နှလုံးစိတ်ဝမ်းအေးချမ်းကြစေရာ

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ်(၁၈၆/၂၀၂၁)ဖြင့်  နိုင်ငံတစ်ဝန်းရှိ   အကျဉ်းထောင်၊ အချုပ်ထောင်၊   စခန်းအသီးသီးတွင်   အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့် ရရှိခဲ့သည့် အကျဉ်းသား အကျဉ်းသူများမှာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေကြရသူများဖြစ်ပြီး “နောက်တစ်ကြိမ်  ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော  ပြစ်ဒဏ်များကိုပါ   ဆက်လက်ကျခံပါမည်”ဟူသော  စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်း လည်း ဖြစ်သည်။ ထို့အပြင် ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ တရား စွဲဆိုခြင်းခံနေရသူ ၄၃၂၀ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၁၈၇/၂၀၂၁)ဖြင့်  အမှုများကို ပိတ်သိမ်းပေးခဲ့သည်။
ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခြင်းတို့၏ ရည်ရွယ် ရင်းမှာ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတို့တွင် ပါဝင်နိုင်စေရေးတို့အတွက်  ဖြစ်သည်။ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့်ကာလအတွင်း CRPH  နှင့်  NUG ကဲ့သို့သော အကြမ်းဖက်အုပ်စုတို့၏ သွေးထိုးလှုံ့ဆော်မှု၊  နိုင်ငံရေး အစွန်းရောက်များ၏ စည်းရုံးသိမ်းသွင်းမှုတို့ကြောင့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များအတွင်း     ပါဝင်ခဲ့ကြသူများက     အများစုဖြစ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏  သီတင်းကျွတ်အခါသမယ ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းတွင် “ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ  ကျွန်တော်တို့  နားလည် ပါတယ်၊   ပြီးခဲ့တဲ့ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာမှုပေါ်မှာ  သဘောထားကွဲလွဲပြီး  ဒီအပေါ်မှာအခြေခံတဲ့  ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာ  ကျွန်တော်တို့  တွေ့ရှိရပါတယ်။ သူတစ်ပါးတွေရဲ့  သွေးထိုးလှုံ့ဆော်မှုတွေကြောင့်  ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ် သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့  ဖြစ်စဉ်များလည်း  ရှိခဲ့ပါတယ်”ဟူ၍   ထည့်သွင်း ပြောကြားခဲ့ပြီး  ရှေ့လုပ်ငန်းစဉ် (၅)ရပ်   ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ရည်မှန်းဆောင်ရွက်ရာတွင် တိုင်းပြည်သာယာ ဝပြောရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံ   ပြည်ထောင်စုစစ်စစ်ဖြစ်လာရေးတို့အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အေးအေးချမ်းချမ်းနှင့်     တိုင်းပြည်တစ်ခု  ပြောင်းလဲစေချင်သည့်   ဆန္ဒရှိပါကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ဆန္ဒထုတ်ဖော်ပြသခြင်းကို နိုင်ငံ သား  အခွင့်အရေးတစ်ရပ်အဖြစ် ဥပဒေနှင့်အညီ ခွင့်ပြုထားသော်လည်း ဆူပူအဓိကရုဏ်းအသွင် ဆောင်လာခြင်း၊ ဖျက်ဆီးတိုက်ခိုက်လာခြင်း၊ အကြမ်းဖက်ရန်ရှာသတ်ဖြတ်လာခြင်း စသည့်အဆင့်များဖြစ်ပေါ် လာလျှင်မူ   ဥပဒေနှင့်အညီ  တားဆီးမှု၊  ဖြိုခွင်းမှု၊  နှိမ်နင်းမှုတို့ကို နိုင်ငံတိုင်းက ပြုလုပ်ကြမည်သာဖြစ်သည်။ မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ မဲမသမာမှုများအပေါ် အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သည့် အရေးပေါ်အခြေအနေကြေညာမှုအပေါ် သဘော ထား  ကွဲလွဲမှု၊ ဆန္ဒပြဆူပူမှုတို့ဖြစ်ပေါ်ခဲ့သည်။ ထိုမှတစ်ဆင့်တက်၍  အစွန်းရောက်အကြမ်းဖက်မှုများ၊ လုယက်သတ်ဖြတ်မှုများကို နိုင်ငံ ရေးအကြောင်းပြ၍ ကျူးလွန်လျက်ရှိနေကြသည်။ တရားသဖြင့် ကျင်းပခဲ့သည်ဟု လူအများကထင်မြင်ယူဆကြသည့် ရွေးကောက်ပွဲ များ၊ ထိုရွေးကောက်ပွဲများမှတက်လာသည့်  ရွေးချယ်ခံအစိုးရများ၏ ဒီမိုကရေစီစနစ်ကို ကျဆုံးအောင်ပြုလုပ်မှုများရှိသည်ကို နိုင်ငံတကာ သာဓကများအရ မျက်မှောက်ကမ္ဘာက လက်ခံထားကြသည်။  မိမိတို့ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲဖြစ်စဉ်များ သည်လည်း ထိုနည်းနှင်နှင်။
ယနေ့မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ခိုင်မြဲရေး၊ ဒီမိုကရေစီ လမ်းကြောင်း ချောမွေ့ဖြောင့်တန်းရေးတို့အတွက် ထိန်းသိမ်းဆောင် ရွက်နေရခြင်းဖြစ်ပြီး  လမ်းပြမြေပုံအဖြစ်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ထားသည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီ အား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ် နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်မှာ နိုင်ငံတော်အေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု အားကောင်းသည်နှင့်အမျှ လုပ်ငန်းများမြန်ဆန် စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သလို  နိုင်ငံသူ  နိုင်ငံသားတို့ လည်း နှလုံးစိတ်ဝမ်းချမ်းမြေ့စွာဖြင့် နိုင်ငံရေးအပြောင်းအလဲတစ် ရပ်ကို ဖြတ်သန်းနိုင်မည်ဖြစ်သည့်အလျောက် နိုင်ငံသူနိုင်ငံသား အားလုံးက တစ်စိတ်ဝမ်း တစ်လက်ညီစွာ ပါဝင်ကူညီဆောင်ရွက်နိုင် ကြပါစေကြောင်း။     ။