုက်ဆေး၊ Mouth Wash ပြုလုပ်နည်း များသင်ကြားပေးမည်ဖြစ်သည်။
အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း များအနေဖြင့် Snow ၊ Body Lotion ၊ မြန်မာသနပ်ခါး အမျိုးမျိုး၊ ပေါင်ဒါ၊ မိတ်ကပ်၊ မိတ်ကပ်ရည်၊ ခေါင်းလိမ်းဆီပြုလုပ်နည်းများ သင်ကြားပေးမည် ဖြစ်သည်။
ယွန်းလက်မှုနည်းပညာသင်တန်းများ
ယွန်းလက်မှုထည်နည်းပညာသင်တန်းများအဖြစ် အနက်ထည်ယွန်းနည်းပညာသင်တန်း၊ သားရိုးပန်းကြွယွန်းနည်းပညာသင်တန်း၊ ကညစ် ယွန်းနည်းပညာသင်တန်း၊ ရွှေဇဝါယွန်းနည်းပညာ သင်တန်း၊ ဂျပန်ယွန်းနည်းပညာသင်တန်းများ သင်ကြားပေးမည်ဖြစ်သည်။
ရက်ကန်းဆိုင်ရာ နည်းပညာသင်တန်းများ အဖြစ် လွန်းရာကျအချိတ်သင်တန်း၊ လက်ရက်ကန်း သင်တန်း၊ ရွှေချည်ထိုး ငွေချည်ထိုးသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ သဘာဝဆိုး ဆေး/ဓာတုဆိုးဆေးသင်တန်း၊ လက်ရက်ကန်းဖဲနှပ် ကောက်သင်တန်း၊ စာစည်းကြိုးသင်တန်း၊ စက် ရက်ကန်းစက်ပြင် / စက်မောင်းသင်တန်း၊ လွန်းမဲ့စက်ရက်ကန်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်းများ သင်ကြားပေးမည်ဖြစ်သည်။
သစ်၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်သည့် နည်းပညာသင်တန်းများအနေဖြင့် သစ်အခြေခံ ပရိဘောဂသင်တန်း၊ ဝါးအခြေခံလက်မှုထည် သင်တန်း၊ အုန်းမာလာခွံလက်မှုထည်ထုတ်လုပ် နည်းသင်တန်း၊ ပုသိမ်ထီးအချောထည်ထုတ်လုပ် နည်းသင်တန်းများ သင်ကြားပေးမည်ဖြစ်သည်။
သံပန်း၊ သံတံခါးထုတ်လုပ်သည့် နည်းပညာ သင်တန်းအဖြစ် အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းသင်ကြားပေးမည်ဖြစ်သည်။
စက်မှုလက်မှုဆိုင်ရာစက်များအား ပြုပြင် ထိန်းသိမ်းသည့် နည်းပညာသင်တန်းအဖြစ် အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်း သင်တန်း၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းများ သင်ကြားပေးမည် ဖြစ်သည်။
အိမ်တွင်းလျှပ်စစ်သွယ်တန်းသည့် နည်းပညာ သင်တန်းအဖြစ် အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှုနည်းပညာသင်တန်း သင်ကြားပေးမည် ဖြစ်သည်။
သင်တန်းသားဦးရေ ကန့်သတ်
အဆိုပါသင်တန်းများ၏ သင်တန်းကြေးမှာ အခမဲ့ ဖြစ်ပြီး သင်တန်းဖွင့်လှစ်မှုများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်မှုရှိပါသဖြင့် တက်ရောက်လိုသူများသည် လေ့ကျင့်သင်ကြား ရေးဌာန Incubation Centre တည်ရှိရာနေရာများသို့ အမြန်ဆုံးစာရင်းပေးသွင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်၊ နေပြည်တော်ကို ဆက်သွယ်ရန်အတွက်
စီမံခန့်ခွဲရေးဌာနခွဲ ဖုန်း -၀၆၇- ၃၄၁၀၃၉၇၊ စီမံကိန်းဌာနခွဲ ဖုန်း -၀၆၇- ၃၄၁၀၀၂၉၊ အသက် မွေးပညာဌာနခွဲ ဖုန်း -၀၆၇- ၃၄၁၀၂၇၃၊ စက်မှု လက်မှုဌာနခွဲ ဖုန်း -၀၆၇- ၃၄၁၀၂၄၆၊ သုတေသန ဌာနခွဲ ဖုန်း -၀၆၇- ၃၄၁၀၄၇၇ တို့သို့ ဆက်သွယ်ကာ သိလိုသည်များမေးမြန်းနိုင်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများနှင့် ကျောင်း များသို့ ဆက်သွယ်ရန်လိပ်စာများအနေဖြင့် မန္တလေး တိုင်းဒေသကြီး ပုဂံမြို့ ယွန်းပညာကောလိပ် ဖုန်း -၀၆၁- ၆၀၂၆၇၊ မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့ လေးစုရပ်ကွက် ရေတွင်းညီနောင်ရပ် ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ဖုန်း-၀၂-၄၀၇၀ ၄၂၈၊ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနောက်ကျော ဖုန်း-၀၆၇-၈၁၀၆၂၉၆၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက် ရက်ကန်းကျောင်းလမ်း ဖုန်း-၀၇၄- ၂၀၉၈၈၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် အမှတ် (၄) မြစ်ကြီးနား ရက်ကန်းကျောင်းလမ်း ဖုန်း-၀၇၄-၂၅၂၆၆၀၇။
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါတမ ရပ်ကွက် ဝိဇ္ဇာလမ်းထိပ် ဖုန်း-၀၈၃-၂၄၀၀၉၇၊ လွိုင်ကော်မြို့ ဝိဇ္ဇာလမ်းထိပ် လွိုင်ကော်ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ဖုန်း-၀၈၃-၂၂၂၁၆၅၇၊ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၅၂၈) (၄) ရပ်ကွက် သရဖီလမ်း ဖုန်း -၀၅၈- ၈၉၀၄၀၀၇၊ ဘားအံမြို့ အမှတ်(၄) ရပ်ကွက် ကမ်းနားလမ်း သရဖီလမ်းနှင့် သုခမိန်လမ်းထောင့် ဘားအံ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ဖုန်း-၀၅၈-၂၁၆၀၇။
ချင်းပြည်နယ် ဟားခါးမြို့ ဈေး(၁)ရပ်ကွက် ဖုန်း-၀၇၀-၂၁၆၃၉၊ မင်းတပ်မြို့ ဘဝသစ်ရပ်ကွက် မင်းတပ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း ဖုန်း-၀၇၀-၇၀၀၆၇၊ ဖလမ်းမြို့ ကျန်မွှာလ် ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖလမ်းရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ဖုန်း-၀၇၀-၄၀၀၉၄၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ ဝတီရပ်ကွက် မေတ္တာရိပ်မြုံလမ်း တိုင်းရင်းဆေးရုံ အနီး ဖုန်း-၀၇၁-၂၆၅၈၀၊ မုံရွာမြို့ ဒေါနခြံရပ်ကွက် ထန်းတောစုတောင်ရပ် မုံရွာရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း ဖုန်း-၀၇၁-၂၁၂၃၄။
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ ဆန်းချီ ရပ်ကွက် ပိတောက်လမ်း ဖုန်း-၀၅၉-၂၂၆၀၉၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဘောလုံးကွင်းရပ်ကွက် တောင်ငူလမ်း မြို့သစ်(ခ) ဖုန်း-၀၅၂-၂၂၀၁၂ ၉၃၊ ရွှေတောင်မြို့ သရက်တောရပ်ကွက်အပြင် ရှမ်း တန်းလမ်း ရွှေတောင်ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ဖုန်း-၀၅၃-၅၅၀၂၈၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက် (၆) လမ်း မြင်းကင်းရွာ ဖုန်း-၀၉-၄၂၅၆၆ ၁၅၁၄၊ ပခုက္ကူမြို့ အမှတ်(၇) ရပ်ကွက် တပ်မလမ်း ပခုက္ကူရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း ဖုန်း-၀၆၂-၂၁၁၅၅။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် (၈၂x၂၅) လမ်းထောင့် ဖုန်း-၀၂-၄၀၃၉၆ ၀၉၊ မိတ္ထီလာမြို့ ဈေးအရှေ့ပြင် ကန်သာယာ ရပ်ကွက် မိတ္ထီလာရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ဖုန်း-၀၆၄-၂၃၅၁၆၊ မွန် ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် အမှတ်(၅၂) ရတနာလမ်း ဖုန်း-၀၅၇-၂၀၂၄၆၉၈၊မုဒုံမြို့ မြို့မတစ်ရပ် အေဗွီအမ်ရပ်ကွက် မုဒုံ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း ဖုန်း-၀၅၇-၇၀၁၇၃။
ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီး အကွက် အမှတ် (၁) စက်ရုံစုရပ်ကွက် ကိုယ်ပွား သတင်းစာတိုက်အနီး ဖုန်း-၀၄၃-၂၀၂၂၇၉၆၊ စစ်တွေမြို့ မင်းဘာကြီး ဘောက်သီးစုရပ်ကွက် စစ်တွေ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ဖုန်း-၀၉-၈၉၆၀၉၄၁၁၀။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ မြောက် ဥက္ကလာပမြို့နယ် အမှတ်(၁၃၇) သုဓမ္မာ လမ်းမကြီး ဖုန်း-၀၁-၆၆၅၈၀၆၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အရှေ့မြို့ပတ်လမ်း ဖုန်း-၀၈၁-၂၀၆၈၂၉ ၊ တောင်ကြီးမြို့ အမှတ်(၃၁၃) ရေအေးကွင်းရပ် အရှေ့မြို့ပတ်လမ်း တောင်ကြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ဖုန်း-၀၈၁-၂၁၂၁၆၁၄၊ ကျောက်မဲမြို့ အမှတ်(၈) ရပ်ကွက် ဖြူးရွာသစ် ကျောက်မဲရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်း ဖုန်း-၀၈၂-၄၀၀၅၈၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေဝတ်မှုန်ရပ်ကွက် အမှတ်(၆၈) (၅)လမ်း ဖုန်း-၀၄၂-၂၉၂၃၁ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ထူထောင်လိုသူ များအား ဖိတ်ခေါ်ဆန္ဒပြုအပ်ပါသည်။
- Log in to post comments