ညောင်ရွှေမြို့နယ်၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ အိုက်စ် ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၆
ရှမ်းပြည်နယ်       (တောင်ပိုင်း)  ညောင်ရွှေမြို့နယ်၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ  အိုက်စ်  (မက်သ် အဖက်တမင်း)   ကီလို   ၂၀   နှင့် စိတ်ကြွရူးသွပ်ဆေးပြား  ငါးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်  ဇူလိုင် ၄   ရက်   မွန်းတည့် ၁၂  နာရီက ရှမ်းပြည်နယ်          (တောင်ပိုင်း)   ညောင်ရွှေမြို့နယ်       မွေးမြူရေးဇုန် (၄)   လမ်းဆုံတွင်   တောင်ကြီး မြို့ရှောင်လမ်းဘက်မှ  ရွှေညောင် မြို့ဘက်သို့ မောင်သိန်းမောင်းနှင် လာသည့် Toyota  Hilux  Revo မော်တော်ယာဉ်ကို   သတင်းအရ ရှာဖွေရာ   ယာဉ်ပေါ်မှ      ဒေသ ကာလတန်ဖိုး       ငွေကျပ်သိန်း  ၆၅၀၀ တန်ဖိုးရှိ အိုက်စ်  (မက်သ် အဖက်တမင်း)   ကီလို   ၂၀   နှင့်  စိတ်ကြွရူးသွပ်ဆေးပြား  ငါးသိန်း    သိမ်းဆည်းရမိခဲ့သည်။      
ဥပဒေအရ အရေးယူ
စစ်ဆေး ဖော်ထုတ်ချက်အရ    သိမ်းဆည်းရမိ      မူးယစ်ဆေးဝါး များကို  နမ့်စန်မြို့နယ်မှ  ကလော မြို့နယ်သို့        သယ်ဆောင်ခြင်း      ဖြစ်ကြောင်းသိရသဖြင့်    ၎င်းအား    ဥပဒေအရ     အရေးယူထားရှိပြီး     ကွင်းဆက်      ပြစ်မှုကျူးလွန်သူ များကို        ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်        ရှိကြောင်း     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။              
သတင်းစဉ်