နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်မှု ၃၃ ကြိမ်ဖြစ်ပွား

 

ရန်ကုန်    ဒီဇင်ဘာ  ၁၉


၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်မှု ၃၃ ကြိမ်ဖြစ်ပွားပြီး ခန့်မှန်းခြေ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၅၆၇၉၅၀၀ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး   အရှေ့ပိုင်းခရိုင်တွင်   မီးဖိုမီး တစ်ကြိမ်၊ ပေါ့ဆမီး ခြောက်ကြိမ်၊  လျှပ်စစ်မီး ခြောက်ကြိမ်၊ မသမာသူရှို့မီး တစ်ကြိမ် ဖြစ်ပွားပြီး ဒဏ်ရာရသူ တစ်ဦးရှိသည်။ အိမ်ခြေအဆောက်အအုံ သုံးလုံးနှင့် စက်ရုံအလုပ်ရုံ သုံးရုံ မီးလောင်ပျက်စီးဆုံးရှုံးသည်။ 

 


အနောက်ပိုင်းခရိုင်တွင်  လျှပ်စစ်မီး  တစ်ကြိမ်၊ မသမာသူရှို့မီး နှစ်ကြိမ်ဖြစ်ပွားပြီး ဒဏ်ရာရသူ နှစ်ဦး ရှိသည်။ တောင်ပိုင်းခရိုင်တွင် ပေါ့ဆမီး တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းခရိုင်တွင် မီးဖိုမီး တစ်ကြိမ်၊ ပေါ့ဆမီး ခုနစ်ကြိမ်၊ လျှပ်စစ်မီး ငါးကြိမ်၊  မသမာသူရှို့မီး နှစ်ကြိမ်ဖြစ်ပွားပြီး အိမ်ခြေအဆောက်အအုံ သုံးလုံး မီးလောင်ပျက်စီး ဆုံးရှုံးကြောင်း သိရသည်။


မျိုးမင်းသူရ