ပုလော၊ မူဆယ်၊ တာချီလိတ်နှင့် မြဝတီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ    ၁၄ 


ပုလောမြို့မရဲစခန်းမှ    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ  ၁၂ ရက် မွန်းလွဲ ၄ နာရီခွဲက ပုလော မြို့နယ် ကြဲကျေးရွာအုပ်စု မီးလောင် ချောင်းကျေးရွာအနီးတွင် ဌေးဌေးနိုင်  (ခ) ယုဟို (ခ) သားကြီး မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ    စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

 


ထို့အတူ နိုဝင်ဘာ ၁၃ ရက် နံနက်  ၁၁    နာရီခွဲတွင်       မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ် မြို့နယ် မိုင်းယုကျေးရွာအနီး မူဆယ်-ကွတ်ခိုင်သွားကားလမ်းတွင်    အိုက် ပေါင်း  မောင်းနှင်လာသည့် မော်တော် ယာဉ်ကို      ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ    ၀  ဒသမ   ၂၇   ကီလိုကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  တာချီ လိတ်မြို့       ဝိန်းကျောက်ရပ်ကွက် ရွှေလသာလမ်းတွင်    ကိုကိုမောင်   (ခ)ကိုမောင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၂၀၀၀    ကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီ မြို့နယ်      ကော့ကရိတ်-မြဝတီသွား ကားလမ်း သင်္ဃန်းညီနောင်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စောခင် သန်းကျော်ကျော်          မောင်းနှင်ပြီး မြိုင်ထွန်း လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား   ၉၇၅၀  ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ      အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား