နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ လာရောက်တွေ့ဆုံ

 
 
 
 
နေပြည်တော် ဇန်နဝါရီ ၂၀
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား သံအမတ်ကြီး မစ္စ ရိုဆာရီယိုမယ်နာလို ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE)သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
 
 
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ တာဝန်ရှိသူများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်း သက်တို့ တက်ရောက်ကြသည်။
 
 
သတင်းစဉ်