နိုင်ငံတကာတရားရုံးက ကြားဖြတ်စီမံချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ရာဖာမြို့ကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၄၅ ဦးထက်မနည်း သေဆုံး

 

ဂါဇာ   မေ   ၂၈


မေ ၂၇ ရက်တွင် ရာဖာမြို့ကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်မှုပြုလုပ် ရာ ၄၅ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။ 
အင်န်အိတ်ချ်ကေက ရိုက်ယူထားသောရုပ်သံဖိုင်တွင်  အစ္စရေး လေကြောင်းတိုက်ခိုက်သည့်နေရာ၌  ရွက်ဖျင်တဲများ   အလုံးစုံပျက်စီး နေမှုကို   ပြသထားသည်။  ဂါဇာတွင်    အရပ်သားများသေဆုံးမှု ဆက်လက်မြင့်တက်လာသောကြောင့်   နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်ရှုတ်ချသံများလည်း မြင့်တက်လာသည်။ 
ရာဖာတွင်   ထိုးစစ်ဆင်တိုက်ခိုက်မှု    အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာတရားရုံးက   အစ္စရေးကို    ကြားဖြတ်စီမံချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပြီးနောက်တွင် အစ္စရေး၏ အဆိုပါတိုက်ခိုက်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။ အင်န်အိတ်ချ်ကေ ဂါဇာရုံးမှ ရိုက်ယူထား သော ရုပ်သံဖိုင်တွင်လည်း ဒေသခံများသည် မီးလောင်အပျက်အစီးများ ကြားထဲမှ  စည်သွတ်ဘူးများ   ကောက်ယူနေမှုများကို   ဖော်ပြထား သည်။ အဆိုပါ တိုက်ခိုက်မှုသည် အကြီးတန်းဟားမားစ်အဖွဲ့ဝင် နှစ်ဦး ကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောသည်။ ထို့ပြင် အရပ်သားများ   သေဆုံးမှုလျှော့ချရန် အဆင့်ပေါင်းများစွာ လုပ်ဆောင်ခဲ့ရကြောင်းလည်း ပြောသည်။ 
အရပ်သားများ သေဆုံးမှုက ဝမ်းနည်းဖွယ်ရာကောင်းကြောင်း၊ သို့သော်လည်း ယခုစစ်မက်ဖြစ်ပွားမှုသည် ဟားမားစ်တို့၏ လိုလားချက် နှင့်စတင်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ပြောသည်။  

အင်န်အိတ်ချ်ကေ