
နေပြည်တော် ဖေဖော်ဝါရီ ၂၄
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်နှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေ အနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြီးနောက် နိုင်ငံတော် တစ်ဝန်းလုံးတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ် ရပ်မျိုးစုံကို နမ့်မယ်ခုံဒေသတစ်ဝိုက်တွင် အခြေပြု၍ လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ရယူ၍ လည်း ကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍ လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ သည်။ ၎င်းအပြင် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့ လေဆိပ်တွင် အရပ်ဘက်ခရီးသည်တင် လေယာဉ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ အရပ် ဘက် ခရီးသည်တင် မော်တော်ယာဉ်များအား ပစ်ခတ် တိုက်ခိုက်ခြင်းစသော လူအစုလိုက်အပြုံလိုက် သေစေနိုင်သည့် စစ်ရေးမဟုတ်သည့် အရပ်ဘက် ပစ်မှတ်များအထိ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက် သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့အခမ်းအနား မတိုင်မီ လွိုင်ကော်မြို့အား သိမ်းပိုက်၍ ကိုယ်တိုင် အစိုးရဖွဲ့ အုပ်ချုပ်နိုင်ရေး Social Media များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့ကာ ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ဆင်ခြေဖုံးရပ်ကွက်များအတွင်း အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်း အပြင် ကျန်မြို့ကြီးများ၌လည်း အဝေးမှ ပစ်ခတ် နှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည်။
ထိုသို့ဆောင်ရွက်မှုကြောင့် အေးချမ်းစွာ နေထိုင် လိုသော ဒေသခံပြည်သူ အချို့နှင့် ဝန်ထမ်းများ အနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာမှ လွတ်ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ဇန်နဝါရီ ၆ ရက်မှစ၍ လွိုင်ကော်မြို့နယ် အတွင်း အဓိကကျသည့် လုံခြုံရေးလုပ်ငန်းများ ပိုမို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ မိုင်းလုံရပ်ကွက်အတွင်း ပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးချ တိုက်ခိုက်လာသည့် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၈ ရက် နောက်ပိုင်းမှစ၍ အကြမ်းဖက်အဖွဲ့များအနေဖြင့် သုံးမြောင်းဆုံ၊ ဘုရားဖြူ၊ နမ့်မယ်ခုံ၊ ဆင်မတောင် ရွာများသို့ အဆင့်ဆင့်ဆုတ်ခွာသွားခဲ့သည်။
၎င်းနောက်ပိုင်း ကယားပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ခေတ္တတိုက်ပွဲရှောင် ဒေသခံ ပြည်သူများကို နယ်မြေလုံခြုံရေးအပြည့်အဝ ဆောင် ရွက်ထားပြီးဖြစ်၍ နေရပ်ပြန်လာကြရန် နီးစပ်ရာ ဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့သဖြင့် တိုက်ပွဲ တိမ်းရှောင်ပြည်သူများ ဇန်နဝါရီ ၆ ရက်မှစတင်၍ လွိုင်ကော်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ယနေ့အထိ ခေတ္တနေရပ်စွန့်ခွာသူ ၂၄၈၂၇ ဦးမှာ မိမိတို့နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိပြီး ဖြစ်သည်။
နယ်မြေလုံခြုံရေး ဆောင်ရွက်
ဆုတ်ခွာသွားသည့် အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် နမ့်မယ်ခုံဒေသအား အခြေပြု၍ လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်အား အဝေးမှ ပစ်ခတ်နှောင့်ယှက်ခြိမ်းခြောက်မှုများ ပြုလုပ်နေ ကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသော ဒေသခံတို့၏ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးအသွင်ဖြင့် မိုးဗြဲ၊ ဝါရီဆူပလိုင်း၊ ဝီသဲခူ (တောင်)၊ ဝီသဲခူ (မြောက်)၊ ဘုရားဖြူ၊ ဘုရားနီ မှတစ်ဆင့် စစ်ကြောင်းများခွဲ၍ ဝင်ရောက်ကာ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူ အချို့ ရယူ၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ခဲ့ရာ ယနေ့ညနေပိုင်းတွင် ၎င်းတို့အဓိက အခြေပြုနေရာဖြစ်သည့် နမ့်မယ်ခုံ၊ အိုကေကျေးရွာ အပြင် အဓိကအခြေပြုသည့် ဆင်မတောင်၊ ဆင်ထီး တောင်နှင့် ဘုရားကုန်းတစ်ဝိုက်တို့ကိုပါ ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ ခိုအောင်းနေထိုင်နိုင်မည့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှာဖွေ ဖော် ထုတ်လျက်ရှိသည်။ ဖြစ်စဉ်များတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ယနေ့အထိ ထိတွေ့မှုဖြစ်စဉ် (၂၅) ကြိမ် ဖြစ်ပွားခဲ့ကာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက် သောင်းကျန်းသူ အလောင်းအချို့၊ လက်နက် ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းပိုက် ရရှိခဲ့ပြီး တပ်မတော်သား အရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
တစ်ဆက်တည်းတွင် ကယားပြည်နယ်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တိုက်ပွဲဖြစ်ပွားမှု ကြောင့် ခေတ္တတိမ်းရှောင်သွားသည့် ဒေသခံပြည်သူ များအား အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး နီးစပ်ရာ ဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ထားကြောင်း သိရ သည့်အပြင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့များ၏ ခြိမ်းခြောက်မှု၊ စည်းရုံးမှုတို့ကြောင့် တရားမဝင် လက်နက် ကိုင်ဆောင်ခဲ့ရသည့် ရွာသူ၊ ရွာသားများကိုလည်း လူသတ်မှု၊ မုဒိမ်းမှု စသော ရာဇဝတ်မှုများ ကျူးလွန် ခဲ့သူများမှအပ ၎င်းတို့နေရပ်များသို့ ပြန်လည် ဝင်ရောက်၍ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုပါကလည်း မိမိရပ်ရွာရှိ အုပ်ချုပ်ရေး အဖွဲ့များထံ သတင်းပို့၍ ခွင့်လွှတ်မှုကို ရယူကြရန် နှင့် လုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူကြောင်း ကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဆွေမျိုး၊ မိသားစုဝင်များမှတစ်ဆင့် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။
နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မည်
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း၌ အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာတွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေး နှင့် သက်ဆိုင်သည့် အဆောက်အုံ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေ ရပ်ကွက် အဆောက်အအုံများကို အကာအကွယ် ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံ ပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း တို့ကိုလုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက် ခြင်းဖြစ်သောကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထိခိုက်နစ်နာ မှုမရှိစေရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်