
လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ လက်ရှိ ပရီမီယာလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၁) နဲ့ (၂) နေရာမှာ ရပ်တည်နေတဲ့အတွက် ယခုပွဲစဉ်က ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နာမည်ကြီး ပီအက်စ်ဂျီအသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ယခုပွဲစဉ်ကို မဖြစ် မနေနိုင်ပွဲရရှိအောင် အကောင်းဆုံးပြင်ဆင်လာမှာပါ။ ပြိုင်ဘက်လီဗာပူးအသင်း ကလည်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ရေးအတွက် အသင်းကို အဓိက ကစားသမားအများစုနဲ့ အကောင်းဆုံးပြင်ဆင်လာဖွယ်ရှိတာကြောင့် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရှိနေ
လက်ရှိပရီမီယာလိဂ်ပွဲစဉ် (၆) အပြီးမှာ လီဗာပူးအသင်းက သွင်းဂိုး ၁၅ ဂိုးနဲ့ တိုက်စစ် အကောင်းဆုံးအသင်းအဖြစ် ရှိနေပါတယ်။ ပြိုင်ဘက် မန်စီးတီးအသင်းကလည်း လက်ရှိအချိန်အထိ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရှိနေပါတယ်။ ဒါကြောင့် ယခုပွဲစဉ်က တိုက်စစ်အကောင်းဆုံးအသင်းနှင့် ခံစစ်အကောင်းဆုံးတို့ အားပြိုင်ကြမယ့် ပွဲစဉ်လို့ ဆိုနိုင်ပါတယ်။
ဂိုးပြတ်ရှုံးနိမ့်ထား
ဒီနှစ်သင်းနောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တာက လီဗာပူးအိမ်ကွင်းမှာဖြစ်ပြီး လီဗာပူး အသင်းက လေးဂိုး- တစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ထားတာ တွေ့ရတယ်။ ယခု ပွဲစဉ်ကလည်း လီဗာပူးအိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် လီဗာပူးအသင်းအနေနဲ့ မန်စီးတီး အသင်းကို ရှုံးကြွေးဆပ်သွားမလား သို့မဟုတ် ရှုံးကြွေးထပ်တင် သွားမလား ဆိုတာ။
မိုးဇက် - စုစည်းသည်