နိုင်ငံ့ဝန်ထမ်းအပေါင်းတို့ ကျေပွန်ကြရမည့် နိုင်ငံ့အရေး

 

နိုင်ငံတစ်နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပုံဖော်တည်ဆောက်ကြ ရသည့်  အဓိကတာဝန်ကို  ထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့ နှင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ကို ရွေးကောက်ပွဲတွင် ပြည်သူက ရွေးကောက်တင်မြှောက် ပေးလိုက်သည့် ကိုယ်စားလှယ််များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်ရာ အစိုးရအဖွဲ့သည် သက်တမ်းအလိုက် ပြောင်းလဲမည် ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများကိုလိုက်၍ မူဝါဒများလည်း ပြောင်းလဲ နေမည်ဖြစ်သည်။ 

 


အစိုးရအဖွဲ့များ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်း များမှာ   အပြောင်းအလဲမရှိဘဲ   တက်လာသည့်  အစိုးရများက ချမှတ်သည့်  မူဝါဒများအတိုင်း  နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   အကောင်အထည်ဖော်ကြရခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင်  ဝန်ထမ်းများ အရည်အသွေးမြင့်မား ပြီး ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာရန် အရေးကြီး သည့်အားလျော်စွာ   နိုင်ငံ့ဝန်ထမ်းဥပဒေကို   ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ဝန်ထမ်းတစ်ဦးဖြစ်လာသည်နှင့်  ထမ်းဆောင်ရ မည့်   တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့်   လိုက်နာရမည့်   စည်းကမ်းများ၊  ခံစားခွင့်များ၊   ဌာနဆိုင်ရာ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ကြရမည် ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  မတ် ၃၁ ရက်က ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့်  ပြည်နယ်အဆင့်   ဌာနဆိုင်ရာတာဝန် ရှိသူများအား  တွေ့ဆုံအမှာစကားပြောကြားရာတွင် “မိမိတို့ အစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက် နေသည့်  အစိုးရဖြစ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံရေးထက်   နိုင်ငံ့အရေးကိုသာ ဆောင်ရွက်ကြစေလိုပြီး နိုင်ငံ့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင်လည်း နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံ့ဝန်ထမ်းများသည်  နိုင်ငံရေးကင်းရှင်းကြရမည်ဖြစ်သော်လည်း နိုင်ငံ့အရေးတွင်မူ  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်ပင် ဖြစ်သည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဟူသော ဆောင်ပုဒ်နှင့်အညီ တာဝန်ကျေပွန်သည့် ဝန်ထမ်း၊ ကျင့်ဝတ်စောင့်ထိန်းသည့်   ဝန်ထမ်း၊  စည်းကမ်းလိုက်နာသည့် ဝန်ထမ်းများဖြစ်အောင်  ဝန်ထမ်းဘဝ သက်တမ်းတစ်လျှောက်လုံး တွင်    ဖြည့်ကျင့်ကြရန်    လိုအပ်သည်။     ဒီမိုကရေစီနိုင်ငံတွင်  နိုင်ငံရေးပါတီအများအပြားရှိနေပြီး ဦးဆောင်သည့်ပုဂ္ဂိုလ်၊ ပါတီ ၏ မူဝါဒ၊  နိုင်ငံရေးအမြင် စသည်တို့မှာလည်း ကွဲပြားခြားနားလျက်ရှိကြသည့်အတွက်  ဝန်ထမ်းလောကအတွင်း ပါတီနိုင်ငံရေးဝင်ရောက်စွဲကပ်ပါက  နိုင်ငံလည်း  ပျက်စီးရာ   ပျက်စီးကြောင်း၊ လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

 


နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ် ရေးစနစ် ဖြစ်ပေါ်စေရေးအတွက်     အဓိကတာဝန်ထမ်းဆောင်ကြ သူများဖြစ်သည်။    ကောင်းမွန်သော    အုပ်ချုပ်ရေးစနစ်သည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို  ဖန်တီးတည်ဆောက် နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်လည်းဖြစ်သည်။  နိုင်ငံ့ ဝန်ထမ်းတိုင်း   အရည်အသွေးမြင့်မားရန်နှင့်   အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုအပ်ပြီး   ပြည်သူကိုဗဟိုပြု၍   ပြည်သူကို ဝန်ဆောင်မှုပေးရန်၊ ပြည်သူလူထု၏  အကျိုးစီးပွားကို ရှေးရှု၍ အကောင်အထည်ဖော်ရန်တို့အတွက်လည်း မပြတ်နှလုံးသွင်းကြ ရန်လိုအပ်သည်။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀) တွင် ဝန်ထမ်း တစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် ၁၂ ပါး၊ ဝန်ထမ်း အချင်းချင်းအပေါ်  လိုက်နာစောင့်ထိန်းရမည့်   ကျင့်ဝတ်ငါးပါး၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ငါးပါးနှင့် နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် ရှစ်ပါး တို့ကို မြဲမြံစွာစောင့်ထိန်းကြခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်ကြပါစေကြောင်း။       ။