နိုင်ငံတကာသွင်းဂိုး ၁၂၀ ရှိလာသည့် ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒို

 

မတ် ၂၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့သော ဥရောပချန်ပီယံရှစ်ခြေစစ် ပြိုင်ပွဲ အုပ်စု (ည) ပွဲစဉ် (၁) မှ ပေါ်တူဂီ နှင့် လက်ချင်စတိန်းအသင်းတို့ ပွဲစဉ်တွင် ပေါ်တူဂီအသင်းက လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။


ပေါ်တူဂီအသင်းအတွက် သွင်း ဂိုးများကို ကန်ဆယ်လို၊  ဘာနာဒို ဆေး ဗားလ်နှင့် စီရော်နယ်ဒိုတို့က သွင်းယူပေးနိုင်ခဲ့သည်။  
ယခုပွဲစဉ်တွင်    ပွဲထွက်ခွင့် ရရှိလာသော   ပေါ်တူဂီအသင်း၏ တိုက်စစ်မှူး    စီရော်နယ်ဒိုသည်   အမျိုးသားလက်ရွေးစင်အသင်းတွင် ၁၉၇ ပွဲ ဖြင့် ပွဲအများဆုံးကစားထားနိုင်သည့် ကမ္ဘာ့စံချိန်မှတ်တမ်းကို စိုက်ထူ နိုင်ခဲ့သည်။ အသက် ၃၈ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် အဆိုပါ လက်ရွေးစင်အသင်းအတွက်   ကစားထားသည့်  ၁၉၇   ပွဲတွင်လည်း နိုင်ငံတကာ  သွင်းဂိုး  ၁၂၀ အထိရှိလာပြီး    စံချိန်မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ 


စီရော်နယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ်တွင် ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့်နှစ်က ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်ဆက်ပါဝင်ယှဉ်ပြိုင် ကစားထားနိုင်သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။  

မိုးဇက် - စုစည်းသည်