ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း ဆရာတော်အား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်

 

နေပြည်တော် နိုဝင်ဘာ  ၁၂ 


မန္တလေးတိုင်းဒေသကြီး   ဝမ်းတွင်းမြို့နယ်      သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းအတွင်းသို့    နိုဝင်ဘာ ၁၁ ရက်    နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင်  အကြမ်းဖက်သမားအမျိုးသားနှစ်ဦးသည် ဆိုင်ကယ် ဖြင့်   စီးနင်းဝင်ရောက်၍    ဆွမ်းစားနေသည့်   ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သောမနအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ  ဆရာတော်မှာ နဖူးမှ နောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင်ပင် ပျံလွန် တော်မူခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်နေရာသို့  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 9mm LUGER ကျည်ခွံတစ်ခုကို     တွေ့ရှိရပြီး      ဆရာတော်၏ ရုပ်ကလာပ်တော်အား   ဝမ်းတွင်းမြို့နယ်  ပြည်သူ့ဆေးရုံသို့    ပို့ဆောင်ခဲ့သည်။ 

 


အကြမ်းဖက်သမားများသည် မိမိတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ ၍ ကလေးသူငယ်များနှင့် သာသနာ့အကျိုးသယ်ပိုးနေသည့် ဘုရားသား တော်များပါမချန်ဘဲ အကြောင်းအမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လာလျက်ရှိကြသဖြင့်    ၎င်းတို့အား    ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက  မိဘ ပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။         
     

သတင်းစဉ်