နိုင်ငံတော်က အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေတဲ့အချိန်မှာ အလှည့်ကျရရှိလာတဲ့ ကာကွယ်ဆေးကို သွားရောက်ပြီး ထိုးနှံခြင်း မပျက်မကွက်ခံယူသင့်ပါတယ်

ဒေါက်တာသန်းနိုင်စိုး
===============

အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား  ကျောင်းသူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့် စီမံချက် လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို တွေ့ဆုံမေးမြန်းခဲ့သည်။ 
မေး။   ။    အသက်    ၁၂   နှစ်နှင့်အထက် 
    ကျောင်းသား    ကျောင်းသူတွေ ကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေး ရတဲ့ရည်ရွယ်ချက်ကို ပြောကြားပေးပါဦး။
ဖြေ။  ။    အသက်    ၁၂   နှစ်ပြည့်ပြီးတဲ့ 
    ကလေးတွေကို  ကာကွယ်ဆေး ထိုးနှံပေးရေးလုပ်ငန်းကို        လက်ရှိ နေပြည်တော်မှာ     စတင်ဆောင်ရွက်နေပါ တယ်။  နိုင်ငံတကာမှာ ကျောင်းတွေပြန်ဖွင့် တဲ့အခါ       ကျောင်းသားတွေအကြား အစုလိုက်အပြုံလိုက် ကိုဗစ် - ၁၉    ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့်    ကျောင်းတွေ ပြန်ပိတ်ရတာ၊  ကျောင်းသား   ကျောင်းသူ တွေမှာ   ကိုဗစ် - ၁၉   ‌ရောဂါဖြစ်ပွားရင် အနီးကပ်ထိစပ်တဲ့သူတွေ၊ ဆရာ ဆရာမ တွေ   ကွာရန်တင်းဝင်ရတာ‌တွေကြောင့် ပညာရေးနဲ့ပတ်သက်ပြီး  အဟန့်အတား ဖြစ်ရတာတွေ လျော့နည်းဖို့ရည်ရွယ်ချက် တွေနဲ့ဆောင်ရွက်တာဖြစ်ပါတယ်။ 
မြန်မာနိုင်ငံမှာ  အသက်   ၁၂  နှစ်နှင့် အထက်       အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေက ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉   ကာကွယ် ဆေးထိုးနှံပေးနေတဲ့        စီမံချက်ရဲ့ ရည်ရွယ်ချက်တွေက   (၁)    အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ကျောင်းသူတွေကို  ကိုဗစ် - ၁၉    ရောဂါ ကာကွယ်ဆေး       ထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူတွေရဲ့   ပညာ သင်ယူမှု           အခွင့်အလမ်းတွေရရှိစေဖို့၊ (၂) အခြေခံပညာကျောင်းသား ကျောင်းသူ တွေမှာ ကိုဗစ် - ၁၉ ရောဂါ  ဖြစ်ပွားသေဆုံး မှုကို    လျှော့ချဖို့၊    (၃)    ကျောင်းသား ကျောင်းသူတွေကတစ်ဆင့်    မိသားစုနဲ့ ပတ်ဝန်းကျင်ကို     ကိုဗစ် - ၁၉     ရောဂါ ကူးစက်ပြန့်ပွားမှုကို    တားဆီးဖို့ဖြစ်ပါ တယ်။ 
မေး။  ။    အခြေခံပညာ  အလယ်တန်းနဲ့
    အထက်တန်း   ကျောင်းသား ကျောင်းသူဦးရေအရေအတွက်     ဘယ် လောက်ကို ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်သွားမယ်ဆိုတာကို   သိရှိလိုပါ တယ်။
ဖြေ။ ။    တစ်နိုင်ငံလုံးအနေနဲ့     စီမံချက် 
    ရည်မှန်းချက်က  ကျောင်းသား ကျောင်းသူဦးရေ   တစ်သန်းရှိပါတယ်။ အဓိက       ကျောင်းတကယ်တက်တဲ့ ကျောင်းသား  ကျောင်းသူတွေကို   ဦးစား ပေးပြီး          ထိုးနှံပေးမှာဖြစ်ပါတယ်။ ဒီအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတဲ့   Sinovac    ကာကွယ်ဆေး တစ်သန်း doses   စတင်ရောက်ရှိနေပြီး နောက်ထပ်လည်း    ထပ်မံရောက်ရှိမှာ ဖြစ်ပါတယ်။ အဓိကအချက်က အသက် ၁၂ နှစ်ပြည့်ပြီးဖို့ လိုပါတယ်။ ကျောင်းမှာ အမှန်တကယ်       တက်ရောက်တဲ့ ကျောင်းသား ကျောင်းသူဖြစ်ရမယ်။ ဒီလို အခြေခံပညာအလယ်တန်း၊ အထက်တန်း ကလေးတွေကို   ဦးစားပေးပြီး   ထိုးနှံပေး သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ  ပညာရေး ဝန်ကြီးဌာန  အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ  စာရင်းရှိ၊ ကျောင်းအပ်နှံ၊ အမှန်တကယ်တက်ရောက် ဆိုပြီး ကျောင်းသား ကျောင်းသူစာရင်းတွေ ရှိတဲ့နေရာမှာ  အမှန်တကယ်တက်ရောက် တဲ့စာရင်းမှာပါတဲ့         ကျောင်းသား ကျောင်းသူတွေကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ 
ကျန်စာရင်းတွေထဲမှာ    ပါသူတွေ အထဲက   ကျောင်းကို    အမှန်တကယ် တက်ရောက်လာတဲ့         ကျောင်းသား ကျောင်းသူတွေကို ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာ ဆက်လက်ထိုးနှံပေးမှာ   ဖြစ်ပါ တယ်။     အကြောင်းအမျိုးမျိုးကြောင့် အသက်    ၁၂     နှစ်မှ   ၁၈   နှစ်အကြား ရှိပြီး အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူ မဟုတ်သူ တွေ၊      ကျောင်းကို     အမှန်တကယ် တက်ရောက်ခြင်းမရှိသူတွေအနေနဲ့    ယခု စီမံချက်မှာ       ပါဝင်ခြင်းမရှိပေမယ့်    ကာကွယ်ဆေးလွှမ်းခြုံမှုတွေ တစ်နိုင်ငံ လုံး မြင့်မားစွာရရှိလာတဲ့အခါ     ဦးစားပေး အစီအစဉ်အလိုက်   ကာကွယ်ဆေးရရှိမှု အပေါ်မူတည်ပြီး နိုင်ငံတော်က ထိုးနှံပေး တဲ့အခါ ပါဝင်လာမှာဖြစ်ပါတယ်။
မေး။  ။    ကာကွယ်ဆေးထိုးခါနီး     မိဘ
    အုပ်ထိန်းသူတွေ၊ ကျောင်းသား ကျောင်းသူတွေအနေနဲ့      ဘာတွေသိရှိ ထားပြီး ကြိုတင်ဆောင်ရွက်ရမယ်ဆိုတာကိုလည်း ပြောကြားပေးပါဦး။
ဖြေ။  ။     ကျောင်းအလိုက်   ပညာရေး
    ဝန်ကြီးဌာနမှ   ဆရာ   ဆရာမ တွေက ဘယ်ကျောင်းသား  ကျောင်းသူက ဖြင့်   စာရင်းရှိ၊   ကျောင်းအပ်နှံ၊    အမှန် တကယ်တက်ရောက်ဆိုပြီး သိတဲ့အတွက် ကြောင့် ဒီဆရာ ဆရာမတွေကနေတစ်ဆင့် သက်ဆိုင်ရာမိဘတွေကို  အကြောင်းကြား ပေးပြီး မိဘအုပ်ထိန်းသူရဲ့  သဘောတူညီ ချက်နဲ့   ကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေး ထိုးနှံနိုင်အောင်  စီစဉ်ပေး တာဖြစ်ပါတယ်။          မိဘတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခြင်း ခံယူမယ့်ကလေး ကို အိပ်ရေးမပျက်စေဖို့၊ အာဟာရပြည့်ဝ စေဖို့ စတဲ့အခြေခံကိုယ်ခံအား ကောင်းစေ တဲ့အချက်တွေကို   ကြိုတင်ဆောင်ရွက် ပေးထားဖို့   လိုပါတယ်။  အသက်  ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်တွေဆိုတော့ မိဘ အုပ်ထိန်းသူရဲ့     သဘောတူညီချက်ပါမှ ထိုးနှံပေးမှာဖြစ်ပါတယ်။  
ဒီစီမံချက်အရ   ကာကွယ်ဆေးထိုးနှံ ပေးခြင်း   လုံးဝမပြုမယ့်ကလေးတွေက အသက် ၁၂ နှစ်မပြည့်သေးတဲ့ ကလေး တွေနဲ့        လတ်တလောဖျားနာနေတဲ့    ကလေးတွေနဲ့   ကိုဗစ် - ၁၉     သံသယ လက္ခဏာတွေ ခံစားနေရတဲ့ ကျောင်းသား   ကျောင်းသူတွေဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့သမားတော်၊   ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ၎င်းတို့၏အကြံပြုချက်အတိုင်း ကာကွယ် ဆေးထိုးနှံပေးရမယ့်        ကျောင်းသား ကျောင်းသူတွေရှိပါတယ်။ သူတို့က ဆေး တစ်ခုခုနဲ့   ဓာတ်မတည့်တဲ့   ရောဂါအခံ ရှိသူတွေ၊ အတက်ရောဂါစတဲ့   ဦးနှောက် အာရုံကြောဆိုင်ရာ  ရောဂါတစ်ခုခုရှိသူတွေ နဲ့   မိသားစုဝင်တွေမှာ   ထိုရောဂါရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ သွေးဥမွှား လျော့နည်းသူတွေ၊   သွေးမတိတ်ရောဂါ ရှိသူတွေနဲ့  ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါနဲ့     အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါစတဲ့       အခြား ရောဂါအခံရှိသူတွေဖြစ်ပါတယ်။ 
မေး။   ။    ကိုဗစ် - ၁၉    ကာကွယ်ဆေး 
    ထိုးပြီးရင်    ဘယ်လိုနေထိုင် ဆောင်ရွက်ရမယ်ဆိုတာကို သိရှိလိုပါတယ်။
ဖြေ။  ။     အဓိက ကာကွယ်ဆေးတိုင်းမှာ
    သာမန်နဲ့ ပြင်းထန်နောက်ဆက် တွဲရောဂါတွေ ရှိနိုင်ပါတယ်။  အခုထိုးနှံပေး နေတဲ့   Sinovac   ကာကွယ်ဆေးဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၆၃ သန်း doses   ထိုးနှံပေးပြီးပါပြီ။    အာဆီယံ နိုင်ငံတွေအပါအဝင်      နိုင်ငံတော်တော် များများမှာ ထိုးနှံပေးလျက်ရှိပြီး မကြာခင် က     လာအိုနိုင်ငံမှာ   ထိုးနှံပေးလျက်ရှိ ပါတယ်။   မလေးရှားဆိုရင်    ဒီအရွယ် တွေမှာ   ထိုးနှံပေးနိုင်ဖို့      Sinovac ကာကွယ်ဆေးကို မကြာခင်က ခွင့်ပြုချက် ပေးလိုက်ပါတယ်။   Sinovac   ကာကွယ် ဆေးရဲ့သဘောက   Inactivated    Virus  ပါဝင်တဲ့ ကာကွယ်ဆေးအမျိုးအစားဖြစ်ပါ တယ်။  ဗိုင်းရပ်စ်က  ဆက်ပြီးမပွားနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့်     ဗိုင်းရပ်စ်ရဲ့ဂုဏ်သတ္တိ (antigen) ပါတယ်။ ဒါကို   ထိုးနှံပေးလိုက် တဲ့အခါ     ခန္ဓာကိုယ်က    ဒီဂုဏ်သတ္တိ (antigen)ကို    မှတ်မိသွားပြီး    သူ့ကို တုံ့ပြန်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာ အောင်  လှုံ့ဆော်ပေးပါတယ်။   ဒီသဘော ဖြစ်တဲ့အတွက် Sinovac  လို   ကာကွယ် ဆေးတွေကြောင့်       ဘေးထွက်ဆိုးကျိုး   ပြင်းပြင်းထန်ထန်ဖြစ်ပွားတာ၊  ဘေးထွက် ဆိုးကျိုးအနေနဲ့   နောက်ဆက်တွဲရောဂါ ဖြစ်တာတွေ  အင်မတန်မှနည်းပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအုပ်စုအမျိုးမျိုး၊ နည်းပညာအမျိုးမျိုး   ထွက်တဲ့အထဲမှာ Sinovac အပါအဝင် Inactivated Virus ပါဝင်တဲ့  ကာကွယ်ဆေးအမျိုးအစားတွေ က   ပိုမိုစိတ်ချရတဲ့အုပ်စုထဲမှာ    ပါဝင်ပါ တယ်။ 
ဒါကြောင့် နိုင်ငံတကာမှာ  ကလေး တွေကို   ကာကွယ်ဆေးထိုးမယ်ဆိုရင် Sinovac  ကာကွယ်ဆေးကို   စဉ်းစားကြ တာဖြစ်ပါတယ်။ Sinovac မှာ ပြင်းပြင်း ထန်ထန်  ဘေးထွက်ဆိုးကျိုးဖြစ်ပွားတာ မရှိဘူးလားဆိုတော့  ကာကွယ်ဆေးတွေရဲ့ သဘောတရားအရဆိုရင်  ရှိနိုင်ပါတယ်။ ကလေးဦးရေတစ်သန်းမှာ တစ်ယောက် လောက်ပဲ   ပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်လို့       သိရပါ တယ်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် မှာပါတဲ့   ၉   လ၊   ၁၈ လ နှစ်ခါပြန်ထိုးရတဲ့ ဝက်သက်ကာကွယ်ဆေးဆိုရင်   ကလေး တိုင်းလိုလို   ထိုးကြပါတယ်။   ဒီလိုထိုးတဲ့ အခါ   နောက်ဆက်တွဲအနေနဲ့    ပြင်းပြင်း ထန်ထန်ဖြစ်ပွားနိုင်တဲ့နှုန်းက     လူ တစ်သိန်းမှာ   တစ်ဦးဖြစ်နိုင်တဲ့အတွက် Sinovac  ကာကွယ်ဆေးက  ဝက်သက် ကာကွယ်ဆေးထက်စာရင်     အများကြီး လျော့နည်းပါတယ်။ 
ဒါက   Sinovac   ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို    အလွန်အမင်း စိုးရိမ်စရာမလိုတဲ့အကြောင်း   သိရှိထား ရမယ့်အချက်ဖြစ်ပါတယ်။    ဒါပေမဲ့ မည်သည့်ကာကွယ်ဆေးမဆို နောက်ဆက် တွဲ သာမန်လက္ခဏာတွေအနေနဲ့ ခေါင်းမူး တာ၊   ပင်ပန်းနွမ်းနယ်တာ၊   ခေါင်းကိုက် တာ၊ ပျို့တာ၊ အန်တာ၊ အရေပြားယားယံ တာ၊ အနီပြင်ထွက်တာ၊ သတိလစ်တာ၊ ဖျားတာနဲ့     ရင်ဘတ်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို သာမန်လက္ခဏာတွေ က ပုံမှန်အားဖြင့်  ဆေးထိုးပြီး   ၄၈ နာရီ အတွင်းမှာ သက်သာပျောက်ကင်းသွားနိုင် တာဖြစ်ပါတယ်။
မိဘအုပ်ထိန်းသူတွေအနေနဲ့ ကြိုတင် သိရှိထားရမယ့်အချက်က   ဒီလိုပြင်းပြင်း ထန်ထန် ဘေးထွက်ဆိုးကျိုးဖြစ်ပွားနိုင်တာက  ဆေးထိုးပြီး မိနစ်အနည်းငယ်ကနေ နာရီဝက်အတွင်းမှာ ဖြစ်ပွားလေ့ရှိပါတယ်။  များသောအားဖြင့်  ၁၅   မိနစ်အတွင်းမှာ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ဆေးထိုး ပြီးရင် ဆေးထိုးစုရပ်က မထွက်ခွာဘဲ စိတ်ချရအောင်    နာရီဝက်   မဖြစ်မနေ စောင့်ဖို့လိုပါတယ်။    ဒီလိုစောင့်နေစဉ် အတွင်းမှာ    တစ်ခုခုဖြစ်လာခဲ့ရင်လည်း ကာကွယ်ဆေးထိုးပြီး   နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်ဝေဒနာတွေကို ကုသပေးနိုင်တဲ့  လေ့ကျင့်သင်ကြားထား တဲ့ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တဲ့ ဆေးဝါး/ ဆေးပစ္စည်းတွေ အဆင်သင့်နဲ့ စောင့်ကြပ်ကြည့်ရှုကုသပေးမှာ     ဖြစ်ပါ တယ်။ ဒါကြောင့်  ဆေးထိုးပြီး   ဆေးထိုး စုရပ်မှာ နာရီဝက်စောင့်နေဖို့ အရေးကြီး ပါတယ်။              
                  c စာမျက်နှာ ၁၆ မှ
မေး။  ။    အသက်      ၁၂        နှစ်နဲ့အထက် 
    ကျောင်းသား  ကျောင်းသူတွေ ကို ထိုးနှံပေးမယ့်အစီအစဉ်မှာ ဦးစားပေး လူအုပ်စုတွေ သတ်မှတ်ထားတာ ရှိတယ် ဆိုရင်လည်း ပြောကြားပေးပါ။
ဖြေ။   ။    ပထမဦးစားပေးအနေနဲ့  ပညာ
    ရေးဝန်ကြီးဌာန   အခြေခံပညာ အလယ်တန်း၊ အထက်တန်းမှာ  ကျောင်း တကယ်တက်ရောက်နေတဲ့  ကျောင်းသား ကျောင်းသူတွေဖြစ်ပါတယ်။ ဒုတိယအနေ နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ဖြစ်ပါတယ်။  ကျန်တဲ့ကျောင်းသား ကျောင်းသူတွေကို  ဦးစားပေးအစီအစဉ်၊ ကာကွယ်ဆေးရရှိမှုအပေါ်    မူတည်ပြီး အဆင့်ဆင့်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ 
မေး။  ။    ကာကွယ်ဆေး   ထိုးနှံပေးမယ့်
    စုရပ်၊  ကာကွယ်ဆေးထိုးနှံပေး မယ့်အဖွဲ့မှာ         ပါဝင်မယ့်သူတွေနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။ 
ဖြေ။  ။    ကာကွယ်ဆေး   ထိုးနှံပေးမယ့်
    စုရပ်ပေါင်း ထောင်နဲ့ချီပြီး ရှိပါ တယ်။  ဒီလိုစုရပ်တွေမှာ  ပါဝင်ဆောင်ရွက် ရတဲ့သူတွေက       အတော်များပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ   ထိန်းချုပ်တုံ့ပြန် ရေးကော်မတီဗဟိုကနေ     အဆင့်ဆင့် ဦးဆောင်မှုတွေပေးပြီး နှီးနွှယ်ဝန်ကြီးဌာန တွေ၊    စေတနာ့ဝန်ထမ်းတွေအားလုံး ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရတာဖြစ်ပါ တယ်။ ဆေးထိုးစုရပ်တစ်ခုမှာ  အနည်းဆုံး လူ ခုနစ်ဦးပါဝင်လေ့ရှိပြီး နံပါတ် (၁) က ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး        ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ်   ကာကွယ်ရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ 
နံပါတ် (၂) က  ဆေးထိုးနှံပေးသူဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန  တာဝန်ရှိသူက ဆောင်ရွက်တာဖြစ်ပါတယ်။ နံပါတ် (၃) က ဆေးထိုးနှံသူကို    ကူညီသူဖြစ်ပါတယ်၊ သူကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး  နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့မဟုတ်      စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းက  ဖြစ်ပါတယ်။ နံပါတ် (၄) က ကာကွယ်ဆေးမထိုးနှံမီ   သွေးပေါင်ချိန် တယ်၊ အောက်ဆီဂျင်တိုင်းတယ်၊    ကိုယ် အပူချိန်တိုင်းတယ် စသဖြင့် ကျန်းမာရေး စစ်ဆေးပေးပြီး  ကာကွယ်ဆေးထိုးနှံရန် သင့်၊ မသင့် ဆုံးဖြတ်ပေးတဲ့သူလည်း ရှိပါ တယ်။  ဒါက  ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် သို့မဟုတ် သူနာပြု သို့မဟုတ် ကျန်းမာရေးမှူးအဆင့် (၁)  သို့မဟုတ် လက်ထောက်ကျန်းမာရေးမှူး   တစ်ဦး ပါဝင်မှာဖြစ်ပါတယ်။ 
နံပါတ်  (၅)  က  ကာကွယ်ဆေးထိုးနှံ မယ့်သူတွေရဲ့စာရင်းတွေကို ရေးသွင်းရ သူဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန သို့မဟုတ်     ပညာရေးဝန်ကြီးဌာနက ပါဝင်ရပါတယ်။ နံပါတ် (၆) က ဆေးထိုးနှံ မယ့်သူတွေလာရင် ကြိုဆိုနေရာချထားရေး ဆောင်ရွက်မယ့်သူဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန  သို့မဟုတ်   စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းက ဖြစ်ပါတယ်။ 
နံပါတ် (၇) က ကာကွယ်ဆေးထိုးနှံပြီး စောင့်ဆိုင်းရန်နေရာမှာ   ကြီးကြပ်တဲ့သူ ဖြစ်ပါတယ်။    သူက    ကာကွယ်ဆေးထိုးနှံ ခြင်း   ခံယူထားသူတွေရဲ့   ကျန်းမာရေး အခြေအနေထူးခြားမှုရှိလာရင် ချက်ချင်း ဆေးအဖွဲ့တွေဆီကို ပို့ဆောင်ပေးနိုင်မယ့် သူဖြစ်ပြီး     ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့မဟုတ်        စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းက ဖြစ်ပါတယ်။ 
ဒါကြောင့်  ကာကွယ်ဆေးထိုးနှံရေးအဖွဲ့တစ်ခုမှာ       အဖွဲ့ဝင်တွေအများကြီး ပါဝင်ရပါတယ်။ ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘူး    နှီးနွှယ်ဝန်ကြီးဌာနတွေ ပါဝင်ရတယ်။  စေတနာ့ဝန်ထမ်းတွေရဲ့ ကဏ္ဍကလည်း       အရေးကြီးပါတယ်။ ဆေးထိုးစုရပ်တစ်ခုဖြစ်ဖို့၊   ဒီနေရာကို ကာကွယ်ဆေးတွေ   အအေးလမ်းကြောင်း မပျက်  ရောက်ရှိလာအောင်၊  ဆေးထိုးအပ် အစရှိတဲ့ဆေးဝါးပစ္စည်းတွေ  စနစ်တကျ ဖြစ်အောင်၊     စာရင်းတွေစနစ်တကျ ဖြစ်အောင် ဆောင်ရွက်ရတာ  အတော့်ကို လက်ဝင်ပါတယ်။    အားလုံးကလည်း အချိန်နဲ့တစ်ပြေးညီ   ပူးပေါင်းဆောင်ရွက် ရတာဖြစ်ပါတယ်။ 
ဒါကြောင့် ဒီလိုနိုင်ငံတော်က အသက် ၁၂  နှစ်နဲ့အထက် အခြေခံပညာအလယ် တန်း၊         အထက်တန်းကျောင်းတွေက ကျောင်းသား   ကျောင်းသူတွေကို ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက် ပေးနေတဲ့အချိန်မှာ   အလှည့်ကျရရှိလာတဲ့ ကာကွယ်ဆေးကို  သွားရောက်ပြီးထိုးနှံ ခြင်း  မပျက်မကွက်ခံယူသင့်ပါတယ်ဆိုတာ ကို ပြောကြားလိုပါတယ်။    ကျေးဇူးတင်ပါ တယ်။    ။