အကြမ်းဖက်သူများ၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပညာရေးဝန်ထမ်းတစ်ဦး သေဆုံး၊ သင်ကြားမှု အဆောက်အဦများအနီး ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

 

နေပြည်တော်  နိုဝင်ဘာ  ၁၂ 


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်  ကျင်းကျေးရွာနေ အခြေခံ ပညာ မူလတန်းကျောင်း (ညောင်ကားယား)မှ  မူလတန်းကျောင်းအုပ် ဆရာမ ဒေါ်စိန်ကြည်သည်     ခင်ပွန်းဖြစ်သူ ဦးဇော်မိုးနှင့်အတူ  နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂  နာရီခွဲခန့်တွင်    နေအိမ်ဈေးဆိုင်၌ရှိနေစဉ်  အကြမ်း ဖက်သမား အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ   ဒေါ်စိန်ကြည်သည်   ချိုင်း အောက်နှင့် ရင်ဘတ်သို့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးဇော်မိုးမှာ လက်မောင်းနှင့် ရင်အုံတို့၌  ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝမ်းတွင်းမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ စေလျက်ရှိသည်။

 


အလားတူ မကွေးမြို့ မင်းကန်ကြီးရပ်ကွက် စိုးကောမင်း(၅)လမ်းရှိ တိုင်းဒေသကြီးပညာရေးမှူးရုံးကိုလည်း ယင်းနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင်       ဆိုင်ကယ်စီးနင်းလာသည့်    အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက      လက်လုပ်ဗုံးဖြင့်        ပစ်ပေါက်ထွက်ပြေးသွားခဲ့သော ကြောင့်  ခြံစည်းရိုးအုတ်တံတိုင်း ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


ထို့အပြင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်  ရေဦးကြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌လည်း  ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ် မိုင်းနှစ်လုံး   ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း  သိရှိရပြီး     ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်မရှိစေရေးအတွက်   ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့်    နေရာတစ်ဝိုက်အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက   မိုင်းရှင်းလင်း ရေးလုပ်ငန်းများ   ဆောင်ရွက်ပေးခဲ့သည်။   ထိုသို့   မိုင်းရှင်းလင်းရေး လုပ်ငန်းများ   လုပ်ဆောင်စဉ်    လက်လုပ်မိုင်းနှစ်လုံး   ထပ်မံပေါက်ကွဲ ခဲ့မှုကြောင့်   လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း   သတင်းရရှိသည်။    


 သတင်းစဉ်